လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန

From Wikipedia, the free encyclopedia

Remove ads

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (အင်္ဂလိပ်: Department of Agriculture Land Management and Statistics) သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ယခင် ဌာနတစ်ခုဖြစ်သည်။၂၀၁၄ ခုနှစ် ဧပြီ၁ရက်နေ့တွင် မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန အမည်သို့ပြောင်းလဲပြင်ဆင်သတ်မှတ်သည်။ []

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်း​ကြောင်း

ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာပြည်၏ မြေယာသယံဇာတများကိုအသုံးချလို၍ လယ်ယာမြေများကို တိုးချဲ့လုပ်ကိုင်စေပြီး စိုက်ပျိုးမြေအားလုံးပေါ်မှ မြေခွန်ကောက်ခံကာ ၎င်းတို့၏ဗျူရိုကရေစီ ယန္တရားကြီး အာဏာ စက်တည်တံ့ခိုင်မြဲအောင် ရပ်တည်လည်ပတ်နိုင်ရေးအတွက် မြေယာကုန်ထုတ်လုပ်မှုကို  လက်ဝါးကြီး အုပ်၍ ကုန်သွယ်မှုအမြတ်ထုတ်ရန် ကြံစည်ကြိုးပမ်းခဲ့သည်။

ယင်းသို့ကြံစည်ကြိုးပမ်းချက်နှင့်အတူ အိန္ဒိယအစိုးရသည် မြန်မာပြည်ကို ၎င်းတို့၏ ပြည်နယ် တစ်ခု အဖြစ် ထားရှိသည်နှင့်အညီ မြန်မာပြည်သို့အုပ်ချုပ်ရန်စေလွှတ်သော အဖွဲ့များဖြစ်သည့် ပြည်ထဲ​ရေးဌာန(Home Department)၊အခွန်ဌာန (Department of Revenue)၊ ​စိုက်ပျိုး​ရေးနှင့်စီးပွား​ရေး (Agriculture and Commerce)၊​မြေယာအခွန်နှင့် ​ကြေးတိုင် (Land Revenue and Settlement)၊​မြေတိုင်းဝန်ထမ်းများအား မြေတိုင်းသွန်သင်ချက် (Survey Instructions)များကိုပါ သင်ကြား စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ဗြိတိသျှနယ်ချဲ့တို့သည်  ၎င်းတို့ မအုပ်ချုပ်ရသေးသောဒေသတို့ကို တည်တည်တံ့တံ့ အုပ်ချုပ်နိုင်ရန် အတွက် မြေတိုင်းတာမြေပုံထုတ်သည့်လုပ်ငန်းကိုစနစ်တကျဆောင်ရွက်ပြီး နယ်မြေဒေသကို စနစ်တကျပိုင်းခြား အုပ်ချုပ်ခြင်း၊ မြေခွန်စည်းကြပ်ခြင်းနှင့် လယ်ယာကဏ္ဍစာရင်းဇယားများ ပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။ 

ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားခိုင်မာစွာ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဘဏ္ဍာငွေ အမြောက် အမြား ရှာဖွေနိုင်ရန် လယ်ယာမြေများကို ယခင်ဝမ်းစာရှာဖွေရေးမှ စီးပွားဖြစ်စိုက်ပျိုးရေးကို ဦးတည်ချက် ထားလျက် ပိုင်ဆိုင်လုပ်ကိုင်ခွင့်စနစ်အမျိုးမျိုးဖြင့် လုပ်ကိုင်စေခဲ့ရာတွင် မြေခွန်၊မြေတိုင်း၊ ကြေးတိုင်၊ မြေစာရင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အချိန်ကြာမြင့်စွာ တစ်ခုနှင့်တစ်ခု ပေါင်းစပ် သန္ဓေတည်ခဲ့ကြသည်။

၁၈၈၇ ခုနှစ်တွင် မြေစာရင်းဌာနကို စိုက်ပျိုးရေးဌာနနှင့်ပူးပေါင်း၍ Department of Land Records and Agriculture ဌာနကို ဖွဲ့စည်းဆောင်ရွက်စေခဲ့သည်။ ၁၉၀၀ ပြည့်နှစ်တွင် မြေခွန်တော်နှုန်းထား သတ်မှတ်သည့် ကြေးတိုင်လုပ်ငန်းကို သီးသန့်လုပ်ကိုင်နိုင်ရန် Department of Settlement ကို ဖွဲ့စည်း ခဲ့သည်။ 

ဗြိတိသျှတို့သည်မြန်မာပြည်ကို မဟာဝန်ရှင်တော်မင်းကြီး (Chief Commissioner) လက်အောက်တွင် ထားရှိပြီး ဥပဒေများပြဋ္ဌာန်း အုပ်ချုပ်နိုင်ရေးအတွက် ဌာနများဖွဲ့စည်း အုပ်ချုပ် ခဲ့သည်။ ၁၈၉၇ ခုနှစ် မေလ(၁)ရက်နေ့တွင် ဒုတိယဘုရင်ခံချုပ်မှ ဆက်လက်အုပ်ချုပ်ခဲ့သည်။ ၁၈၈၇ ခုနှစ်၊ မေလ (၁၂)ရက်နေ့တွင် Mr. W.T. Hall ကို Director of the Department of Land Records and Agriculture အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ယင်းလက်အောက်တွင် ခရိုင်လယ်ဝန်ရာထူးများ ခန့်ထားဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

၁၉၀၅ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ကြေးတိုင်လုပ်ငန်း၊ မြေစာရင်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပူးပေါင်း၍ Directorate of Settlement, Land Record and Agriculture ကို ဖွဲ့စည်းခဲ့သည်။ ၁၉၀၆ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် မြေခွန်တော် စည်းကြပ်ခြင်းလုပ်ငန်းကိုထိရောက်ကျယ်ပြန့်စွာ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက်စိုက်ပျိုးရေးဌာနကိုခွဲထုတ်၍ ကြေးတိုင်ဌာနနှင့်မြေစာရင်းဌာန တို့အား ပူးပေါင်းပြီး Commissioner of Settlement  and Director of  Land Records Department ကို ဖွဲ့စည်းခဲ့သည်။

၁၉၄၈ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေမူကြမ်းကို လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးဌာနလက်အောက်ရှိ မြေယာဌာနခွဲမှ (၉.၉.၁၉၄၈) ရက်နေ့တွင် နိုင်ငံတော်ပြန်တမ်းဖြင့် ထုတ်ပြန်ခဲ့ ကြောင်း၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးလုပ်ငန်းများကို မူလက လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီး ဌာနမှ ဆောင်ရွက်ရန်ဖြစ်သော်လည်း ယင်းလုပ်ငန်းကို ကျယ်ပြန့်စွာနှင့် သီးသန့်ဆောင်ရွက်နိုင်ရန် ၁၉၅၂ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနပေါ်ပေါက်လာပြီး ၎င်း၏လက်အောက်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဌာနခွဲ၊ လျော်ကြေး ဌာနခွဲ၊ ကြေးတိုင်နှင့်မြေစာရင်းဌာနခွဲနှင့် မြေတိုင်းဌာနခွဲ တို့ပါဝင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဌာနခွဲနှင့်လျော်ကြေးဌာနခွဲကို ကြေးတိုင်နှင့်မြေစာရင်းဌာန လက်အောက်သို့ သွတ်သွင်းခဲ့သည်။

၁၉၇၂ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဝန်ကြီးဌာနကို ဖျက်သိမ်း၍ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာနအောက်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာနကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာနအောက်တွင် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့မှစ၍ ဖွဲ့စည်းပုံအသစ်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၁၅.၁.၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)၏ သဘောတူခွင့်ပြုချက်အပေါ် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ (၂၈.၄.၂၀၁၅)ရက်စွဲ ပါအမိန့်ကြော်ငြာစာအမှတ်(၁၃/၂၀၁၅)  ဖြင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရှိ အရာထမ်း(၃၉၅)နေရာ၊ အမှုထမ်း(၁၃၉၁၈)နေရာတို့ဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[]

Remove ads

ဖွဲ့စည်းပုံ

  • စီမံ​ရေးရာဌာနခွဲ
  • ​ကြေးတိုင်နှင့် စီမံကိန်းနှင့်သုတေသနဌာနခွဲ
  • ​မြေယာစီမံခန့်ခွဲ​ရေးဌာနခွဲ
  • ဘတ်ဂျက်နှင့် ​ငွေစာရင်းဌာနခွဲ
  • စာရင်းအင်းဌာနခွဲ
  • ​မြေစာရင်း၊ ​မြေတိုင်းနှင့် ပုံနှိပ်ဌာနခွဲ
  • ဗဟိုမြေစာရင်းဖွံဖြိုးမှုလေ့ကျင်ပညာပေးရေးသင်တန်းကျောင်း
  • မြေယာအသုံးချမှုနှင့်စစ်ဆေးရေးဌာနခွဲ
  • ပြည်နယ်/တိုင်းရုံးများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads