ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်
From Wikipedia, the free encyclopedia
Remove ads
ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (အင်္ဂလိပ်: Shwe (Rural and Urban) Development Bank; အတိုကောက် SHWE Bank)[၁] သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။

Remove ads
သမိုင်းကြောင်း
မြန်မာနိုင်ငံ၏ပုဂ္ဂလိကဘဏ်များထဲမှတစ်ခုဖြစ်သော ရွှေကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SHWE Bank) ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၄ ဇူလိုင်လ ၂၈ရက် တွင် ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးခဲ့သည်။ ဘဏ်ရုံးချုပ်ကို အမှတ်(၆၆-၇၆)၊ ကုန်သည်လမ်း နှင့် ပန်းဆိုးတန်းလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည်။ ရုံးချုပ်ဘဏ်ခွဲကိုလည်း အဆိုပါနေရာတွင်ပင် ဖွင့်လှစ်ထားကာ ရုံးချုပ်နှင့်ဘဏ်ခွဲကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာစာရင်းများအရ နေပြည်တော်ဘဏ်ခွဲ အပါအဝင် ဘုရင့်နောင်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ ရာဇဓိရာဇ်ဘဏ်ခွဲ၊ ရွှေဂုဏ်သူဘဏ်ခွဲနှင့် မော်လမြိုင်ဘဏ်ခွဲ စသည်ဖြင့် စုစုပေါင်း ဘဏ်ခွဲ(၇)ခု ဖွင့်လှစ်ထားပြီးဖြစ်သည်။[၂]ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ် သည် UOB, OCBC, Maybank, Krungthai Bank, Kasikorn Bank, Shinhan Bank, United Bank of India နှင့် Bank of Investment and Development of Vietnam တို့နှင့်အတူ ဘဏ်လုပ်ငန်းဆိုင်ရာအခြေအနေများကို ပူးပေါင်းဆောင်ရွက်သည်။[၃] ဘဏ်၏ အကြီးအကဲဖြစ်သူမှာ ရွှေသံလွင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းဖြစ်သည်။[၄] [၅]ဘဏ်ကို ရွှေသံလွင်ကုမ္ဗဏီပိုင်ရှင်လည်းဖြစ်၊Sky Net ရုပ်သံလိုင်း ပိုင်ရှင်လည်းဖြစ်သည့် ဦးကျော်ဝင်း အပါအဝင် ရှယ်ယာရှင် ၁၁ ဦးက ဗဟိုဘဏ် က မတည်ရင်းနှီးငွေအဖြစ် ခွင့်ပြုသော ကျပ်ဘီလီယံ ၁၀၀ တွင် ကနဦး မတည်ငွေ ကျပ်ဘီလီယံ ၂၀ ဖြင့် ဖွင့်လှစ်ခဲ့သည်။[၆]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads