ရှန်ဟိုင်း ဟုန်ချောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
From Wikipedia, the free encyclopedia
Remove ads
ရှန်ဟိုင်း ဟုန်ချောင် အပြည်ပြည်ဆိုင်ရာ လေဆိပ် (တရုတ် - 上海虹桥国际机场; 上海虹橋國際機場) (IATA: SHA, ICAO: ZSSS) သည် ရှန်ဟိုင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၂ ခုအနက် တစ်ခုဖြစ်သည်။ ရှန်ဟိုင်း ဖူရှီးနှင့် ၁၃ ကီလိုမီတာ အကွာတွင် တည်ရှိပြီး လေဆိပ်အသစ် ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ထက် မြို့ထဲနှင့် ပိုနီးသည်။ ဖူတုန်းလေဆိပ်မှာ မြို့လယ်ခေါင်နှင့် ၄၀ ကီလိုမီတာ ကွာဝေးသည်။
၂၀၀၉ ခုနှစ်တွင် ဟုန်ချောင်လေဆိပ်တွင် ခရီးသည်ပေါင်း ၂၅,၀၇၈,၅၄၈ ဦး ဝင်ထွက်ခဲ့ပြီး တရုတ်နိုင်ငံတွင် စတုတ္ထမြောက် ခရီးသည် အများဆုံး လေဆိပ်ဖြစ်သည်။ ကုန်စည်တင်ချမှု ပမာဏအရ ပဉ္စမနှင့် လေယာဉ်အတက်အဆင်း အရေအတွက်အရ သတ္တမဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads