ရှမ်းယူနိုက်တက် ဘောလုံးအသင်း
ရှမ်းပြည်နယ်ကိုယ်စားပြု မြန်မာဘောလုံးကလပ်အသင်း From Wikipedia, the free encyclopedia
Remove ads
ရှမ်းယူနိုက်တက် ဘောလုံးအသင်းသည် တောင်ကြီးမြို့တွင် တည်ရှိသော ဘောလုံးအသင်းတစ်သင်းဖြစ်သည်။ အဆိုပါဘောလုံးအသင်းသည် ၂၀၀၇ ခုနှစ် မြန်မာပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။ ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ်စတင် ကျင်းပစဉ်ကတည်းကပင် ပါဝင်ခဲ့သော အသင်းတစ်သင်းဖြစ်ပြီး ရှမ်းပြည်နယ်ကို ကိုယ်စားပြုသော အသင်းလည်းဖြစ်သည်။ ပထမဆုံးစတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ၂၀၀၉ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် စတုတ္ထနေရာ ရရှိခဲ့သည်။
Remove ads
သမိုင်း
ရှမ်းယူနိုက်တက် ဘောလုံးအသင်း၏ မူလနာမည်မှာ ကမ္ဘောဇဘောလုံးအသင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ကာ မြန်မာနိုင်ငံ၏ အမြင့်ဆုံးလိဂ်ဖြစ်သော မြန်မာလိဂ်ပြိုင်ပွဲတွင် အပျော်တမ်းဘောလုံးအသင်း တစ်သင်းအဖြစ်စတင်ဝင်ရောက်ကစားခဲ့သည်။ ပထမဆုံးအသင်း၏ မန်နေဂျာမှာ ဦးမျိုးဝင်းညွန့်ဖြစ်ပြီး နည်းပြမှာ ဦးရဲညွန့်ဖြစ်သည်။ ၂၀၀၉ ခုနှစ်မှစတင်ကာ ပရော်ဖက်ရှင်နယ်ဘောလုံးအသင်းတစ်သင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး မြန်မာလိဂ်ကို အဆင့်မြှင့်တင်ထားသော မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲသို့ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသင်း ၈ သင်းတွင် ကမ္ဘောဇဘောလုံးအသင်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားပြုပြီး ကျန်အသင်း ၇ သင်းသည်လည်း သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတို့ကို အသီးသီး ကိုယ်စားပြုနေသည်။
ပရော်ဖက်ရှင်နယ်ဘောလုံးအသင်း၏ ပထမဆုံးမန်နေဂျာမှာ ဦးအေးမောင်ကြီးဖြစ်ပြီး နည်းပြချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်း၏ အသင်းခေါင်းဆောင် စိုးမြတ်မင်းသည် ကမ္ဘောဇဘောလုံးအသင်း၏ ပထမဆုံးအသင်းခေါင်းဆောင်ဖြစ်ပြီး ထိုစဉ်က မြန်မာနေရှင်နယ်လိဂ်တွင် အမြင့်ဆုံးအားကစားကြေးကို ရရှိခဲ့သူလည်း ဖြစ်သည်။
ကမ္ဘောဇအသင်း၏ ပထမဆုံးပြိုင်ပွဲတွင် ဥဿာယူနိုက်တက် ဘောလုံးအသင်းအား ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အသင်း၏ ပထမဆုံးဂိုးကို စထက်နိုင်ဝင်းမှ သွင်းယူခဲ့ခြင်းဖြစ်သည်။ ခံစစ်မှကစားသူ ခင်မောင်လွင်သည်လည်း ကမ္ဘောဇအသင်းအတွက် ၂ ဂိုးသွင်းယူပြီး အဆိုပါပွဲစဉ်၏ အကောင်းဆုံးဘောလုံးသမားဆုအဖြစ် ရရှိခဲ့သည်။
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီတွင် ယခင်ဘဏ္ဍာနှင့် အခွန်အသင်းမှ အသင်းမန်နေဂျာဖြစ်သူ ဦးခင်မောင်ကြိုင်သည်လည်း အသင်း၏ စီမံခန့်ခွဲမှုမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ကမ္ဘောဇအသင်းသည် မြန်မာနေရှင်နယ်လိဂ်၏ ဒုတိယရရှိခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ကမ္ဘောဇဘောလုံးအသင်းသည် ၎င်း၏အမည်အား ရှမ်းယူနိုက်တက် ဘောလုံးအသင်းအဖြစ် ပြောင်းလဲခဲ့သည်။
Remove ads
အောင်မြင်မှုများ
- ၂၀၁၂: ဒုတိယ
- MFF Cup
- 2017 Myanmar National League Champion
- 2017 General Aungsan Sheild Champion
- 2018 MFF Charity Cup Champion
- 2019 Myanmar National League Champion
- 2020 MFF Charity Cup-Champion
အာရှဘောလုံးအဖွဲ့ချုပ်ဖလားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုများ
အသင်းအုပ်ချုပ်သူများ
- "President": ဦးမိုးဆန်းအောင်
- CEO: ဦးခွန်နောင်မြင့်ဝေ
- Head Coach:
ဦးစိုးမြတ်မင်း
- Coaches: ဦးသန်းထိုက်၊ ဦးအောင်ထွန်းထွန်း၊ ဦးဟန်ထွန်း
- "Technical Coaches":
- Media Officer: ဦးချမ်းမြေ့လှိုင်
Main Sponsor
၂၀၁၀ ဘောလုံးရာသီ ရလဒ်များ
- ကမ္ဘောဇ ၀-၀ ရန်ကုန်ယူနိုက်တက်
- ကမ္ဘောဇ ၁-၀ ဒယ်တာယူနိုက်တက်
- ကမ္ဘောဇ ၂-၀ နေပြည်တော်
- ကမ္ဘောဇ ၂-၀ မနောမြေ
- ကမ္ဘောဇ ၂-၀ ဥဿယူနိုက်တက်
- ကမ္ဘောဇ ၂-၃ ဆောက်သန်းမြန်မာယူနိုက်တက်
- ကမ္ဘောဇ ၀-၀ ရတနာပုံ
- ကမ္ဘောဇ ၃-၀ ဇွဲကပင်ယူနိုက်တက်
၂၀၁၁ ဘောလုံးရာသီ ရလဒ်များ
- မနောမြေ ၁-၁ ကမ္ဘောဇ
- ဇွဲကပင်ယူနိုက်တက် ၀-၄ ကမ္ဘောဇ
- ကမ္ဘောဇ ၁-၀ ရတနာပုံ
- ဇေယျာရွှေမြေ ၄-၁ ကမ္ဘောဇ
- ကမ္ဘောဇ ၃-၀ ရန်ကုန်ယူနိုက်တက်
- ရက္ခပူရယူနိုက်တက် ၀-၁ ကမ္ဘောဇ
- ကမ္ဘောဇ - မကွေး
၂၀၁၄ ဘောလုံးရာသီ ရလဒ်များ
(ပထမအကျော့)
- ကမ္ဘောဇ ၂-၁ နေပြည်တော်
- ကမ္ဘောဇ ၁-၁ ရန်ကုန်ယူနိုက်တက်
- ဧရာဝတီယူနိုက်တက် ၃-၁ ကမ္ဘောဇ
- ကမ္ဘောဇ ၁-၁ ရတနာပုံ
- မကွေး ၃-၁ ကမ္ဘောဇ
- မနောမြေ ၀-၁ ကမ္ဘောဇ
- ကမ္ဘောဇ ၁-၁ ဇွဲကပင်ယူနိုက်တက်
- ဇေယျာရွှေမြေ ၀-၁ ကမ္ဘောဇ
- ဂျီအက်ဖ်အေ ၁-၂ ကမ္ဘောဇ
- ဆောက်သန်းမြန်မာ ၁-၄ ကမ္ဘောဇ
- ချင်းယူနိုက်တက် ၁-၃ ကမ္ဘောဇ
(ဒုတိယအကျော့)
- ရတနာပုံ ၀-၁ ကမ္ဘောဇ
- နေပြည်တော် ၂-၁ ကမ္ဘောဇ
- ကမ္ဘောဇ ၁-၀ မနောမြေ
- ကမ္ဘောဇ ၁-၁ မကွေး
- ကမ္ဘောဇ ၂-၀ ဂျီအက်ဖ်အေ
- ကမ္ဘောဇ ၂-၃ ဧရာဝတီယူနိုက်တက်
- ကမ္ဘောဇ ၂-၀ ဆောက်သန်းမြန်မာ
- ကမ္ဘောဇ ၂-၃ ချင်းယူနိုက်တက်
Remove ads
ကစားသမားများ
၂၀၁၆ (မြန်မာနေရှင်နယ်လိဂ်)
Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.
ပြင်ပလင့်များ
- ကမ္ဘောဇဘောလုံးအသင်း 25 July 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- First Eleven Journal 16 November 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Soccer Myanmar 5 September 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads