လတ်ခနောင်းမြို့

ဥတ္တရပဒေသပြည်နယ်၏ မြို့တော်နှင့် မြို့ပြကြီး From Wikipedia, the free encyclopedia

လတ်ခနောင်းမြို့
Remove ads

လတ်ခနောင်း (လပ်ကနောင်း)မြို့သည် အိန္ဒိယနိုင်ငံဥတ္တရပဒေသပြည်နယ်ဂုမ္မတီမြစ်၏ လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိ၍ အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံး မြို့ကြီးတစ်မြို့ဖြစ်သည်။ ဂုမ္မတီ မြစ်မှာ ဂင်္ဂါမြစ်၏ လက်တက်တစ်ခုဖြစ်သည်။ ၁၈၅၅ ခုနှစ်တွင် စစ်သူပုန် ဖြစ်ပွားခဲ့စဉ်က လတ်ခနောင်းမြို့မှာ သူပုန်တို့၏ ဝိုင်းရံတိုက်ခိုက်ခြင်းခံခဲ့ ရသည်။ အဝေးမှကြည့်လျှင် လတ်ခနောင်းမြို့သည် စုလစ်မွန်းချွန်း တန် ဆာဆင်ကာ ဆောက်ထားအပ်သော ရှေးပလီဝတ်ကျောင်းများဖြင့် အထူးပင် သာယာလှပေသည်။ အနီးသို့ကပ်ကြည့်လျှင်ကား သေးငယ်သောအိမ်များ ပြည့်နှက်ခြံရံနေသော လမ်းကျဉ်းလမ်းမြောင်ကလေးများကို တွေ့မြင်ရပေ မည်။ ခေတ်ဆန်သော အဆောက်အအုံများလည်း အနည်းငယ်ရှိသည်။ လူကုံထံများနေထိုင်သည့် ရပ်ကွက်တွင်ကား အိမ်ကြီး၊ အိမ်ကောင်း၊ လမ်း ကျယ်၊ လမ်းကောင်းများကို တွေ့ရှိနိုင်ပေသည်။ လတ်ခနောင်းမြို့သည် လူဦးရေ ၅၉၅၄၄ဝ (၁၉၆၁)ရှိ၍ အရေးပါ အရာရောက်သော စီးပွားရေးနှင့် မီးရထားဗဟိုဌာန၊ ပညာရေး ဗဟိုဌာန လည်းဖြစ်၏။ မြို့နေလူဦးရေ၏ သုံးပုံ နှစ်ပုံမှာ ဟိန္ဒူအယူဝါဒီဖြစ်၍ ကျန် လူဦးရေမှာ မွတ်ဆလင်နှင့် ခရစ်ယာန်များ ဖြစ်ကြသည်။ တွင်ကျယ်သော လုပ်ငန်းများမှာ ငွေထည်၊ ကြေးထည်လုပ်ငန်း၊ ဖလ်ချက်လုပ်ငန်း၊ စက္ကူ လုပ်ငန်း၊ ဇာထိုး ပန်းထိုးလုပ်ငန်းနှင့် ချည်ထည်လုပ်ငန်းတို့ဖြစ်သည်။ စစ်သူပုန်မထမီက လတ်ခနောင်းမြို့မှာ ဥဓနယ်၏ မြို့တော်ဖြစ် သည်။ ၁၈၅၈ ခုနှစ်၌ အင်္ဂလိပ်တို့က မြို့ကိုပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် တွင် ယူနိုက်တက်ပရော်ဗင့်နယ်ဟုခေါ်သော ပြည်နယ်ထဲတွင် စီရင်စုမြို့ တစ်မြို့ ဖြစ်လာခဲ့သည်။ []

အချက်တိုများ လတ်ခနောင်း Lucknow, နိုင်ငံ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads