လန်ဒန် ဘန်းနက်စ် ဂျွန်ဆင်
From Wikipedia, the free encyclopedia
Remove ads
၁၉၀၈ခုနှစ် ဩဂုတ် ၂၇ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၏ ၃၆ဦးမြှောက် သမ္မတ လန်ဒန် ဘန်းနက်စ် ဂျွန်ဆင်အား တက္ကဆပ်ပြည်နယ်၊ စတုန်းဝေါလ်တွင်ဖွားမြင်သည်။ မိဘများမှာ ဆမ်အာလီနှင့် ရီဘက္ကာဘိန်း ဂျွန်ဆင်တို့ဖြစ်ကြသည်။ ၁၉၃၀ပြည့်နှစ်တွင် တက္ကဆပ်တက္ကသိုလ်မှ ဆရာအတတ်သင်ဘွဲ့ရပြီး ဂျော့ချ်တောင်း တက္ကသိုလ်တွင် ဥပဒေပညာအားဆက်လက်ဆည်းပူးသည်။ ၁၉၃၀-၁၉၃၁ခုနှစ်များတွင် ဟူစတန်၌ လူထုဟောပြောနည်းများကို သင်ကြားပို့ချပေးခဲ့သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ (၂၁ ဒီဇင်ဘာ ၂၀၁၈) |
လန်ဒန် ဘန်းနက်စ် ဂျွန်ဆင် Lyndon B. Johnson
| |
မွေးနေ့ | ၂၇၊ ဩဂုတ်လ၊၁၉၀၈ခုနှစ် |
မွေးရပ် | စတုန်းဝေါလ်၊တက္ကဆပ်ပြည်နယ် |
ကွယ်လွန်နေ့ | ၂၂ရက်၊ ဇန်နဝါရီလ၊၁၉၇၄ ခုနှစ် |
ကွယ်လွန်ရပ် | ဆန်အန်တိုနီယို၊ တက္ကဆပ်ပြည်နယ် |
အခြားအမည် | |
လူသိများရခြင်း | အမေရိကန်ပြည်ထောင်စု၏ ၃၆ဦးမြှောက်သမ္မတ |
အလုပ်အကိုင် | အမေရိကန်သမ္မတ |
ရာထူးသက်တမ်းကာလ | ၂၂၊နိုဝင်ဘာ၊ ၁၉၆၃ - ၂၀၊ ဇန်နဝါရီ၊ ၁၉၆၉ |
ဒုတိယ သမ္မတ | ဟျူးဘာ့တ် ဟမ်းဖရေး |
လွှဲအပ်သူ | ဂျွန် ဖဇ်ဂရက်ဒ်ကနေဒီ |
ဆက်ခံသူ | ရစ်ချက် နစ်ကဆင် |
နိုင်ငံသား | အမေရိကန် နိုင်ငံ |
Remove ads
နိုင်ငံရေးအစ
၁၉၃၁မှ ၁၉၃၅အထိ ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ် အာအမ် ဂလေဘတ်ဂ်၏ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ကာ ၁၉၃၇တွင်ကွယ်လွန်သွားသော အောက်လွှတ်တော်အမတ်တစ်ဦး၏ လှစ်လပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရသည်။ ၁၉၃၈တွင်လည်း ထိုရာထူးအတွက် ထပ်မံရွေးချယ်ခံရပြန်ကာ ထိုမှစ၍ အဆိုပါမဲဆန္ဒနယ်တွင် လေးကြိမ်ဆက် ရွေးချယ်ခံရသည်။
စစ်မှုထမ်း
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁-၁၉၄၂အတွင်း ပိစိဖိတ်သမုဒ္ဒရာရှိ အမေရိကန်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ရာ သူရသတ္တိပြောင်မြှောက်စွာတိုက်ပွဲဝင်ခဲ့ပြီး ရဲရင့်မှုကြောင့် ငွေကြယ်တံဆိပ်ချီးမြှင့်ခံရသည်။
နိုင်ငံရေးသို့တဖန်
၁၉၄၈ခုနှစ်တွင် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီး ၁၉၅၄ခုနှစ်တွင်လည်း ဆက်လက်၍ရွေးကောက်ခံခဲ့ရသည်။ ၁၉၅၃ခုနှစ်တွင် အထက်လွှတ်တော်ရှိ ဒီမိုကရက်တစ်ပါတီအကြီးအကဲ ဖြစ်လာသည်။ ၁၉၆၀ပြည့်နှစ်ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ပါတီဝင်အတော်များများက ထောက်ခံခဲ့သော်လည်း အခြားသမ္မတလောင်းတစ်ဦးဖြစ်သည့် ကနေဒီက ဒုသမ္မတလောင်းအဖြစ် ကမ်းလှမ်းခဲ့ခြင်းကို လက်ခံကာ စည်းရုံးရေးလုပ်ငန်းများတွင် ဝန်းရံကူညီပေးခဲ့သောကြောင့် ကနေဒီ၏ဘာသာရေးကွဲပြားမှုအပေါ် တောင်ပိုင်းပြည်နယ်အချို့၏ ကန့်ကွက်မှုများကို ကျော်လွှားနိုင်ခဲ့သည်။
သမ္မတအဖြစ်သို့
၁၉၆၃ခုနှစ်၊ နိုဝင်ဘာလ၊ ၂၂ရက်တွင် သမ္မတကနေဒီ လုပ်ကြံခံရပြီးနောက် ဂျွန်ဆင်သည် အမေရိကန်၏ ၃၆ ဦးမြှောက် သမ္မတအဖြစ် ကျမ်းကျိန်ကာ သမ္မတဖြစ်လာသည်။ သမ္မတတာဝန်များကို ကောင်းမွန်စွာထမ်းဆောင်နိုင်သဖြင့် ၁၉၆၄ခုနှစ်ရွေးကောက်ပွဲတွင်လည်း ဆက်လက်အနိုင်ရခဲ့သည်။ သမ္မတသက်တမ်းအတွင်းတွင် လူ့အခွင့်အရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေး၊ ပညာရေးနှင့်ကျန်းမာရေး အစရှိသည့် ပြည်တွင်းပြုပြင်ပြောင်းလဲရေးများတွင် အလေးပေးဆောင်ရွက်ခဲ့သော်လည်း ပြည်ပရေးရာဖြစ်သည့် ဗီယက်နမ်စစ်ပွဲတွင်မူ အရှိန်တိုးမြှင့်တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့သည့်အတွက် ထောက်ခံမှုများကျဆင်းခဲ့ရသည်။ ထိုစစ်ပွဲဆုံးဖြတ်ချက်များကြောင့် တိုင်းပြည်သာမက၊ ပါတီတွင်းမှပါ ထောက်ခံမှုကျဆင်းပြီး နောက်တစ်ကြိမ်ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မည့်ရည်ရွယ်ချက်ကိုစွန့်လွှတ်လိုက်ရသည်။
Remove ads
ဘဝနိဂုံး
ဗီယက်နမ်စစ်ပွဲနှင့်ပတ်သက်၍ နာမည်ပျက်ယွင်းခဲ့ရသော ဂျွန်ဆင်သည် ၁၉၇၃ခုနှစ်၊ ဇန်နဝါရီလ၊ ၂၂ရက်နေ့တွင် တက္ကဆပ်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့၌ ကွယ်လွန်ခဲ့သည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads