လင်္ကာဒီပချစ်သူ
From Wikipedia, the free encyclopedia
Remove ads
လင်္ကာဒီပချစ်သူ သည် စာရေးဆရာ ချစ်ဦးညို၏ ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် မြေလတ်သားစာပေဖြင့် အုပ်ရေ ၂၀၀၀ ထုတ်ဝေခဲ့သည်။ ၁၉၇၉ တွင် ရှုမဝ မဂ္ဂဇင်း၌ လင်္ကာဒီပချစ်သူ ကို ပန်းချီဝသုန်က ရုပ်ပြဇာတ်လမ်း အဖြစ် ဖော်ပြခဲ့သည်။ ရှုမဝတွင် လင်္ကာဒီပချစ်သူရုပ်ပြကို ၃၆ လကြာ လစဉ် ဖော်ပြခဲ့သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
၁၉၈၄ ခုနှစ်တွင် လုံးချင်းရုပ်ပြအဖြစ် ထွက်ရှိပြီး ၁၉၇၉ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၈၁ ခုနှစ်တွင် တတိယအကြိမ်၊ ၁၉၈၈ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ပဥ္စမအကြိမ်၊ ၁၉၉၉ ခုနှစ်တွင် ဆဌမအကြိမ်၊ ၂၀၀၂ ခုနှစ်တွင် သတ္တမအကြိမ်၊ ၂၀၀၄ ခုနှစ်တွင် အဌမအကြိမ်၊ ၂၀၁၄ ခုနှစ်တွင် နဝမအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒသမအကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ဧကာဒသမအကြိမ်၊ ၂၀၁၈ တစ်နှစ်အတွင်း၌ပင် ဒွါဒသမအကြိမ်နှင့် တေရသမအကြိမ်တို့ကို ထုတ်ဝေခဲ့သည်၊၊
Remove ads
စာဖတ်သူများအမြင်
ဤစာအုပ်ကို စတင်ထုတ်ဝေစဉ်က ရာမမင်းသားအစား ဒဿဂီရိ (ခေါ် ) ရာဝဏ ဟူသော ဇာတ်လမ်း၏ လူဆိုးဇာတ်ကောင်ကို အဓိကဇာတ်လိုက်မင်းသားနေရာ ထား၍ ရေးထားသောကြောင့် စာဖတ်သူတို့အကြား ဝေဖန်မှုများ ရှိသကဲ့သို့ စာရေးဆရာကြီးများ၏ ချီးကျူးမှုများလည်း ရရှိခဲ့သည်။
Reference
![]() | ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads