ရွှေမန်းဆီသို့ (သီချင်း)
From Wikipedia, the free encyclopedia
Remove ads
ရွှေမန်းဆီသို့သီချင်းသည် ဦးဘသိန်းက ရေးစပ်ခဲ့သော မန္တလေးမြို့ဖွဲ့ သီချင်းတစ်ပုဒ်ဖြစ်သည်။ ရွှေမန်းဆီသို့ဟု အစချီသော ဤသီချင်းသည် မန္တလေးနန်းတော်၏ သာယာလှပပုံ၊ ရန်ကင်းတောင်၊ အောင်ပင်လယ်ကန်များအကြောင်း၊ ထိုမှတစ်ဆင့် မန္တလေးတောင်ပေါ်မှနေ၍ ပတ်ဝန်းကျင်ကို ရှုကြည့်ရာတွင် သခင်မတောင်တော်၊ မင်းကွန်းပုထိုးတော်ကြီး၊ ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် စစ်ကိုင်းတောင်၊မင်းဝံတောင်များနှင့် ဇေယျာရွှေမြေခေါ်စစ်ကိုင်း၊ ဤဘက်ကမ်းသို့ ပြန်ကြည့်လျှင် အမရပူရရှိ ရွှေကြက်ယက်၊ ရွှေကြက်ကျစေတီများ၊ တစ်ဖန်မြို့တွင်းမှ မဟာမုနိဘုရားတို့အကြောင်းကို ရေးဖွဲ့ထားသည်။
ဤသီချင်းကို သရုပ်ဆောင်မြင့်မြင့်ခင်က ဤလူ့ဘောင်ဇာတ်ကားတွင် နောက်ခံတေးအဖြစ် သီဆိုထားသည်။ ထို့နောက် တေးသံရှင် မစိမ်းစိမ်းမှ ပြန်လည်သီဆိုရာ အောင်မြင်ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ ပရိသတ်များအကြားပျံ့လွင့်နေခဲ့သည်။ဤသီချင်းသည် ရန်ကုန်-မန္တလေးရထားပေါ်တွင် ဖွင့်ရာသီချင်းတစ်ပုဒ်ဖြစ်ခဲ့သကဲ့သို့ မန္တလေးမြို့၏ ပုံရိပ်လည်းဖြစ်ခဲ့သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads