ကမ္ဘောဇဘဏ်လီမိတက်

မြန်မာပုဂ္ဂလိက စီးပွားရေးဘဏ် From Wikipedia, the free encyclopedia

ကမ္ဘောဇဘဏ်လီမိတက်

ကမ္ဘောဇဘဏ်လီမိတက် (အတိုကောက်: KBZ) သည် မြန်မာနိုင်ငံ၏ အဓိကဘဏ်လုပ်ငန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ အခြားဘဏ်များမှာ ရိုးမဘဏ်၊ မေဖလားဝါးဘဏ်၊ အာရှဓနဘဏ်တို့ ဖြစ်ကြသည်။ ကမ္ဘောဇဘဏ်အား ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့၌စတင်ဖွင့်လှစ်ခဲ့သည်။ KBZ အား ဦးအောင်ကိုဝင်းမှ ပိုင်ဆိုင်ပြီး[] ခရစ်ဒစ်ကဒ်များအသုံးပြုနိုင်သည့် ဘဏ်လုပ်ငန်းအချို့မှ တစ်ခုအပါအဝင်ဖြစ်သည်။[] ၂၀၀၅ ခုနှစ်တွင် ငွေကြေးခဝါချမှုဖြင့် မေဖလားဝါးဘဏ် နှင့် အာရှဓနဘဏ်တို့ ဘဏ်လုပ်ငန်းလိုင်စင် ပြန်လည်သိမ်းခံရပြီးနောက်ပိုင်း ကမ္ဘောဇဘဏ် သည် မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံးဘဏ် တစ်ခု ဖြစ်လာခဲ့သည်။ ကမ္ဘောဇကုမ္ပဏီများအုပ်စု ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည်။


အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
Kanbawza Bank Limited (KBZ)
အမျိုးအစားပုဂ္ဂလိက
လုပ်ငန်းဘဏ်လုပ်ငန်း
တည်ထောင်သည့်နှစ်၁၉၉၄
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များအောင်ကိုဝင်း
ထုတ်ကုန်ပစ္စည်းငွေကြေးဝန်ဆောင်မှု
အခွန်မဆောင်မီ ဝင်ငွေ ကျပ် ၁၂၉ ဘီလီယံ (၂ဝဝ၄)
အလုပ်သမားဦးရေ14000ကျော်
ဝက်ဘ်ဆိုက်kbzbank.com
ဆောင်ပုဒ်သဒ္ဒါထက်သန် မြန်မာအားမာန် ကမ္ဘောဇဘဏ်
ပိတ်ရန်

၂၀၁၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကိုယ်စားလှယ်ရုံးခန်း စတင်ဖွင့်လှစ်ခဲ့သည်။[] ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ကာ Union Pay International နှင့် ပူးပေါင်းကာ အကြွေးဝယ်ကဒ် (Credit Card) ကို စတင်မိတ်ဆက်ခဲ့သည်။ ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် စင်ကာပူနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခန်းကို ဖွင့်လှစ်ခဲ့သည်။ ၂၀၁၆ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ခဲ့သည်။

ယခု ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံတဝှမ်း မြို့ပေါင်း ၁၀၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၅၀၀ ခု ဖွင့်လှစ်ထားရှိပြီး အလိုအလျောက်ငွေထုတ်ယူစက် (ATM) ၁၀၀၀ လုံးကျော် တပ်ဆင်ထားရှိသည်။ []

မိတ်ဖက် လုပ်ငန်းများ

ကိုးကား

ပြင်ပလင့်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.