ရှစ်ပါးသီလ
ရှစ်ပါးသီလတော် From Wikipedia, the free encyclopedia
Remove ads
ရှစ်ပါးသီလဟူသည်မှာ "အဋ္ဌင်္ဂဥပုသ်သီလ" ပင် ဖြစ်ပါသည်။
ငါးပါးသီလကို ပြဆိုရာ၌ "ပဉ္စ" ဟူ၍သာ ပြဆိုသကဲ့သို့လည်းကောင်း၊ ဆယ်ပါးသီလကို ပြဆိုရာ၌ "ဒဿ" ဟူ၍သာ ပြဆိုသကဲ့သို့လည်းကောင်း၊ ရှစ်ပါးသီလကို ပြဆိုရာ၌ကား "အဋ္ဌ" ဟူ၍သာ မဆိုပဲ (ဥပေါသထင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟူ၍ အဘယ်ကြောင့် အထူး ထည့်သွင်းပြဆိုပါသနည်းဟု မေးဖွယ်ရှိ၏။[၁]
ဥပေါသထသဒ္ဒါ
ဥပေါသထ ဟူသော သဒ္ဒါသည် -
(၁) ရဟန်းတို့၏ ပါတိမောက် ရွတ်ဆိုခြင်း အနက်၊
(၂) ခေါ်ဝေါ်လွယ်ရန် မှည့်ထားသော အမည်ဟူသော အနက်၊
(၃) ကျင့်သုံးခြင်းဟူသော အနက်၊
(၄) ကျင့်သုံးအပ်သည့် သီလဟူသော အနက်၊
(၅) သီလကျင့်သုံးရာ နေ့ဟူသော အနက် ဟူ၍
ဤအနက်ငါးပါးတို့၌ ဖြစ်ရှိရာ ပဌမအနက်မှာ ရဟန်းတော်များနှင့်သာသက်ဆိုင်၍၊ ဒုတိယအနက်မှာ ဥပေါသထမင်းသား၊ ဥပေါသထဆင်မင်း စသည်ဖြင့် ခေါ်ဝေါ်ရန်အမည်ကို ပြခြင်းမျှဖြစ်၍ ဤသီလအခန်းကဏ္ဍနှင့် မသက်ဆိုင်။ နောက်အနက်သုံးပါးသာ ဤသီလခန်းနှင့် သက်ဆိုင်၏။[၁]
Remove ads
သီလနှင့် ပြည့်စုံစေ၍ နေရာနေ့
ယင်းနောက်အနက် သုံးပါးတို့တွင် (ပါဠိလို) ဥပဝါသ = (မြန်မာလို) ကျင့်သုံးခြင်းဟူသော အနက်မှာ "ပြည့်စုံစေ၍နေခြင်း" ပင်ဖြစ်၏။ သိက္ခာပုဒ်တို့ကို ပြည့်စုံစေ၍ နေခြင်း ဟု ဆိုလိုသည်။ ကျင့်သုံးအပ်သော သီလဟူသော စတုတ္ထအနက်မှာလည်း ပြည့်စုံစေ၍ နေအပ်သော သီလဟု ဆိုလိုသည်။ သီလကျင့်သုံးရာနေ့ဟူသော ပဉ္စမအနက်မှာလည်း သီလနှင့်ပြည့်စုံစေ၍ နေရာနေ့ဟု ဆိုလိုသည်၊ ထိုနေ့ကိုပင် ဥပေါသထနေ့ (ဥပုသ်နေ့)ဟူ၍ ခေါ်သည်။[၂]
နေ့ အထူးသတ်မှတ်၍ ကျင့်သုံးကြ
ငါးပါးသီလနှင့် ဆယ်ပါးသီလတို့မှာ ရှေးရှေး သူတော်ကောင်းတို့က နေ့အထူး သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့မရှိကြပဲ ဤရှစ်ပါးသီလကိုသာ နေ့အထူး သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့ ရှိကြသောကြောင့် ဤရှစ်ပါးသီလ၌သာ (ဥပေါသထင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟူ၍ အထူးထည့်သွင်းပြဆိုသည်ဟု မှတ်ယူရာ၏။[၃]
လူတို့နှင့် သင့်တော်လျော်ညီသော သီလ
ငါးပါးသီလမှာ ခံယူသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ မစောင့်ထိန်းနိုင်က အပြစ်ဖြစ်သော လူမျိုးဘာသာမခွဲခြားသည့် ဝါရိတ္တသီလဖြစ်ပြီး၊ ရှစ်ပါးသီလမှာမူ လူတကာထက် ပိုမြင့်မြတ်ရန် ကျင့်ကြံသော ကာမဂုဏ်အာရုံတို့နှင့်ဝေးရာနေ၍၊ ကောင်းမြတ်သောအမူအကျင့်တို့ဖြင့် နေအပ်သောကြောင့် စာရိတ္တသီလဖြစ်ပေသည်။ သီလခံယူပြီး အကြောင်းအမျိုးမျိုးဖြင့် သီလတစ်ပါးပါး မစောင့်ထိန်းနိုင်သော်လည်း အပြစ်မဖြစ်ပေ စောင့်ထိန်းထားနိုင်သော် ကောင်းကျိုးသာဖြစ်စေ၏။ ဆယ်ပါးသီလမှာကား ရှစ်ပါးသီလထက် မြင့်သည်ဖြစ်၍ ရှေးသူတော်ကောင်းတို့ နေ့ထူး သတ်မှတ်သင့်ပါလျက် အဘယ့်ကြောင့် မသတ်မှတ်ကြပါသနည်းဟု စဉ်းစားဖွယ်ရှိပြန်၏။ သင့်လျော်သောအကြောင်းကို ရှာသော်ကား ရှစ်ပါးသီလသည် လူတို့နှင့် အထူးသင့်လျော်သော သီလဖြစ်၏။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads