ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
သမိုင်းကြောင်း From Wikipedia, the free encyclopedia
Remove ads
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (အင်္ဂလိပ်: West Yangon Technological University; အတိုကောက် WYTU) သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် တွင် တည်ရှိသည်။ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ (၂၂၀.၃၂) ဧကရှိသည်။ ဤတက္ကသိုလ်အား ရန်ကုန်နည်းပညာတက္ကသိုလ်၏ ဒုတိယ နယ်မြေတစ်ခုအဖြစ် ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
၁၉၉၈ နောက်ပိုင်း ၂၀ဝ၅ ခုနှစ် ဒီဇင်ဘာလ တွင် YTU Campus အဖြစ်မှ လက်ရှိခေါ်တွင်သော ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (West Yangon Technological University; WYTU) အဖြစ်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၎င်းတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာ ဘွဲ့လွန် များအား အင်ဂျင်နီယာ နည်းပညာနယ်ပယ် အသီးသီးအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး ယခုအခါတွင် နယ်ပယ်အသီးသီး၌ ပျမ်းမျှခန့်မှန်း ကျောင်းသား/ကျောင်းသူ အရေအတွက် အယောက် ၁၀၀၀ ခန့်တက်ရောက် ပညာသင်ကြားလျက်ရှိသည်။[၁]
Remove ads
သင်ကြားပို့ချပေးလျက်ရှိသောသင်တန်းများ
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တွင် အောက်ပါသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။[၁]
- မြို့ပြအင်ဂျင်နီယာသင်တန်း (Civil Engineering) CE
- စက်မှုအင်ဂျင်နီယာသင်တန်း (Mechanical Engineering) ME
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း (Electrical Power Engineering) EP
- အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း (Electronics Engineering) EC
- မက္ကာထရောနစ်အင်ဂျင်နီယာသင်တန်း (Mechatronics Engineering) McE
- သုတနည်းပညာအင်ဂျင်နီယာသင်တန်း (Information Technology Enginering) IT
- ဓာတုအင်ဂျင်နီယာသင်တန်း (Chemical Engineering) ChE
- ချည်မျှင်နှင့်အထည်အင်ဂျင်နီယာသင်တန်း (Textile Engineering) Tex
- သတ္တုဗေဒနှင့်ဒြပ်ပစ္စည်းသိပ္ပံအင်ဂျင်နီယာသင်တန်း (Metallurgy and Mining Engineering) Metal
- ဗိသုကာပညာသင်တန်း (Architecture) Arch
- စိုက်ပျိုးသိပ္ပံအင်ဂျင်နီယာသင်တန်း (Agricultural) Agri
Remove ads
ပေးအပ်ချီးမြှင့်သော ဘွဲ့အမျိုးအစားများ
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ပေးအပ်သောဘွဲ့မှာ
- မဟာအင်ဂျင်နီယာဘွဲ့ (Master of Engineering)
- အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering) [၁]
- ဗိသုကာဘွဲ့ (Bachelor of Architecture) ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads