ရွှေကိုင်းသား

From Wikipedia, the free encyclopedia

ရွှေကိုင်းသား
Remove ads

ရွှေကိုင်းသား(ဆရာတော် ရွှေကိုင်းသား)ကို ၁၉၁၂ - ခုနှစ်၊ ဇန်နဝါရီလ(၅)၊ သောကြာနေ့တွင်-စစ်ကိုင်းမြို့ တကောင်းရပ်၌ ခမည်းတော် မြန်မာဆေးဆရာကြီး ဦးအုံ၊ မယ်တော်ဒေါ်မြတို့က ဖွားသန့်စင်သည်။ မွေးချင်း(၆)ယောက်တွင်၊ စတုတ္ထမြောက်သားဖြစ်၍ လူအမည် မောင်ထွန်းလှိုင်၊ ရဟန်းဘွဲ့-ဦးသောဘိတဖြစ်သည်။ စစ်ကိုင်းရပ် ဆရာကြီး ဦးဘိုးလူ အလယ်တန်းကျောင်းတွင်(၃)တန်းအထိ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းတွင် ရွှေတောဦးမော် အထက်တန်းကျောင်းသို့ ပြောင်းခဲ့သည်။ ထို့နောက် ရန်နိုင်ရပ် ဦးတိုးကျောင်းသို့ပြောင်းသည်။

အချက်တိုများ ရွှေကိုင်းသား, အမည်ရင်း ...

၁၉၂၈ - အသက်(၁၆)နှစ်အရွယ်တွင် ဦးတိုးကျောင်းမှ တိုင်းရင်းမြန်မာဘာသာ သတ္တမတန်းအောင်မြင်ခဲ့။ ထို့နောက် စစ်ကိုင်းမြို့၊ ချင်းစုရပ်ဆရာကြီးဦးဘသန်းထံတွင် ပန်းချီနှင့်ဓာတ်ပုံပညာကိုသင်ယူသည်။ ပန်းချီ၊ ကာတွန်းများ ရေးဆွဲသော ကလောင်အမည် “ထွန်းလှနိုင်” ဖြစ်သည်။ မောင်ထွန်းလှိုင်၏ အဘိုးမှာ မြန်မာပန်းချီဆရာ၊ ပန်းပုဆရာ တစ်ယောက်ဖြစ်၍ ဖခင်မှာလည်း ပန်းပု ဝါသနာပါခဲ့သည်။ ငယ်စဉ်ကပင် ပန်းချီဝါသနာပါသဖြင့် အားလပ်ရက်များ၌ ကလေးသူငယ်ချင်းများနှင့် စစ်ကိုင်းတောင်ရိုးရှိ ရှေးဟောင်းဘုရားများ ပေါများရာ သစ္စာစေတီတောင်ကုန်းသို့ သွားရောက်ကာ ခြင်္သေ့ရုပ်များကို ကြည့်၍ ပုံတူဆွဲခြင်း၊ ဘုရားတွင်း ဂူလိုဏ်အတွင်းရှိ ပန်းချီကားများကို ကူး၍ ဆွဲခြင်းများဖြင့် အချိန်ကုန်လွန်ခဲ့သည်။ ဆေးအတတ်၊ ဗေဒင်နှင့် နက္ခတ်ကြည့်နည်းကိုလည်း ဆရာကြီး ဦးဘသန်းထံမှ သင်ယူခဲ့သေးသည်။[]

၁၉၃၀ - ပျဉ်းမနားမြို့၊ နော်မန်ကျောင်းမှ မူလတန်းဆရာအဖြစ်သင်တန်းကို အေအဆင့်ဖြင့် အောင်မြင်ခဲ့သည်။

၁၉၃၁ - ကျောင်းဆရာမလုပ်ဘဲ ဧပြီလမှစ၍ မန္တလေးမြို့ကမ္ဗည်းကျောက်စာရုံး(ယခုရှေးဟောင်းသုတေသန ဌာန)တွင် ပုံဆွဲစာရေးအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။ ကျောက်စာဝန်အဖြစ် ပြင်သစ်လူမျိုးချားလ်ဒူရွိုင်းဇယ် လက်ထက်မှသည် ကျောက်စာဝန်ဦးမြ၊ ဦးလူဖေဝင်းတို့လက်ထက်အထိ(၁၁)နှစ်ကြာလုပ်ကိုင်ခဲ့သည်။ ဆရာကြီးများ၏နည်းပေးလမ်းညွှန်မှုဖြင့် စာပေရေးသားမှုစတင်ခဲ့သည်။

၁၉၃၂ - စက်တင်ဘာ(၁၈)ရက်နေ့ထုတ် သူရိယရုပ်စုံသတင်းစာတွင်ပါသည့် မင်းရှင်စောဆောင်းပါးသည် ပထမဆုံးစာမူဖြစ်သည်။ ထိုစဉ်က-ကလောင်အမည်မှာရတနာပုံလှိုင်ခင်အေးဟူ၏။ ရတနာပုံဖိုးမှတ်စု၊ မှတ်စု မောင်၊ မန္တလေးလှိုင်၊ စစ်ကိုင်းဘိုးရာဇာ၊ မန္တလေးသား၊ ရွှေကိုင်းသား၊ ဦးသောဘိတ စသောကလောင်အမည် များကိုလည်း အသုံးပြုခဲ့သည်။ ပန်းချီ၊ ကာတွန်းနှင့်ဓာတ်ပုံပညာတွင်လည်းထူးချွန်သည်။

၁၉၄၄ - ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင်ရဟန်းဘောင်သို့ဝင်သည်။ ဦးလေးတော်သူ အနုရုဒ္ဓါဆရာတော်၏ အရိုက်အရာကိုဆက်ခံသည့်အနေဖြင့် စစ်ကိုင်းတောင်ရိုးအနုရုဒ္ဓါချောင်တွင် သီတင်းသုံးခဲ့သည်။ စာပေ၊ ယဉ်ကျေး မှုအနုပညာနှင့် သမိုင်းကြောင်းဆိုင်ရာများတွင် ထဲထဲဝင်ဝင်လေ့လာခဲ့၊ သုတေသနပြုခဲ့ ရေးသားခဲ့သည်။

၁၉၄၆ - 'ရတနာပုံဖိုးမှတ်စု'အမည်ဖြင့် မန္တလေးစာအုပ်ထွက်။

၁၉၅၁ - ရွှေကိုင်းသားအမည်ဖြင့် ဆင်ယင်ထုံးဖွဲ့မှုကျမ်းထွက်ခဲ့ (ယင်းနှစ်တွင် စာပေဗိမာန်စာပဒေသာဆု ဆွတ်ခူးရရှိခဲ့)။

၁၉၅၇ - ရတနာစေတီ ဆင်များရှင် ဘုရားသမိုင်းစာအုပ်ထွက်။

၁၉၅၈ - လောကမကိုဋ်ဘုရားသမိုင်းစာအုပ်ထွက်။

၁၉၅၉ - အနှစ်(၁၀ဝ)ပြည့် မန္တလေးစာအုပ်ထွက်။

၁၉၆၀ - ပတ္တမြားစေတီ ဘုရားသမိုင်း၊ ပုညရှင်ဘုရားသမိုင်း စာအုပ်များထွက်။

၁၉၆၂ - အင်ကြင်းတော ဘုရားသမိုင်းရွှေကြက်ယက်ဘုရားသမိုင်းစာအုပ်များထွက်။

၁၉၆၃ - ပိတောက်ချောင်နှစ်(၂၀ဝ)ပြည့်သမိုင်း စာအုပ်ထွက်။

၁၉၆၆ - ဝက်မစွပ်မြို့စား ဒုတိယနဝဒေး စာအုပ်ထွက်။

၁၉၆၈ - ရွှေဂူမြို့ ရွှေအံတော်ဘုရားသမိုင်းစစ်ကိုင်းမြို့ထူပါရုံဘုရားသမိုင်း စာအုပ်များထွက်။

၁၉၈၇ - ဇွန်လ(၂၉)ရက်နေ့တွင် စစ်ကိုင်းတောင်၊ အနိရိုဒ္ဓချောင်တွင် ပျံလွန်တော်မူသည်။

Remove ads

ထင်ရှားသည့် စာအုပ်အချို့

  1. မန္တလေး
  2. အနှစ်(၁၀ဝ)ပြည့်မန္တလေး
  3. ဆင်ယင်ထုံးဖွဲ့မှု (စာပေဗိမာန် စာပဒေသာဆု)
  4. ဝက်မစွပ်မြို့စား ဒုတိယနဝဒေး
  5. ပုညရှင်ဘုရားသမိုင်း
  6. ပတ္တမြားစေတီဘုရားသမိုင်း
  7. ရတနာစေတီဆင်များရှင်ဘုရားသမိုင်း
  8. ဓမ္မဗိမာန်စာတန်းဖတ်ပွဲ-စာတမ်းများ(စာအုပ်မထွက်)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads