ရန်ကုန်မြို့တော်ဘဏ်လီမိတက်
From Wikipedia, the free encyclopedia
Remove ads
ရန်ကုန်မြို့တော်ဘဏ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရာခိုင်နှုန်းပြည့် မတည်ရင်းနှီးငွေ ထည့်ဝင်ထားသော ဘဏ်ဖြစ်ကာ ရန်ကုန်မြို့တော်ဘဏ်ရုံးချုပ်အား ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ မြို့တော် ခန်းမအနီးတွင် ဖွင့်လှစ်ထားသည်။[၁] စတင်တည်ထောင်စဉ်က စည်ပင်သာယာရေး ကော်မတီမှ မတည်ရင်းနှီးငွေ ကျပ် ၃၂ သန်းဖြင့် ဆောင်ရွက်ခဲ့သည်။ [၂]
Remove ads
ဘဏ်သမိုင်းကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းများအား ငွေရေးကြေးရေးဆိုင်ရာ အကူအညီအထောက်အပံ့ရနိုင်ရန်၊ မြို့တော်နေပြည်သူများ၏ စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ပြုနိုင်ရန် နှင့် ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အတွက် ရန်ကုန်မြို့တော်ဘဏ်အား ရန်ကုန်မြို့တွင် ၂ ဧပြီ ၁၉၉၃ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။ စာရင်းများအရ ဘဏ်ရုံးချုပ် အပါအဝင် ဗိုလ်တထောင်ဘဏ်ခွဲ၊ဘုရင့်နောင်ဘဏ်ခွဲ၊မင်္ဂလာဈေးဘဏ်ခွဲ၊အောင်မင်္ဂလာဘဏ်ခွဲငယ် တို့ဖွင့်လှစ်ထားသည်။[၃]
Remove ads
ဘဏ်ဖွဲ့စည်းပုံ
ရန်ကုန်မြို့တော်ဘဏ်လီမိတက်ကို (က) စီမံရေးရာဌာန
(ခ) စာရင်းဌာန
(ဂ) ငွေစုဘဏ်ဌာန
(ဃ) သတင်းနှင့် နည်းပညာဌာန
(င) ငွေကြေးဌာန
(စ) ချေးငွေဌာန
(ဆ) အတွင်းစာရင်းစစ်ဌာန
(ဇ) နိုင်ငံခြားငွေ ဝယ်ယူ/ ရောင်းချ/ လဲလှယ်ရေးဌာန
(ဈ ) လေ့ကျင့်ရေးနှင့် သုတေသနဌာန စသည်ဖြင့် ဌာန (၉) ခုနှင့် ဖွဲ့စည်းထားသည်။
ဘဏ်၏ဝန်ဆောင်မှုလုပ်ငန်းများ
ငွေစုဘဏ်အပ်ငွေလက်ခံခြင်း၊[၄] စာရင်းရှင်အပ်ငွေလက်ခံခြင်း၊စာရင်းသေအပ်ငွေလက်ခံခြင်း၊ငွေပေးအမိန့်လွှာနှင့် အာမခံလက်မှတ်ဆောင်ရွက်ပေးခြင်း၊ချေးငွေထုတ်ချေးပေးခြင်း၊ငွေလွှဲလုပ်ငန်းများဆောင်ရွက်ခြင်း၊ATM ကတ်စာရင်းဖွင့်လှစ်ပေးခြင်း၊[၅] Bank Guarantee ဆောင်ရွက်ခြင်း၊Electronic ချလံ ဖြင့် ဝင်ငွေပေးသွင်းခြင်း၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အခွန်အခ ပေးသွင်းငွေများအား e-ချလံ ဖြင့်လက်ခံခြင်း / Online မှတဆင့် My City application ဖြင့် လက်ခံဆောင်ရွက်ပေးခြင်း၊စာရင်းဌာန လုပ်ငန်းတာဝန်များ ဖြစ်သည်။[၆]
အခြားဘဏ်များနှင့်ပူးပေါင်းခြင်း
ရန်ကုန်မြို့တော်ဘဏ်နှင့် အကျိုးတူ ငွေလွှဲလုပ်ငန်းဆောင်ရွက်သော ဘဏ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(က) ဧရာဝတီဘဏ်
(ခ) ကမ္ဘာ့ရတနာဘဏ်
(ဂ) မြဝတီဘဏ်
(ဃ) ရိုးမဘဏ်
(င) ကျေးလက်ဖွံ့ဖြိုးရေးဘဏ်
(စ) ရတနာပုံဘဏ်
ငွေလွှဲလုပ်ငန်းများကို CBM Net မှတဆင့် အခြားဘဏ်များအားလုံးသို့ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads