ရွှေလီမြို့

From Wikipedia, the free encyclopedia

ရွှေလီမြို့
Remove ads

ရွှေလီ ကို တရုတ်ဘာသာအားဖြင့် (simp.: 瑞丽市; trad.: 瑞麗市; Pinyin: Ruìlì Shì) ဟုခေါ်ဆိုပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တယ်ဟုန်ခရိုင်အတွင်းရှိ ကောင်တီအဆင့်ရှိ မြို့ တစ်မြို့ ဖြစ်သည်။ မြန်မာနိုင်ငံ၊ မူဆယ်မြို့နှင့် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်သော နယ်ခြားမြို့ ဖြစ်သည်။ ဧရိယာ စတုရန်းကီလိုမီတာ (၁၀၂၀) (၃၉၃,၈ စတုရန်းမိုင်) ကျယ်ဝန်းသည်။

အချက်တိုများ ရွှေလီမြို့ 瑞丽市, Ruili ...
Remove ads

ရွှေလီ(သို့မဟုတ်)မိုင်းမော

ရွှေလီမြို့ကို ရှေးယခင်က မိုင်းမောမြို့ ဟုခေါ်ဆိုသည်။ တရုတ်ဘာသာစကားအားဖြင့် မွင့်မောင်ဟု အသံထွက်ရသည်။ ယခုအမည်ဖြစ်သော ရွှေလီကို တရုတ်ဘာသာစကားအားဖြင့် ရွေ့လိ ဟုခေါ်ဆိုသည်။ ရွေ့မှာ ကံကောင်းခြင်း ဟု အဓိပ္ပာယ်ရပြီး၊ လိမှာ လှပခြင်း ဟု အဓိပ္ပာယ်ရသည်။

ပထဝီဝင်အနေအထား

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသောမြို့ ဖြစ်သည်။ လူဦးရေ၏ ၆၄% မှာ တောင်ပေါ်နေတိုင်းရင်းသား (၅)မျိုးတို့ဖြစ်ကြသည်။ ရှမ်းလူမျိုး၊ ဂျိန်းဖော့လူမျိုး၊ ဒယ်အန်လူမျိုး၊ လီဆူးလူမျိုးနှင့် အာချန်လူမျိုးတို့ဖြစ်ကြသည်။ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မြို့တစ်မြို့ ဖြစ်သည်။ [][]

လူဦးရေနှင့်လူမျိုးများ

တရုတ် လူမျိုးနှင့် ရှမ်းလူမျိုးများသည် မြို့တွင်း ချိုင့်ဝှမ်းဒေသတွင် နေထိုင်ကြပြီး ဂျိန်းဖော့လူမျိုးနှင့်ပလောင်တအာင်းတို့သည် မြို့ဆင်ခြေဖုံးဒေသများတွင် နေထိုင်ကြသည်။ လူဦးရေ ၁၄၀,၀၀၀ ခန့်ရှိသည်။

စက်မှုဇုန်များ

  • ဝမ်တိန် နယ်ခြားကုန်သွယ်မှုဇုန်
  • ရွှေလီ နယ်ခြားကုန်သွယ်မှုဇုန်

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads