ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

From Wikipedia, the free encyclopedia

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
Remove ads

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (အင်္ဂလိပ်: Department of Marine Administration) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်း​ကြောင်း

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနသည် ၁၈၆၅ ခုနှစ်မှစ၍ သန္ဓေတည် အစပြုတည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၁၄၀ ကျော် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ခရီးသည် နှင့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေသော ဌာနကြီးတစ်ခုဖြစ်သည်။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီ ၁၉၃၀ ခုနှစ်တွင် “ဆိပ်ကမ်းအရာရှိချုပ်ရုံး” (Principal Port Officer ) ဟုဖွဲ့စည်းခဲ့သည်။ စစ်ကြိုခေတ်တွင် “ရေကြောင်းအတိုင်ပင်ခံဝန်နှင့် အရာရှိချုပ်၊ ရေကြောင်းဌာနခွဲ” (Nautical Adviser And Principal Officer, Mercantile Marine Department) ဟူ၍ လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် “ရေကြောင်းဌာနခွဲ” (Mercantile Marine Department) ဟူ၍ လည်းကောင်းခေါ်တွင်ခဲ့သည်။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (Department of Marine Administration) အဖြစ် ၁၉၇၂ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[]

ရန်ကုန်မှ ဗန်းမော်အထိ ဧရာ၀တီမြစ်ကြောင်း၌ ခရီးလမ်းမိုင် ၁၇၄၉ မိုင်၊ ချင်းတွင်း မြစ်ကြောင်းတွင် မုံရွာမှ ခန္တီးအထိ ခရီးလမ်းမိုင် ၁၀၅၅ မိုင်၊ ဧရာ၀တီမြစ်၀ကျွန်းပေါ် ဒေသတွင် ရန်ကုန်အခြေပြုမှ ပြည်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ပုသိမ်၊ ကျုံမငေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံစသည့်မြို့များသို့ ခရီးလမ်းပေါင်း ၂၈ လမ်း၊ ကူးတို့လမ်း ခုနစ်လမ်းဖြင့် ပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် တစ်နှစ်လျှင် ခရီးသည် ၂၇ ဒသမ ၅၆ သန်းကျော်၊ တစ်လလျှင် ၂ ဒသမ ၃ သန်းခန့်နှင့် တစ်ရက်လျှင် ခရီးသည် ခုနစ်သောင်းကျော်ခန့် သယ်ဆောင်ပေးနေပြီး ကုန်တန်အနေဖြင့် တစ်နှစ်လျှင် ၄ ဒသမ ၇၉ သန်း၊ တစ်လလျှင် ၀ ဒသမ ၄၀သန်းနှင့် တစ်ရက်လျှင် တစ်သောင်း ကျော်ခန့် သယ်ဆောင်ပေးလျက်ရှိသည်။ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော ဌာနကြီးတစ်ခုဖြစ်ကြောင်းဖြစ်သည်။ []

သမိုင်းဖြစ်စဉ်

  • ၁၉၃၀ ခုနှစ်
ဆိပ်ကမ်းအရာရှိချုပ်ရုံး (PRINCIPAL PORT OFFICER)
  • စစ်ကြိုခေတ်
ရေကြောင်းအတိုင်ပင်ခံဝန်နှင့်အရာရှိချုပ် ရေကြောင်းဌာနခွဲ

(NAUTICAL ADVISER AND PRINCIPAL OFFICER, MERCHANT DEPARTMENT)

  • ၁၉၅၆ ခုနှစ်
ရေကြောင်းဌာနခွဲ

(MERCANTILE MARINE DEPARTMENT)

  • ၁၉၇၂ ခုနှစ်
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန
Remove ads

ဖွဲ့စည်းပုံ

  • ဥပ​ဒေနှင့် နည်းပညာစံများဌာနခွဲ
    • ရေ​ကြောင်းအန္တရာယ် ကင်းရှင်း​ရေး၊လုံခြုံ​ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဌာနခွဲ
  • ​ရေ​ကြောင်းဌာနခွဲ
  • ​ရေ​ကြောင်းအင်ဂျင်နီယာဌာနခွဲ
  • ပြည်နယ်နှင့်တိုင်း​ဒေသကြီးရုံးများဌာနခွဲ (အထက်မြန်မာပြည်)
    • မန္တ​လေး၊ရခိုင်၊ရှမ်း၊ကချင်၊စစ်ကိုင်း၊မ​ကွေး
  • ပြည်နယ်နှင့်တိုင်း​ဒေသကြီးရုံးများဌာနခွဲ (​အောက်မြန်မာပြည်)
    • ရန်ကုန်၊တနင်္သာရီ၊၊ဧရာဝတီ၊မွန်၊ပဲခူး
  • စီမံ​ရေးဌာနခွဲ
  • ​ရေ​ကြောင်းလုပ်ငန်းဌာနခွဲ
  • သင်္ဘောသားဌာနခွဲ


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads