ရသေ့ပျံဂူ
From Wikipedia, the free encyclopedia
Remove ads
ရသေ့ပျံဂူ သည် ကရင်ပြည်နယ်ရှိ သဘာဝထုံးကျောက်ဂူဖြစ်သည်။[၁][၂]

တည်နေရာ
ရသေ့ပျံဂူသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာအနီး သံလွင်မြစ်၏ အနောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်ထက် (၁၁၆) ပေခန့်အမြင့်တွင် တည်ရှိသည်။[၁]
ဂူအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ
ရသေ့ပျံဂူ၏ အရှေ့ဘက်နံရံနှင့် အတွင်းပိုင်းရှိ နံရံတို့တွင် အုတ်ခွက်ဗုဒ္ဓဆင်းတုများကို အမြင့် (၃) လက်မခန့်မှစ၍ (၅) ပေခန့်အထိ အရွယ်အစားမျိုးစုံ တွေ့မြင်ရသည်။ ရံသေ့ပျံဂူအတွင်းတွင် ကပ်လှူပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များသည် နေရောင်ဒဏ်ကို တိုက်ရိုက်မထိတွေ့ရသဖြင့် မူလလက်ရာအတိုင်း ဖူးမြော်နိုင်သည်။ ရုပ်တု၊ ဆင်းတု၊ အုတ်ခွက်ဘုရားများကို လေ့လာကြည့်ပါက အေဒီ (၁၇) ရာစုအတွင်း အနီးအနားရှိ ကုသိုလ်ရှင်များ၊ ဘုရားဖူးများ၏ ကုသိုလ်ပြုလှုဒါန်းခဲ့မှုများ အလွန်များပြားခဲ့သည်ကို လေ့လာသိရှိနိုင်သည်။ အမြင့် (၅) ပေခန့်ရှိ မတ်တပ်ရပ်နှင့် ထိုင်တော်မူ နံရံကပ် ဗုဒ္ဓရုပ်ပွားတော်ကြီး (၃) ဆူရှိပြီး ထင်ရှားသော အချက်တစ်ချက်မှာ ဗုဒ္ဓဆင်းတုတော်များတွင် မဏိတော် အထက် ဥဏှိဿမှ ထွက်ပေါ်၍ မီးလျှံသဖွယ် တက်သွားသော အမှတ်လက္ခဏာ ဖြစ်သည်။ ဂူအတွင်းတွင် တွေ့ရှိရသော ဗုဒ္ဓဆင်းတုတော်အချို့မှာ အေဒီ (၁၃) ရာစုနှစ်ခန့်က လက်ရာဖြစ်သည်။ အချို့သော နေရများရှိ အုတ်ခွက်ဆင်းတုများမှာ သဘာဝဘေးဒဏ်နှင့် နှစ်ကာလကြာမြင့်လာသည့်အတွက် ပျောက်ဆုံးလစ်ဟာနေသည်ကို တွေ့ရသည်။[၁]
Remove ads
ထိန်းသိမ်းစောင့်ရှောက်မှု
ရသေ့ပျံဂူကို ၁၉၇၅ ခုနှစ်မှ စတင်၍ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။[၁][၂]
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads