ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့

From Wikipedia, the free encyclopedia

Remove ads

၁၉၆၈-ခုတွင် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)မှ ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းပေါ်ပေါက်လာ ခဲ့သည်။ ပအိုဝ်း ခေါင်းဆောင် ဗိုလ်စံသိန်းအသတ်ခံ ကျဆုံးသွားရပြီးနောက် ရလလဖကို ဗိုလ်မှူး လှမောင်က ခေါင်းဆောင်ခဲ့သည်။ တပ်ရင်း(၁) ကို ဗိုလ်တာကလယ် ကဦးစီးခဲ့ပြီး တပ်ရင်း(၂)ကို ဗိုလ် စပါယ်ရှယ် (တာတီးကလို)က ဦးစီး ခေါင်းဆောင် ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မှာ ရလလဖ အဖွဲ့ကြီးရဲ့ဥက္ကဋ္ဌအဖြစ် ဦးမော်ဟိုက် (ဦးမော်ဟဲ) ကို တင်မြှောက်ထားပြီး တပ်မဟာမှူး ဗိုလ်မှူး လှမောင်၊ နိုင်ငံရေးမှူး ဦးကုသလ (ခ) အဘယ (ခ) ဦးအောင်ခမ်းထီ၊ စည်းရုံးရေးမှူး ဦးစိန်ရွှေ၊ အတွင်းရေးမှူး ဦးအောင်သာအဖြစ် ပြင်ဆင်ဖွဲ့စည်းကာ တပ်ရင်း (၁) ကို ဗိုလ်တာကလယ်၊ တပ်ရင်း (၂) ကို ဗိုလ် စပယ်ရှယ်တို့က ဦးဆောင်လှုပ်ရှားခဲ့ကြပါတယ်။ ၁၉၇၁ မှာ တပ်ရင်းသစ်တခု ထပ်မံဖွဲ့စည်း နိုင်ခဲ့ပါတယ်။ ၁၉၇၃ မှာ ရလလဖ အဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ တို့နဲ့တွဲပြီး ပူးတွဲစစ်ဆင်ရေး အဖွဲ့တဖွဲ့ ဖွဲ့စည်းကာ ‘ရောင်နီတပ်ဖွဲ့’ ဆိုတဲ့နာမည်နဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၁၉၇၃-နိုဝင်ဘာလထဲမှာတော့ ရလလဖ အဖွဲ့ကြီးအတွင်း ဗကပ ကို လိုလားသူနဲ့မလိုလားသူ အုပ်စု (၂) စု ကွဲလာခဲ့ပါတယ်။ ဗိုလ်တာကလယ် အမှူးပြုတဲ့အုပ်စုနဲ့ ဦးအောင်ခမ်းထီအမှူပြုတဲ့ အုပ်စု အုပ်စု (၂) စု အားပြိုင်လာခဲ့ကြရာက ဗကပ လိုလားသူအုပ်စုနဲ့ မလိုလားသူအုပ်စုဆိုပြီး သိသိသာသာ ပေါ်လွင်ကွဲပြားလာခဲ့ပါတယ်။ “ရလလဖ”အနီနဲ့ “ရလလဖ” အဖြူဆိုပြီး (၂) ပိုင်းကွဲလာခဲ့ပါတယ်။

ဗကပ ကိုလိုလားတဲ့အုပ်စုကို ရလလဖ (အနီ) (ပအိုဝ်းနီ) လို့ ခေါ်ဝါ် ကြပြီး ရလလဖ (အနီ) ကို ဥက္ကဋ္ဌ ဗိုလ်တာကလယ်၊ စောဖားမူ၊ ဗိုလ်မှူး လှမောင်၊ ဦးစိန်ရွှေ၊ စိုးအောင်လွင်တို့က ခေါင်းဆောင်ခဲ့ကြပါတယ်။ ဗကပ ကို မလိုလား တဲ့ အစု ‘ရလလဖ’(အဖြူ) (ပအိုဝ်းဖြူ) ကိုတော့ အဘယ (ခေါ် ) ဦးအောင်ခမ်းထီ၊ သထုံ ဦးလှဖေ နဲ့ ဦးကျော်စိန်၊ ဦးမောင်မောင် တို့ ခေါင်းဆောင်ခဲ့ကြပါတယ်။ (သထုံ ဦးလှဖေ ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပျက် မှာ ဖမ်းဆီး ထိန်းသိမ်း ထောင်ချခံခဲ့ရာမှ ထောင်က လွတ်လာပြီးနောက် ပအိုဝ်းအဖွဲ့အတွင်း ပအိုဝ်းနီ-ပအိုဝ်းဖြူ မကွဲခင်မှာပဲ ပအိုဝ်းအဖွဲ့အတွင်း ပြန်လည်ရောက်ရှိနပြေီဖြစ်တဲ့အတွက် ပအိုဝ်းနီ-ဖြူအကွဲမှာ ပအိုဝ်းဖြူ အစု အတွင်း ခေါင်းဆောင်တယောက်အဖြစ် ပါဝင်နေတာဖြစ်ပါတယ်)။

အနီ-အဖြူ (၂) ပိုင်း ကွဲသွားရပြီးတဲ့နောက် ဥက္ကဋ္ဌ ဗိုလ်တကလယ်ဦးဆောင်တဲ့ ရလလဖ (အနီ) ဟာ ပွန်ချောင်းအရှေ့ခြမ်း ကဒူးကြီး နားဟီးဒေသနဲ့ နမ့်ဂွင်မှာ အဓိကထားလှုပ်ရှားခဲ့ပြီး ဦးအောင်ခမ်းထီဦး ဆောင်တဲ့ ရလလဖ (အဖြူ) ကတော့ အင်းလေး၊ ပင်လောင်း၊ ဆီဆိုင်၊ မဲနယ်တောင်တန်းနဲ့ ဟိုပုန်းမြောက်ခြမ်း ဒေသတွေမှာ လှုပ်ရှားခဲ့ပါတယ်။

(၁၉၇၇ မှာ ရလလဖ အဖြူ) ဟာ “ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (ပအမဖ)” အဖြစ် အမည်ပြန်လည် ပြောင်းလဲခဲ့ပြီး၊ “ရလလဖ”ဆိုတဲ့အမည်ဟာ အသုံးမြုပတော့တဲ့အတွက် ၁၉၇၇ ကစပြီး ‘ရလလဖ’ ဆိုတဲ့ အမည်ဟာ ဗိုလ်တကလယ် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ကြီးအဖြစ် နဲ့ပဲ လူသိများလာခဲ့ ရပါတော့တယ်။ ပအိုဝ်းဒေသအတွင်းမှာ ပအိုဝ်းလက်နက်ကိုင် တော်လှန်ရေးကြီးအတွင်း ကနေ မွေးဖွားပေါ်ထွန်းလာခဲ့ ရတာဖြစ်တဲ့အတွက် ဗိုလ်တကလယ် ဦးဆောင်တဲ့ ‘ရလလဖ’ အဖွဲ့ကို ‘ပ အိုဝ့်နီ’ အဖွဲ့လို့လဲ ခေါ်ဝါ် ကြတာရှိပါတယ်။

၁၉၇၇ မှာ ဗိုလ်တကလယ် ဦးဆောင်တဲ့ ရလလဖ ဟာ ဗကပ (၁၀၈) စစ်ဒေသနဲ့ ပူးပေါင်း စစ်ရေးလှုပ်ရှား မတွေ ကြိုပလုပ်ခဲ့ပြီး ၁၉၇၈-မတ်လထဲမှာလဲ ရလလဖ တပ်သားသစ်ပေါင်း (၁၀၀) ကျော်ခန့်ကို ဗကပ ဌာနချုပ် ပန်ဆန်း ကို ပို့လွှတ်ကာ စစ်သင်တန်း၊ နိုင်ငံရေးသင်တန်းတွေ တက်ရောက်စေခဲ့ပါတယ်။ ဥက္ကဋ္ဌ ဗိုလ်တကလယ် နဲ့ ဒု-ဥက္ကဋ္ဌ စောဖားမူတို့ကိုယ်တိုင်ကလဲ ပန်ဆန်းဌာနချုပ်ကို သွားရောက်ခဲ့ကြဖူးပြီး ဗကပ ခေါင်းဆောင်တွေ နဲ့ စစ်ရေး၊ နိုင်ငံရေး တပ်ပေါင်းစုရေးတွေကို ဆွေးနွေးညိှနိင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ကလလတအဖွဲ့နဲ့ ကယန်းပြည်သစ်ပါတီ၊ှ္စ္စ စတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ နဲ့လဲ မဟာမိတ် အဖြစ် ပူးပေါင်း ဆောင်ရွက် လှုပ်ရှားခဲ့ကြပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်း ရောက်ရှိ လာခဲ့ကြတဲ့ ဒီမိုကရေစီ အင်အားစုဝင် ကျောင်းသားလူငယ် လူရွယ်တွေ အားလုံး အပေါ်လဲ တတ်နိုင်သမျှ အကူအညီပေးခဲ့ရင်း လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲခဲ့ပါတယ်။ ဒါပေမယ့် ဘေးပတ်ပတ်လည် အနီးဒေသတွေမှာလဲ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ငြိမ်းချမ်းရေးယူခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ တခုပြီးတခု ပေါ်လာကြတဲ့အတွက် ဆက်လက်ရပ်တည်နိုင်ဖို့ အခက်အခဲ အကြပ်အတည်း တွေ ပေါ်ပေါက်လာ ခဲ့ရပါတယ်။ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးမယူခင် အထိအတွင်း ‘ရလလဖ’ (ပအိုဝ်းနီ) အဖွဲ့ကြီးအတွင်း ဥက္ကဋ္ဌ ဦးတာကလယ်၊ ဒု-ဥက္ကဋ္ဌ စောဖားမူ၊ အထွေထွေအတွင်းရေးမှူး စိုးအောင်လွင်တို့က တာဝန်ယူခဲ့ကြပြီး ထင်ရှားတဲ့ တခြားခေါင်းဆောင်တွေကတော့ ဦးစိန်ရွှေ၊ ဗိုလ်မှူး ချစ်မောင်၊ ခွန်ထိဆောင်၊ ခွန်သူရိန် စတဲ့ ပုဂ္ဂိုလ် တွေပဲဖြစ်ပါတယ်။ ၁၉၉၄-အောက်တိုဘာ မှာ ဥက္ကဋ္ဌ ဦးတကလယ် ခေါင်းဆောင်တဲ့ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) ခေါ် ပအိုဝ်းနီအဖွဲ့ကြီးလဲ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ယူလိုက် ရပါတော့တယ်။ နအဖစစ်အစိုးရက ‘ရလလဖ’ ကို ရှမ်းပြည်တောင်ပိုင်း အထူးဒေသ (၁၃) အဖြစ်သတ်မှတ် ကင်ပွန်း တပ်ပေးခဲ့ရပါတယ်။

၂၀၀၆-ခုနှစ်ထဲမှာတော့ ရလလဖ အဖွဲ့ကြီးကို တလျှောက်လုံးခေါင်းဆောင်လာခဲ့တဲ့ ဦးတကလယ်ဟာ ‘နာယက’ အဖြစ်ပဲ ပြောင်းလဲခံယူလိုက်ရချိန်မှာ ရလလဖ ရဲ့ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူး ချစ်မောင် ဖြစ်လာ ခဲ့ပါတယ်။ ရလလဖ (ပအိုဝ်းနီ) အဖွဲ့ကြီးအတွင်းမှာ သဘောထား ကွဲလွဲမတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ စစ်အစိုးရ ဖက်ကနေ အမျိုးမျိုး သပ်လျှို သွေးခွဲ တာတွေလဲ လုပ်ဆောင်ခဲ့ပါတယ်။ ဗိုလ်မှူးကြီး ခွန်ထိဆောင် နဲ့ ခွန်သူရိန်ခေါင်း ဆောင်တဲ့ အဖွဲ့ဟာ ‘ရလလဖ’ မှ ခွဲထွက်သွားပြီး ‘ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့’ နာမည်နဲ့ နအဖ စစ်အစိုးရကို လက်နက်ကိုင် ပြန်လည် တိုက်ခိုက်မ လုပ်ပါတယ်။ တော်လှန်ရေး ပြန်ပြီးဆင်နွှဲပါတယ်။

ရလလဖ ဥက္ကဋ္ဌ ဗိုလ်မှူး ချစ်မောင်ဦးဆောင်တဲ့အစုကတော့ ၂၀၀၇-ဇူလိုင်လထဲမှာပဲ နအဖထံအပြီးအပိုင် လက်နက်ချခြင်း ပြုလုပ် သွားတဲ့ အတွက် ရလလဖ ဌာနချုပ်စခန်းနောင်ထောင်မှာ ဥက္ကဋ္ဌဟောင်း ဦးတကလယ် နဲ့ နာယကအဖွဲ့က ဆက်လက် ကျန်ရစ် ခဲ့ပါတယ်။ ဦးတကလယ်ဟာ ကျန်ရှိနေသူများ နဲ့ အတူ ‘ရလလဖ’ အဖွဲ့ကြီးကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ဆက်လက် ဦးဆောင်လှုပ်ရှားရပါတော့တယ်။ [အင်အား (၆၀၀) ကျော် တက်ရောက်လာတဲ့ အစည်းအေဝးတခု ကျင်းပပြီး၊ (၁၉-၇-၂၀၀၇) နေ့မှာ (၁၁) ဦးပါ ရလလဖ ဗဟို ကော်မတီအသစ်ကို ဖွဲ့စည်းလိုက်ရပါတယ်။ ဥက္ကဋ္ဌအဖြစ် ဦးတကလယ်၊ ဒု-ဥက္ကဋ္ဌအဖြစ် ခွန်စိန်ရွှေ၊ စောဖားမူ၊ အထွေထွေအတွင်းရေမှူးအဖြစ် စိုးအောင်လွင်၊ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး စိုင်းဖ၊ ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်မှူးကြီး မျိုးဆက် နဲ့ အဖွဲ့ဝင်များအဖြစ် ဒု-ဗိုလ်မှူးကြီး စန်အော၊ ဖရာတန် ခွန်ထီး၊ ဒု-ဗိုလ်မှူးကြီး စိန်ဝင်းနောင်၊ ဒု- ဗိုလ်မှူးကြီး အောင်ရွှေလတ်၊ ဒု-ဗိုလ်မှူးကြီး ချစ်ထွန်းတို့ ပါဝင်ကြပါတယ်။]

Remove ads

ကိုးကား

  • ဝင်းတင့်ထွန်း (၂၀၁၀၊ဩဂုတ်)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads