ရွှေကို (ဘောလုံးသမား)
မြန်မာဘောလုံးသမား From Wikipedia, the free encyclopedia
Remove ads
ရွှေကို(၁၃ ဖေဖော်ဝါရီ ၁၉၉၈ ခုနှစ်ဖွား)သည် မြန်မာနိုင်ငံသား ဘောလုံးသမားတစ်ဦးဖြစ်ပြီး ရှမ်းယူနိုက်တက် ဘောလုံးအသင်းမှ ဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစ၍ ရွှေကိုသည် လူငယ်တန်းကလပ်မှ အကြီးတန်းကလပ်သို့ ကစားခွင့်ရရှိခဲ့သည်။
Remove ads
နိုင်ငံတကာ ကစားသမားဘဝ
ရွှေကိုအား မြန်မာ ယူ-၁၆ အသင်းမှ ခေါ်ယူပြီး ၂၀၁၄ ခုနှစ် အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲတွင် ဝင်ရောက်ကစားစေခဲ့သည်။ သူအား ၂ ပွဲဝင်ရောက်ကစားစေခဲ့ကာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကစားသော တရုတ် ယူ-၁၆ အသင်းနှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည်။[၁]
၂၀၁၆ ခုနှစ်တွင် မြန်မာ ယူ-၁၉ အသင်းတွင် ပါဝင်ခဲ့ပြီး ဩဂုတ်လ၌ ကျင်းပခဲ့သော ကမ္ဘောဇဘဏ်ဖလားတွင် ဝင်ရောက်ကစားခဲ့သည်။ ၂၄ ဩဂုတ် ၂၀၁၆ ခုနှစ်၌ ကစားခဲ့သော ဗီယက်နမ် ယူ-၁၉ အသင်းနှင့် သရေကျသောပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။[၂] ထိုနှစ်နှောင်းပိုင်းတွင်လည်း ၂၀၁၆ ခုနှစ် အာဆီယံ ယူ-၁၉ လူငယ်ချန်ပီယံရှစ် အားကစားပြိုင်ပွဲတွင်ပါဝင်ခဲ့ပြီး ကစားပွဲ ၅ ပွဲတွင် ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့နောက် သူသည် ၂၀၁၆ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ရွေးချယ်ထားသော လူစာရင်းတွင် ပါဝင်ခဲ့သည်။ ထိုခြေစစ်ပွဲများ၌ ၄ ပွဲပါဝင်ကစားခွင့်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။
Remove ads
References
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads