လာလီဘယ်လာမြို့

From Wikipedia, the free encyclopedia

လာလီဘယ်လာမြို့
Remove ads

လာလီဘယ်လာမြို့သည် အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း အမ်ဟာရာဒေသ အတွင်း တည်ရှိပြီး ကျောက်တုံးတစ်တုံးတည်းကို ထွင်းထုတည်ဆောက်ထားသော ဘုရားရှိခိုးကျောင်းများကြောင့် ထင်ရှားသည်။ လာလီဘယ်လာ တစ်မြို့လုံးသည် အလယ်ခေတ် နှင့် အလယ်ခေတ်နောက်ပိုင်း အီသီယိုးပီးယားရှိ ယဉ်ကျေးမှု လူ့အဖွဲ့အစည်း၏ သက်သေ အဖြစ် ပြသလျက် ရှိသည်။ လာလီဘယ်လာသည် အီသီယိုးပီးယားတွင် အက်ဆမ်မြို့ ပြီးလျှင် ဒုတိယမြောက် အမြင့်မြတ်ဆုံး မြို့တော် တစ်ခု ဖြစ်ကာ ဘုရားရှိခိုးများ လာရောက်ဝတ်ပြု လည်ပတ်ရာ နေရာတစ်ခု လည်း ဖြစ်သည်။ အက်ဆမ်မြို့နှင့် မတူသည့် အချက်မှာ လာလီဘယ်လာတွင် နေထိုင်သော လူဦးရေ အားလုံး လိုလိုမှာ အောသိုဒေါ့စ် ခရစ်ယာန် ဘာသာဝင်များ ဖြစ်သည်။ အီသီယိုးပီးယားနိုင်ငံသည် ၄ ရာစု၏ ပထမတစ်ဝက်တွင် ခရစ်ယာန်ဘာသာကို စတင်ကိုးကွယ်ခဲ့သဖြင့် ခရစ်ယာန်ဘာသာကို အစောဆုံး ကိုးကွယ်သော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။

အချက်တိုများ ရော့ခ်ဟျူးမ် ဘုရားရှိခိုးကျောင်းများ၊ လာလီဘယ်လာ*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads