ရာဇသူ

ပုဂံပြည်၏ မင်းသား From Wikipedia, the free encyclopedia

Remove ads

ရာဇသူ (c. ၁၂၆၀ – ၁၀ မေ ၁၂၉၁) သည် နရသီဟပတေ့မင်းနှင့် မိဖုရားခေါင် စောလှဝန်းတို့၏ တစ်ဦးတည်းသော သားတော် ဖြစ်သည်။ ရာဇသူသည် အိမ်ရှေ့မင်းသားအဖြစ် ထီးနန်းဆက်ခံရမည့်သူ ဖြစ်သော်လည်း ရာဇဝင်ကျမ်းများတွင် နရသီပဟတေ့မင်းလက်ထက် အိမ်ရှေ့မင်းသားကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။ အေဒီ ၁၂၈၇ တွင် နရသီဟပတေ့မင်း ကွယ်လွန်သောအခါ ရာဇသူအနေဖြင့် ထီးနန်းဆက်ရခြင်း မရှိဘဲ နရသီဟပတေ့နှင့် အခြားမိဖုရားငယ်တစ်ပါးမှ မွေးဖွားသော ကျော်စွာကို မိဖုရားဖွားစောက အေဒီ ၁၂၈၉ တွင် နန်းတင်ခဲ့သည်။ ၁၂၉၀ တွင် ရေးထိုးခဲ့သော ကျောက်စာမှတ်တမ်းအရ ရာဇသူမင်းသားနှင့် မိခင် မိဖုရားစောတို့ ဘုန်းကြီးကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း တွေ့ရှိရသည်။ ရာဇသူမင်းသားသည် အေဒီ ၁၂၉၁ တွင် ကွယ်လွန်ခဲ့သည်။[]

အချက်တိုများ ရာဇသူ, မင်းသား ...
Remove ads

ကိုးကား

ကျမ်းပြုစာရင်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads