ရော်တာဒမ်မြို့

From Wikipedia, the free encyclopedia

ရော်တာဒမ်မြို့map
Remove ads

ရော်တာဒမ်မြို့(အင်္ဂလိပ်: Rotterdam, /ˈrɒtərdæm/ rot-ƏR-dam,[][] ဒက်ချ်: [ˌrɔtərˈdɑm] ( ); အနက်. "ရော့မြစ်ထက်မှ ဆည်")သည် နယ်သာလန်နိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဥရောပတွင် အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သည်။ ရော်တီ မြစ်ထက်မှ ဆည်တစ်ခုအဖြစ် စတင်ခဲ့သော ရော်တာဒမ်မြို့သည် ယခုအခါတွင် ဥရောပ၏ စီးပွားရေး အချက်အချာ ဌာန တစ်ခုအဖြစ် တည်ရှိသည်။ မြောက်ပင်လယ် မြစ်ဝကျွန်းပေါ်ဒေသ မဟာဗျူဟာ ကျသော ဒေသတွင် တည်ရှိသည့်အပြင် ကားလမ်း၊ ရထားလမ်း၊ လေကြောင်းလမ်း၊ ကုန်တွင်းရေကြောင်းလမ်းများ အများအပြား ဆုံရာ ဒေသတွင် ရှိသဖြင့် ရော်တာဒမ်မြို့ကို ဥရောပ၏ တံခါးပေါက်ဟုပင် တင်စားခေါ်ဝေါ်ကြသည်။

အချက်တိုများ ရော်တာဒမ် Rotterdam (ဒတ်ချ်), နိုင်ငံ ...
Thumb

ရော်တာဒမ်ဟူသော အမည်မှာ ရော့မြစ်၏ ရေကာတာဟု အဓိပ္ပာယ်ရသည်။ ရော်တာဒမ်မြို့သည် မားစမြစ်ကမ်းနှစ်ဘက်ပေါ်တွင် တည်ရှိ၍ အမ်စတာဒမ်မြို့မှ အနောက်တောင်ဘက် ၄၄ မိုင်ခန့် ကွာဝေး သည်။ နယ်သာလန်နိုင်ငံတွင် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်၏။ ပင်လယ်မှ ၁၅ မိုင်ခန့် ကွာဝေးသော်လည်း မြစ်ရေ နက်၍ ဒီရေမြင့်သဖြင့် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်သည်။ ရော်တာဒမ်မြို့သည် မြောက်ပင်လယ်နှင့် ၁၇ မိုင်ခန့် ရှည်သော တူးမြောင်းဖြင့် ဆက်လျက်ရှိသည်။ ရော်တာဒမ်မြို့တွင် သင်္ဘောတည်ဆောက်သည့်လုပ်ငန်းမှာ အရေးအကြီးဆုံး စက်မှုလုပ်ငန်းဖြစ်သည်။ ဆေးလိပ်၊ သုတ်ဆေး၊ အရက်၊ သကြားနှင့် ဓာတုဗေဒပစ္စည်း ထုတ်လုပ်သော စက်ရုံ များလည်း ရှိသည်။

မြို့တွင်း၌ ဒပ်ချ်အမျိုးသားပန်းချီကျော်တို့၏ လက်ရာ များကို ပြသထားသည့် ပြတိုက်မှာ ထင်ရှားသည်။ တိရစ္ဆာန် ဥယျာဉ်နှင့် ရုက္ခဗေဒဥယာဉ်များလည်း ရှိသည်။ ၁၄ ရာစုနှစ် အတွင်းက ဆောက်လုပ်ပြီးစီးခဲ့သော ဂေါ့သပုံစံ စိန်လောရင့် ဘုရားရှိခိုးကျောင်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့ ဗုံးကြဲတိုက်ခိုက်သည့် ဒဏ်ကို ခံခဲ့ရသည်။

၁၉၄ဝ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ဂျာမန်လေတပ် သည် ရော်တာဒမ်မြို့လယ်ကို ပြင်းပြင်းထန်ထန် ဗုံးကြဲဖျက်ဆီးခဲ့ကြ၏။ ထိုနေ့ညနေတွင် နယ်သာလန်တပ်များသည် ဂျာမန်တို့ ထံ လက်နက်ချ အညံ့ခံကြသည်။ ၁၉၄၅ ခုနှစ်တွင် ရော်တာဒမ် မြို့သည် ဂျာမန်တို့လက်အောက်မှ လွတ်မြောက်ခဲ့လေသည်။ လူဦးရေ ၇၃၁၅၆၄ ယောက်(၁၉၆၅)ရှိသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads