ရစ်ချက် နစ်ကဆင်
အမေရိကန်ပြည်ထောင်စု၏ ၃၇ ယောက်မြောက် သမ္မတ From Wikipedia, the free encyclopedia
Remove ads
ရစ်ချက် မေးလ်ဟော့ခ် နစ်ဆင် (အင်္ဂလိပ်: Richard Milhous Nixon) အား ၁၉၁၃ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ယော်ဘာလင်ဒါမြို့၌ဖွားမြင်ခဲ့သည်။ မိဘများမှာ ဖရန်စစ် အန်ထော်နီနှင့် အန်နာ မေးလ်ဟော့ခ် နစ်ဆင်တို့ဖြစ်ကြသည်။ ၁၉၃၄ ဝှစ်တီယာကောလိပ်မှလည်းကောင်း၊ ၁၉၃၇တွင် ဂျု့ခ်တက္ကသိုလ်မှလည်းကောင်း ဥပဒေဘွဲ့ရရှိခဲ့ပြီး ဝှစ်တီယာတွင် ရှေ့နေအဖြစ် အသက်မွေးခဲ့သည်။
Remove ads
စစ်မှုထမ်းပြီး နိုင်ငံရေး
ရေတပ်သို့ဝင်ရောက်ခဲ့ပြီး တောင်ပိစိဖိတ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၆-၁၉၄၈ခုနှစ်များတွင် အောက်လွှတ်တော်၊ ၁၉၅၀ခုနှစ်တွင် အထက်လွှတ်တော်သို့ အဆင့်ဆင့်ရွေးချယ်ခံပြီး ၁၉၅၂နှင့် ၁၉၅၆ခုနှစ်များတွင် သမ္မတ အိုင်ဆင်ဟောင်ဝါ၏ ဒုသမ္မတအဖြစ် အဆက်ဆက်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀တွင် သမ္မတရာထူးအတွက် ယှဉ်ပြိုင်ခဲ့သော်လည်း ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ကနေဒီကို ရှုံးနှိမ့်ခဲ့သလို၊ ၁၉၆၂ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးအတွက် ယှဉ်ပြိုင်ရာတွင်လည်း ထပ်မံ၍ရှုံးနှိမ့်ခဲ့ပြန်သည်။ ၁၉၆၈ခုနှစ်တွင် ရီပါပလီကန်သမ္မတလောင်းအဖြစ် ထပ်မံပွဲထွက်လာပြီး ပြိုင်ဖက်ဒီမိုကရက်တစ်သမ္မတလောင်း ဟူးဘတ် ဟမ်းဖရေးအား အနိုင်ရကာ အမေရိကန်ပြည်ထောင်စု၏ ၃၇ဆက်မြှောက် သမ္မတဖြစ်လာသည်။
Remove ads
သမ္မတ သက်တမ်း
သမ္မတရာထူးရလျှင် ပြည်ထောင်စု တရားရုံးချုပ်တရားသူကြီးအား ၄ဦးအထိ ခန့်အပ်ကာ တရားစီရင်ရေးစနစ်အား တိုးမြှင့်သည်။ နိုင်ငံတကာရေးရာတွင်လည်း တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် အကြီးအကျယ်ပြုပြင်ပြောင်းလဲပစ်ခဲ့ပြီး ၁၉၇၂ခုနှစ်တွင် ကိုယ်တိုင်ကိုယ်ကျ တရုတ်နိုင်ငံသို့ခရီးထွက်ကာ ခေါင်းဆောင်ဖြစ်သူ မော်စီတုန်းနှင့် ဆွေးနွေးပြောဆိုခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ခြင်းဖြင့် အောင်မြင်မှုများရယူခဲ့သည်။ ထိုသံတမန်ရေးရာအောင်မြင်မှုတွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟင်နရီ ကစ်ဆင်းဂျား၏ စွမ်းဆောင်မှုများမှာလည်း အထူးအရေးပါခဲ့သည်။ ထို့ပြင် ကစ်ဆင်းဂျား၏ အားထုတ်မှုဖြင့် ဆိုဗီယက်ပြည်ထောင်စုနှင့်လည်း လက်နက်လျော့ချရေးစာချုပ်အမြှောက်အများကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြန်သည်။
ဗီယက်နမ်စစ်ပွဲနှင့်ပက်သက်၍မူ စစ်ပွဲအရှိန်အားဆက်လက်တိုးမြှင့်ခြင်းကြောင့် ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့သဖြင့် တဖြည်းဖြည်းနောက်ဆုတ်ရန်အတွက် စီမံခဲ့ရသည်။ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲဝင်စဉ်တွင်လည်း ဗီယက်နမ်တွင် အမေရိကန်တပ်များဆက်လက်၍ တိုက်ပွဲဝင်နေဆဲဖြစ်သည်။
၁၉၇၀တွင် ကမ္ဘောဒီးယားသို့ကျူးကျော်ခြင်း၊ ၁၉၇၂ခုနှစ်တွင် မြောက်ဗီယက်နမ်မြို့တော် ဟနွိုင်းမြို့အားဗုံးကျဲတိုက်ခိုက်ခြင်းနှင့် ဟိုင်ဖုံဆိပ်ကမ်းအား မိုင်းထောင်ပိတ်ဆို့ခြင်းများအား လုပ်ဆောင်ခဲ့သည်။ ထိုသို့စစ်ပွဲအရှိန်မြင့်နေသည့်တိုင် နစ်ဆင်သည် ဒုတိယသမ္မတသက်တမ်းအတွက် ၁၉၇၂၊နိုဝင်ဘာတွင် မဲအပြတ်အသတ်ဖြင့် ထပ်မံရွေးကောက်ခံရပြန်သည်။ ၁၉၇၃၊ ဇန်နဝါရီတွင်မူ ဗီယက်နမ်စစ်ပွဲအတွက် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့သဖြင့် စစ်ပွဲအဆုံးသတ်သည်။ ထိုသို့အောင်မြင်မှုများ ရရှိနေသော်လည်း ဂျွန်ဆင်သည် ဝါးတားဂိတ် အရှုပ်တော်ပုံတွင် တာဝန်ရှိကြောင်း ဗဟိုတရားရုံးနှင့် လွှတ်တော်တို့မှ စွဲချက်တင်ခြင်းကို ခံရသည်။ သမ္မတအာဏာဖြင့် ထိုစွဲချက်ကို ပယ်ချရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် အဆိုပါအရှုပ်တော်ပုံနှင့် ပက်သက်သည့်အထောက်အထားများအား ၁၉၇၄ခုနှစ်၊ ဩဂုတ်လ၊ ၅ရက်နေ့တွင် တရားရုံးသို့တင်ပြပေးခဲ့ရပြီး အပြစ်ထင်ရှားကြောင်းဆုံးဖြတ်ခံရသဖြင့် ဩဂုတ်လ၊ ၉ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။ သို့ဖြင့်နစ်ဆင်သည် အမေရိကန်သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့အရှုပ်တော်ပုံကြောင့် ရာထူးမှနုတ်ထွက်ပေးရသည့် တစ်ဦးတည်းသော သမ္မတဖြစ်သွားရသည်။
Remove ads
ဘဝနိဂုံး
သမ္မတရာထူးမှ နုတ်ထွက်ပေးရသော်လည်း နစ်ဆင်သည် ဝါရင့်ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံရေးလောကတွင် ဆက်လက်၍လှုပ်ရှားခဲ့ပြီး ၁၉၉၄ခုနှစ်၊ ဧပြီလ၊ ၂၂ရက်နေ့တွင် နယူးယောက်မြို့၌ ကွယ်လွန်ခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads