ရှီကျင့်ဖျင်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး From Wikipedia, the free encyclopedia

ရှီကျင့်ဖျင်
Remove ads

ရှီကျင့်ဖျင် (習近平) သည် ၁၉၅၃ ခုနှစ်တွင် ဆန်ရှီးပြည်နယ်(陝西)၊ ဖူဖျင်မြို့ (富平)၌ မွေးဖွားခဲ့ပြီး ဟန်တရုတ်လူမျိုး ဖြစ်သည်။[] ၁၉၇၄ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီသို့ ဝင်ရောက်သည်။[] မာက်စ်သီအိုရီနှင့် အတွေးအခေါ်ယူဝါဒဆိုင်ရာ ပညာရပ် အထူးပြုဘာသာဖြင့် ချင်းဟွာတက္ကသိုလ်(清華大學) ၊ လူ့အဖွဲ့အစည်းနှင့် လူမှုသိပ္ပံကျောင်းမှ ဥပဒေ ဒေါက်တာဘွဲ့ ရရှိခဲ့ကာ ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ဆန်ရှီးပြည်နယ် ရန်ချွမ်းဒေသရှိ ဝမ်အမ်းရိစုပေါင်း လယ်ယာ၊ လျန့်ကျားဟဲအဖွဲ့၌ ပါတီခွဲ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အချက်တိုများ ရှီကျင့်ဖျင်, တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ...

၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ဆင်ဟွာတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနတွင် အခြေခံဇီဝဓာတ်ဖွဲ့စည်းမှု ဖြစ်စဉ်ဆိုင်ရာ ဘာသာရပ် ကျောင်းသားအဖြစ် လေ့လာခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင် ဌာနချုပ်များတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကွန်မြူနစ်ပါတီ ဟယ်ပေပြည်နယ် (河北省) ကျန့်တိန့်မြို့နယ် (正定) ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖူကျန့်ပြည်နယ် (福建) ရှမန်မြို့ (廈門 အမွိုင်မြို့) ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဒုတိယမြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကွန်မြူနစ်ပါတီ ဖူကျန့်ပြည်နယ် နင်းသယ် (寧德) ခရိုင် ကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads