လိင်ဆက်ဆံသည့် ကိုယ်နေဟန်ထားများ
From Wikipedia, the free encyclopedia
Remove ads
လိင်ဆက်ဆံသည့် ကိုယ်နေဟန်ထား ဆိုသည်မှာ လူသားတို့ လိင်ဆက်ဆံခြင်း သို့မဟုတ် အခြားသော လိင်အပြုအမူများတွင် ပြုလုပ်လေ့ရှိသော ကိုယ်ဟန်အနေအထားဖြစ်သည်။ လိင်ဆက်ဆံခြင်း အပြုအမူများကို ပြုလုပ်ရာတွင်ရှိနေသည့် ကိုယ်ခန္ဓာအနေအထားပုံစံများဖြင့် လိင်ဆက်ဆံမှုပုံစံကို ဖော်ပြလေ့ရှိသည်။ ယေဘုယျအားဖြင့် လိင်ဆက်ဆံခြင်းတွင် လူတစ်ဦးမှ နောက်တစ်ဦးသို့ ထိုးသွင်းဆက်ဆံခြင်းပါဝင်လေ့ရှိသော်လည်း လိင်ဆက်ဆံသည့် ကိုယ်နေဟန်ထားများတွင် ထိုးသွင်းမှုမပါသော လိင်အပြုအမူများ ပါဝင်လေ့ရှိသည်။

ယောနိဖြင့် လိင်ဆက်ဆံခြင်း၊ စအိုဖြင့် လိင်ဆက်ဆံခြင်းနှင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟူသော လိင်ဆက်ဆံခြင်း အပြုအမူများကို ကဏ္ဍသုံးခုအနေဖြင့် ခွဲခြားနိုင်သည်။[၁] လိင်အပြုအမူများတွင် စတုတ္ထကဏ္ဍအနေဖြင့် လက်ချောင်း သို့မဟုတ် လက်ဖြင့် လိင်အင်္ဂါများ သို့မဟုတ် စအိုအား နှိုးဆွသည့် လက်ဖြင့် ပွတ်သပ်ခြင်းလည်း ရှိသည်။ အချို့အပြုအမူများတွင် လိင်ကစားစရာအရုပ်ဖြင့် နှိုးဆွမှုပြုလုပ်ခြင်းများလည်း ပါဝင်သည်။[၂]
Remove ads
ထိုးသွင်းဆက်ဆံမှု ကိုယ်နေဟန်ထားများ
ဤပုံစံများတွင် ယောနိ၊ စအို သို့မဟုတ် ပါးစပ်တွင်းသို့ ပုရိလိင်္ဂပစ္စည်းများ (လိင်တံ၊ လိင်တံအရုပ်၊ ပလတ် စသည်) တို့ ထိုးသွင်းခြင်း ပါဝင်သည်။
ဆက်ဆံဖော်အား ရှေ့ဖက်အပေါ်မှ ထိုးသွင်းခြင်း

missionary position သို့မဟုတ် လှေကြီးထိုးပုံစံတွင် ပါဝင်သူများသည် မျက်နှာခြင်းဆိုင်ရှိနေသည်။ ထိုးသွင်းမှုလက်ခံသော ဆက်ဆံဖော်သည် ပက်လက်ကျောခင်းကာ ခြေထောက်များ ကားထားပြီး ထိုးသွင်းသော ဆက်ဆံဖော်က အပေါ်မှ လှဲလျောင်းသည်။ ဤပုံစံနှင့် အောက်ပါမူကွဲများကို ယောနိ သို့မဟုတ် စအိုဖြင့် လိင်ဆက်ဆံခြင်းတို့တွင် အသုံးပြုသည်။
- လက်ခံမည့် ဆက်ဆံဖော်သည် ကုတင်စွန်း သို့ စားပွဲခုံကဲ့သို့သော ခုံအစွန်းပေါ်မှ ခြေထောက်တွဲလောင်းချထားကာ ထိုးသွင်းမည့် ဆက်ဆံဖော်သည် လက်ခံမည့် ဆက်ဆံဖော်၏ ရှေ့တွင် မတ်တပ်ရပ် ဆက်ဆံသည်။[၃]
- လက်ခံမည့် ဆက်ဆံဖော်၏ ခြေထောက်များအား မျက်နှာကျက်ဆီသို့ မမြှောက်ထားပြီး ထိုးသွင်းမည့် ဆက်ဆံဖော်ထံသို့ မှီထားသော ပုံစံကို လိပ်ပြာပုံစံဟုလည်း ခေါ်သည်။
- လက်ခံမည့် ဆက်ဆံဖော်သည် ကျောခင်းလှဲလျောင်းထားသည်။ ထိုးသွင်းမည့် ဆက်ဆံဖော်သည် လက်ခံမည့် ဆက်ဆံဖော်၏ တင်ပါးကို မမြှောက်ကာ ထိုးသွင်းဆက်ဆံသည်။ မူကွဲအနေဖြင့် လက်ခံမည့် ဆက်ဆံဖော်၏ ခြေထောက်များကို ထိုးသွင်းမည့် ဆက်ဆံဖော်၏ ပုခုံးပေါ် တင်ထားသည့် ပုံစံ ဖြစ်သည်။
- လက်ခံမည့် ဆက်ဆံဖော်သည် ကျောခင်းလှဲလျောင်းနေကာ ခြေထောက်များကို အပေါ်ဖက်သို့ တွန်းတင်ကာ ဦးခေါင်းအနီးသို့ ဒူးခေါင်းများကို ပင့်တင်ထားသည်။ ထိုးသွင်းမည့် ဆက်ဆံဖော်သည် လက်ခံမည့် ဆက်ဆံဖော်၏ ခြေထောက်များကို ကိုင်ကာ အပေါ်မှနေ၍ ထိုးသွင်းဆက်ဆံသည်။
- ယခင် ပုံစံနှင့် ဆင်တူကာ လက်ခံမည့် ဆက်ဆံဖော်၏ ခြေထောက်များကို ထိုးသွင်းမည့် ဆက်ဆံဖော်က လက်ဖြင့် ကိုင်ကာ လက်ခံမည့် ဆက်ဆံဖော်၏ ရင်ဘတ်ဖက်သို့ တွန်းကာ ဆက်ဆံသည်။[၄]
- ဖြောင့်တန်းဆက်ဆံနည်းလမ်းသည် အမျိုးသားသည် အမျိုးသမီး၏ ယောနိသို့ ထိုးသွင်းဆက်ဆံပြီး ထိုးသွင်းသည့် ဆက်ဆံဖော်သည် အမျိုးသမီးခန္ဓာကိုယ်နှင့် အထက်အောက်လှုပ်ရှားကာ မလိင်စေ့ကို ပွတ်တိုက်ပြီး လိင်တံကို အောက်စိုက်ဆက်ဆံသည့် နည်းလမ်း ဖြစ်သည်။[၅]
- လက်ခံသည့် ဆက်ဆံဖော်သည် သူ၏ ခြေထောက်များကို ဦးခေါင်းနောက်တွင် ကြက်ခြေခတ်ကာ (သို့မဟုတ် ခြေဖဝါးကို နားရွက်နောက်တွင် ထားကာ) လဲလျောင်းသည်။ ထိုးသွင်းသည့် ဆက်ဆံဖော်သည် လက်ခံသည့် ဆက်ဆံဖော်၏ ခြေချင်းဝတ်ကို တင်းကြပ်စွာ ကိုင်ကာ အပေါ်မှ လှဲ၍ ဆက်ဆံသည်။ မူကွဲတစ်ခုမှာ လက်ခံသည့် ဆက်ဆံဖော်သည် သူ၏ ခြေချင်းဝတ်များကို ဝမ်းဗိုက်ပေါ်တွင် ကြက်ခြေခတ်ထားကာ ဒူးခေါင်းကို ပုခုံးဆီသို့ ကပ်ထားပြီး ထိုးသွင်းသည့် ဆက်ဆံဖော်သည် ကိုယ်ခန္ဓာကိုယ်အလေးချိန်ဖြင့် အပေါ်မှ ထိုးသွင်းဆက်ဆံသည်။ ဤပုံစံကို လိင်၏ ပျော်ရွှင်မှု တွင် ဗီယင်နာမုတ်ကောင် ဟု ရည်ညွှန်းသည်။[၆]
နောက်ဖက်မှ ထိုးသွင်းဆက်ဆံခြင်း


ဤပုံစံအများစုကို ယောနိ သို့မဟုတ် စအိုအား ထိုးသွင်းဆက်ဆံရာတွင် အသုံးပြုနိုင်သည်။ မူကွဲပုံစံများမှာ
- လက်ခံသည့်ဆက်ဆံဖော်သည် ခြေလက်လေးချောင်းစလုံးထောက်ထားကာ ထိုးသွင်းသည့် ဆက်ဆံဖော်က အနောက်ဖက်မှနေကာ လိင်တံ သို့မဟုတ် လိင်ကစားစရာအရုပ်ဖြင့် ယောနိ သို့မဟုတ် စအိုအား ထိုးသွင်းဆက်ဆံသည်။[၇]
- လက်ခံသည့် ဆက်ဆံဖော်သည် ရင်ဘတ်ကို အောက်နှိမ့်ထားကာ ထိုးသွင်းသည့် ဆက်ဆံဖော်က လက်ခံသည့် ဆက်ဆံဖော်၏ တင်ပါးများကို မြှောက်ထားကာ အဆုံးတိုင် ထိုးသွင်းဆက်ဆံသည်။
- လက်ခံသည့် ဆက်ဆံဖော်သည် လေးဘက်ထောက်ထားစဉ် ထိုးသွင်းသည့် ဆက်ဆံဖော်သည် ခြေထောက်ကို လက်ခံသည့် ဆက်ဆံဖော်၏ ဘေးတစ်ဖက်စီတွင် ထားကာ ဒူးကွေး၍ ဆက်ဆံသည်။ ထိုးသွင်းသည့် ဆက်ဆံဖော် ရှေ့သို့ လဲမကျစေရန် လက်များကို လက်ခံသည့် ဆက်ဆံဖော်၏ ကျောဘက်တွင် ကိုင်ထားသည်။[၈]
- လက်ခံသည့် ဆက်ဆံဖော်သည် ဒူးထောက်မတ်တပ်ရပ်နေစဉ် ထိုးသွင်းသည့် ဆက်ဆံဖော်သည် လက်ခံသည့် ဆက်ဆံဖော်၏ လက်နှစ်ဖက်ကို နောက်ဖက်သို့ ဆွဲယူကိုင်ထားကာ ဆက်ဆံသည်။
ဇွန်းတပ်ပုံစံတွင် ဆက်ဆံဖော်နှစ်ဦးစလုံး မျက်နှာလားရာတူ ဘေးတိုက်လှဲလျောင်းသည်။[၉] ဤနည်းလမ်း၏ မူကွဲပုံစံများမှာ
- လက်ခံသည့်ဆက်ဆံဖော်သည် ဘေးတိုက်လဲလျောင်းထားသည်။ ထိုးသွင်းသည့် ဆက်ဆံဖော်က ဒူးထောက်ကာ နောက်ဖက်မှ ဆက်ဆံသည်။ လက်ခံသည့် ဆက်ဆံဖော်သည် အမြင့်တွင် ဖြစ်ပါက ထိုးသွင်းသည့် ဆက်ဆံဖော်သည် မတ်တပ်ရပ်၍ ဆက်ဆံနိုင်သည်။
- လက်ခံသည့် ဆက်ဆံဖော်သည် မှောက်လျက်လဲလျောင်းကာ ခြေထောက်များကို ဘေးကားထားသည်။ ထိုးသွင်းသည့် ဆက်ဆံဖော်က အပေါ်မှနေ၍ ဆက်ဆံသည်။[၁၀] လက်ခံသည့် ဆက်ဆံဖော်၏ အောက်တွင် ခေါင်းအုံးခုကာ တင်ပါးများကို မြောက်နေစေခြင်းဖြင့် ဤပုံစံ၏ နှိုးဆွနိုင်မှုကို မြင့်တက်စေနိုင်သည်။
- လက်ခံသည့် ဆက်ဆံဖော်သည် မှောက်လျက် ခြေထောက်များပူးထားကာ လဲလျောင်းသည်။ ထိုးသွင်းသည့် ဆက်ဆံဖော်က သူ၏ ခြေထောက်များကား၍ အပေါ်မှ ဆက်ဆံသည်။
- လက်ခံသည့် ဆက်ဆံဖော်သည် ဘေးတိုက်လဲလျောင်းက အပေါ်ဖက်မှ ခြေထောက်ကို ရှေ့သို့ တိုးကပ်ထားသည်။ ထိုးသွင်းသည့် ဆက်ဆံဖော်က လက်ခံသည့် ဆက်ဆံဖော်၏ အောက်ခြေထောက်ကို ခွလျက် ဆက်ဆံသည်။
လက်ခံသည့် ဆက်ဆံဖော်က အပေါ်မှနေ၍ ဆက်ဆံခြင်း

ဤပုံစံအများစုကို ယောနိ သို့မဟုတ် စအို ထိုးသွင်းဆက်ဆံခြင်းများအတွက် အသုံးပြုနိုင်သည်။ လက်ခံသည့် ဆက်ဆံဖော်သည် အမျိုးသမီးဖြစ်ပါက ဤပုံစံများကို ရံဖန်ရံခါတွင် အမျိုးသမီးက အပေါ်မှနေ၍ ဆက်ဆံခြင်း သို့မဟုတ် ကောင်းဂဲလ် ပုံစံများဟု ခေါ်ဝေါ်လေ့ရှိသည်။
ဤပုံစံများ၏ အဓိကအချက်မှာ ထိုးသွင်းသည့် ဆက်ဆံဖော်သည် ကျောခင်းလဲလျောင်းကာ လက်ခံသည့် ဆက်ဆံဖော်က အပေါ်မှ နေ၍ ဆက်ဆံခြင်းဖြစ်သည်။
- လက်ခံသည့် ဆက်ဆံဖော်သည် ဒူးထောက်ထိုင်ကာ ထိုးသွင်းသည့် ဆက်ဆံဖော်အား ခွလျက် မျက်နှာခြင်းဆိုင် ဆက်ဆံခြင်း ဖြစ်သည်။
- မူကွဲပုံစံအနေဖြင့် လက်ခံသည့် ဆက်ဆံဖော်သည် ထိုးသွင်းသည့် ဆက်ဆံဖော်အား ကျောပေးလျက် ဆက်ဆံသည်။ ဤပုံစံအား ရံဖန်ရံခါတွင် ပြောင်းပြန်ကောင်းဂဲလ် ပုံစံဟု ခေါ်လေ့ရှိသည်။
- လက်ခံသည့် ဆက်ဆံဖော်သည် သူ၏ လက်များအား မြေပြင်တွင် နောက်ပြန်ထောက်၍ ဆက်ဆံသည်။
- လက်ခံသည့် ဆက်ဆံဖော်သည် ထိုးသွင်းသည့် ဆက်ဆံဖော်ဘက် မျက်နှာခြင်းဆိုင်၍ ဆောင့်ကြောင့်ထိုင်ကာ ဆက်ဆံသည်။
- ထိုးသွင်းသည့် ဆက်ဆံဖော်သည် စားပွဲအနိမ့်၊ တန်းလျား၊ ထိုင်ခုံ၊ သို့မဟုတ် ကုတင်စွန်းတွင် နောက်ကျောဖြင့် လဲလျောင်းကာ ခြေထောက်ကို ကြမ်းပြင်တွင် ချထားပြီး လက်ခံသည့် ဆက်ဆံဖော်က အပေါ်မှ ခွလျက် ဆက်ဆံသည်။ လက်ခံသည့် ဆက်ဆံဖော်သည် အခြားသော ပုံစံများကို ပြောင်းလဲ ဆက်ဆံနိုင်သည်။
- ဘေးတိုက် လိင်ဆက်ဆံခြင်း ကိုယ်နေဟန်ထား ကို Masters and Johnsonက အကြံပြုထားပြီး ယင်းကို သူတို့၏ လိင်မတူဆက်ဆံသူ လေ့လာမှု၏ လေးပုံသုံးပုံက ပိုမိုနှစ်သက်သည်ဟုဆိုသည်။ ဤပုံစံတွင် အမျိုးသားက ကျောဖြင့် လဲလျောင်းကာ အမျိုးသမီးက အနည်းငယ်ဘေးတိုက်လဲလျောင်းပြီး သူမ၏ တင်ပါးဆုံကို အမျိုးသားပေါ်တွင်ထားကာ ဆက်ဆံခြင်း ဖြစ်သည်။[၁၁] ဤပုံစံကို စအိုထိုးသွင်းဆက်ဆံခြင်းတွင်လည်း အသုံးပြုနိုင်သည်။
ထိုင်လျက်နှင့် ဒူးထောက်လျက် ကိုယ်နေဟန်ထား

ဤပုံစံအများစုကို ယောနိ သို့မဟုတ် စအို ထိုးသွင်းဆက်ဆံခြင်းများအတွက် အသုံးပြုနိုင်သည်။
- ထိုးသွင်းသည့် ဆက်ဆံဖော်သည် ခြေဆင်း၍ ထိုင်သည်။ လက်ခံသည့် ဆက်ဆံဖော်က အပေါ်မှ ထိုင်က သူ၏ ခြေထောက်များကို ထိုးသွင်းသည့် ဆက်ဆံဖော်အား ခွထားသည်။ ရနံ့ထုံသော ဥယျာဉ်၏ ဘာတွန်ဘာသာပြန်တွင် pounding on the spotဟု ခေါ်သည်။[၄] ထိုးသွင်းသည့် ဆက်ဆံဖော်သည် တင်ပျဉ်ခွေထိုင်ပါက lotus position သို့မဟုတ် lotus flower ဟု ခေါ်သည်။ ဤပုံစံသည် ရမ္မက်သွေးကြွလွယ်သောနေရာများကို ပွတ်သပ်ခြင်းများ ပြုလုပ်နိုင်သည်။
- ထိုးသွင်းသည့် ဆက်ဆံဖော်သည် ထိုင်ခုံပေါ်တွင် ထိုင်သည်။ လက်ခံသည့် ဆက်ဆံဖော်သည် ထိုးသွင်းသည့် ဆက်ဆံဖော်အား မျက်နှာခြင်းဆိုင်ကာ ခြေထောက်အောက်ချလျက် အပေါ်မှ ခွလျက်ထိုင်သည်။ ယင်းပုံစံကို ရံဖန်ရံခါတွင် ထိုးသွင်းဆက်ဆံခြင်း ပါဝင်လေ့မရှိသော lap dance ဟုလည်း ခေါ်သည်။ လက်ခံသည့် ဆက်ဆံဖော်သည် ထိုးသွင်းသည့် ဆက်ဆံဖော်အား ကျောပေး၍ ပြောင်းပြန်လည်း ထိုင်နိုင်သည်။
- ထိုးသွင်းသည့် ဆက်ဆံဖော်သည် တန်းလျား သို့ ထိုင်ခုံပေါ်တွင် လက်နှစ်ဖက်ချ၍ ထိုင်သည်။ လက်ခံသည့် ဆက်ဆံဖော်သည် ထိုးသွင်းသည့် ဆက်ဆံဖော်၏ ပေါင်နှစ်ဖက်အကြားတွင် ထောင့်မတ်ပုံစံ ထိုင်သည်။
- လက်ခံသည့် ဆက်ဆံဖော်က ကျောခင်းလဲလျောင်းနေစဉ် ထိုးသွင်းသည့် ဆက်ဆံဖော်က ဒူးထောက်ထိုင်ကာ လက်ခံသည့် ဆက်ဆံဖော်၏ ခြေချင်းဝတ်များကို ထိုးသွင်းသည့် ဆက်ဆံဖော်၏ ပုခုံးတစ်ဖက်စီပေါ်တွင် တင်၍ ဆက်ဆံသည်။[၄]
မတ်တပ်ရပ်လျက် ကိုယ်နေဟန်ထား

ဤပုံစံအများစုကို ယောနိနှင့် စအို ထိုးသွင်းဆက်ဆံမှုနှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည်။ အခြေခံမတ်တပ်ရပ်ပုံစံတွင် ဆက်ဆံဖော်နှစ်ဦးသည် မျက်နှာခြင်းဆိုင်လျက်ရှိသည်။ မူကွဲပုံစံများတွင် အောက်ပါတို့ ပါဝင်သည်။
- အခြေခံမတ်တပ်ရပ်ပုံစံတွင် ဆက်ဆံဖော်နှစ်ဦးသည် မျက်နှာခြင်းဆိုင်လျက် လိင်ဆက်ဆံသည်။ အရပ်အမြင့်တူညီစေရန်အတွက် အရပ်ပုသော ဆက်ဆံဖော်သည် လှေကားထစ်ပေါ်တွင် မတ်တပရပ်ခြင်း သို့မဟုတ် ဒေါက်မြင့်ဖိနပ်စီးခြင်းများ ပြုလုပ်နိုင်သည်။ အမျိုးသမီးသည် မတ်တပ်ရပ်လျက် နံရံတစ်ခုအား မှီထားပါက ထိုးသွင်းရန် ပိုမိုလွယ်ကူသည်။ ကာမသျှတ္တရ တွင် ဤပုံစံအား Suspended Congress ဟု ခေါ်သည်။[၁၂]
- ထိုးသွင်းသည့် ဆက်ဆံဖော်သည် မတ်တပ်ရပ်လျက် လက်ခံသည့် ဆက်ဆံဖော်၏ လက်များက ထိုးသွင်းသည့် ဆက်ဆံဖော်၏ လည်ပင်းတွင်လည်းကောင်း၊ ခြေထောက်များကို ခါးတွင်လည်းကောင်း ဖက်ထားခြင်းဖြင့် ယောနိ သို့မဟုတ် စအိုသည် အမျိုးသား၏ လိင်တံနှင့် ထိတွေ့စေသည်။ အပေါ်ပုံစံကဲ့သို့ လက်ခံသူ၏ နောက်ကျောဖက်တွင် မာကျောသောအရာဝတ္တုကို အသုံးပြုပါက ပိုမိုလွယ်ကူစေသည်။ ဤပုံစံအား စတင်ရန် လက်ခံသည့် ဆက်ဆံဖော်က အိပ်ယာစွန်းတွင် ပက်လက်ရှိနေစဉ် ထိုးသွင်းသည့် ဆက်ဆံဖော်၏ တံတောင်ဆစ်ကို လက်ခံသူ၏ ဒူးခေါင်းအောက်မှ လျှိုဝင်ပြီး မယူ၍ မတ်တပ်ရပ်ခြင်းဖြင့် လွယ်ကူစေနိုင်သည်။ ဂျပန်နိုင်ငံတွင် ဤပုံစံကို အဲကီဘန် ပုံစံဟု ခေါ်သည်။[၁၃]
- မူကွဲအနေဖြင့် လက်ခံသည့် ဆက်ဆံဖော်သည် စအိုဖြင့် ဆက်ဆံရန်အတွက် ထိုးသွင်းသည့် ဆက်ဆံဖော်အား ကျောပေးထားနိုင်သည်။ လက်ခံသည့် ဆက်ဆံဖော်က စားပွဲခုံပေါ်တွင် လက်ထောက်ထားခြင်း၊ တံတောင်ဆစ်ထောက်ထားခြင်းစသည့် အနေအထားအမျိုးမျိုးကိုလည်း ပြုလုပ်နိုင်သည်။
စအိုဖြင့် လိင်ဆက်ဆံခြင်း ကိုယ်နေဟန်ထားများ

ဤပုံစံများတွင် စအိုအား ထိုးသွင်းဆက်ဆံခြင်းများ ပါဝင်သည်။
- ဒေါ့ဂီစတိုင် ထိုးသွင်းဆက်ဆံခြင်းသည် ထိုးသွင်းမှုအနက်ကို အမြင့်ဆုံးဖြစ်စေသော်လည်း အူကောက်ကို တွန်းစေနိုင်သော အန္တရာယ်ရှိသည်။ လက်ခံသည့် ဆက်ဆံဖော်သည် အမျိုးသားဖြစ်ပါက ဤပုံစံသည် ဆီးကျိတ်ကို ပိုမိုလှုံ့ဆော်ပေးနိုင်သည်။ ထိုးသွင်းသည့် ဆက်ဆံဖော်သည် တင်ပါးဆုံဖြင့် ထိုးသွင်းမှုစည်းချက်ကို ထိန်းချုပ်မှု ပြုလုပ်နိုင်သည်။ မူကွဲပုံစံတစ်မျိုးမှာ ဖားခုန်ပြေးပုံစံဖြစ်ပြီး လက်ခံသည့် ဆက်ဆံဖော်သည် ရင်ဘတ်ကို ရှေ့သို့ငိုက်ထားသည်။ လက်ခံသည့် ဆက်ဆံဖော်သည် မှောက်လျက်လဲလျောင်းထားနိုင်ပြီး ထိုးသွင်းသည့် ဆက်ဆံဖော်က တင်ပါးများပေါ်မှ ခွလျက် ဆက်ဆံနိုင်သည်။
- missionary ပုံစံများတွင် လက်ခံသည့် ဆက်ဆံဖော်၏ ခြေထောက်များကို လေပေါ်တွင် မြှောက်ထားပြီး ဒူးခေါင်းကို ရင်ဘတ်တွင် ကပ်ထားခြင်းဖြင့် အတည့်မတ်ဆုံးဖြောင့်တန်းမှုကို ရရှိနိုင်သည်။ ခေါင်းအုံးကဲ့သို့သော ပစ္စည်းများကို လက်ခံသည့် ဆက်ဆံဖော်၏ တင်ပါးအောက်တွင် ခုထားနိုင်သည်။ ထိုးသွင်းသည့် ဆက်ဆံဖော်သည် လက်ခံသည့် ဆက်ဆံဖော်၏ ခြေထောက်များအကြားတွင် နေရာယူနိုင်သည်။ ထိုးသွင်းသည့် ဆက်ဆံဖော်သည် ထိုးသွင်းသည့် စည်းချက်ကို ထိန်းချုပ်နိုင်သည်။ ပုံမှန်ဒေါ့ဂီစတိုင်ပုံစံထက် ပိုမိုသက်တောင့်သက်သာရှိသော ဤပုံစံသည် လိင်စတင်ဆက်ဆံသည့် လူသစ်များအတွက် ကောင်းမွန်သော ပုံစံဖြစ်သည်။
- ဇွန်းတပ်ပုံစံသည် လက်ခံသည့် ဆက်ဆံဖော်က အစောပိုင်းထိုးသွင်းမှုနှင့် ထိုးသွင်းမှုအနက်၊ အရှိန်နှင့် ထိုးသွင်းအားတို့ကို ထိန်းချုပ်နိုင်သည်။
- လက်ခံသည့် ဆက်ဆံဖော်က အပါ်မှနေ၍ ဆက်ဆံသည့်ပုံစံသည် လက်ခံသည့် ဆက်ဆံဖော်က ထိုးသွင်းမှု အနက်၊ စည်းချက်နှင့် အရှိန်တို့ကို ထိန်းချုပ်နိုင်သည်။
အသုံးနည်းသော ကိုယ်နေဟန်ထားများ


ဤပုံစံများသည် ဆန်းသစ်တီထွင်သော ပုံစံများဖြစ်ပြီး အပေါ်ဖော်ပြထားသော နည်းလမ်းများထက် အသုံးပြုမှု နည်းပါးသည်။
- လက်ခံသည့် ဆက်ဆံဖော်သည် ပက်လက်လဲလျောင်းကာ ဒူးထောင်ထားပြီး ခြေထောက်များ ကားထားသည်။ ထိုးသွင်းသည့် ဆက်ဆံဖော်က လက်ခံသူနှင့် ထောင့်မှန်ကျပုံစံ ဘေးတိုက်လဲလျောင်းပြီး လက်ခံသူ၏ ခြေထောက်နှင့် တင်ပါးအောက်တွင် နေရာယူကာ ဆက်ဆံသည်။ ဤပုံစံကို T-စတုရန်း ဟု ခေါ်လေ့ရှိသည်။[၁၄]
- လက်ခံသည့် ဆက်ဆံဖော်၏ ခြေထောက်များကို ဘေးတစ်ဖက်တွင် စောင်းထားကာ ထိုးသွင်းသည့် ဆက်ဆံဖော်အား မော့ကြည့်နေစဉ် ထိုးသွင်းသည့် ဆက်ဆံဖော်သည် ခြေထောက်များကား၍ တင်ပါးအနီးတွင် ဒူးထောက်ထိုင်ကာ ဆက်ဆံသည်။ ဤပုံစံကို မွမ်းမံထားသော T-စတုရန်းဟု ခေါ်သည်။[၁၅]
- ရနံ့ထုံသော ဥယျာဉ်၏ ဘာတွန် ဘာသာပြန်တွင် သတ္တမမြောက် ကိုယ်ဟန်အနေအထားပုံစံသည် အခြားသော ရိုးရာ လိင်မှုနည်းလမ်းများတွင် ဖော်ပြလေ့မရှိသော ပုံမှန်မဟုတ်သည့်ပုံစံ ဖြစ်သည်။[၄] လက်ခံသည့် ဆက်ဆံဖော်သည် ဘေးစောင်းလဲလျောင်းပြီး ထိုးသွင်းသည့် ဆက်ဆံဖော်က လက်ခံသူနှင့် မျက်နှာခြင်းဆိုင်ကာ လက်ခံသူ၏ ခြေထောက်အောက်ပိုင်းကို ခွလျက်ထိုင်ပြီး ခြေထောက်အပေါ်ပိုင်းကို မြှောက်ထားသည်။ အချို့က ဤပုံစံမှာ ခန္ဓာကိုယ်ပျော့ပျောင်းသူများအတွက်ဖြစ်ပြီး အတင်းအကျပ်မလုပ်ယူရန် ဖော်ပြကြပြီး[၁၆] အချို့က ဤပုံစံသည် ကိုယ်ဝန်ရှိနေချိန်တွင် သက်တောင့်သက်သာဖြစ်စေသော ပုံစံဟု ဆိုကြသည်။
- ပိုင်တိုင်ရိုက်စက်ပုံစံ သည် ခက်ခဲသော ပုံစံဖြစ်ပြီး ညစ်ညမ်းအပြာဗီဒီယိုများတွင် တွေ့ရလေ့ရှိသည်။ ယင်းကို ရင်းမြစ်အမျိုးမျိုးမှ နည်းလမ်းမျိုးစုံဖြင့် ဖော်ပြကြသည်။ လိင်ကွဲဆက်ဆံမှုတွင် အမျိုးသမီးက ပက်လက်လဲလျောင်းပြီး တင်ပါးများကို မြင့်နိုင်သမျှမြင့်မြင့် မြှောက်ထားကာ သူမ၏ ဆက်ဆံဖော်က မတ်တပ်ရပ်ကာ ယာနိအတွင်း သို့မဟုတ် စအိုတွင်းသို့ ထိုးသွင်းဆက်ဆံနိုင်သည်။ ဤပုံစံသည် အမျိုးသမီး၏ လည်ပင်းကို ဒဏ်ဖြစ်စေနိုင်သဖြင့် ကူရှင်ခုံကဲ့သို့သော အထောက်အပံ့ဖြင့် သုံးစွဲသင့်သည်။
- လက်ခံသူသည် ခုတင်စွန်း မှောက်လျက်လဲလျောင်းကာ ခြေထောက်များကို ကားလျက်ကြမ်းပြင်သို့ချထားစဉ် ထိုးသွင်းသူက နောက်ဖက်မှ မတ်တပ်ရပ်ကာ ခြေထောက်များကို ကိုင်ပြီး ဆက်ဆံသည်။
အခြားကိုယ်နေဟန်ထားများ
- လက်ခံသည့် ဆက်ဆံဖော်သည် အောက်တွင် နေသည်။ ထိုးသွင်းသည့် ဆက်ဆံဖော်က အပေါ်မှ ထောင့်မှန်ကျ နေကာ ဆက်ဆံသည်။
- ထိုးသွင်းသည့် ဆက်ဆံဖော်က ခြေထောက်များကားပြီး ပက်လက်နေသည်။ လက်ခံသည့် ဆက်ဆံဖော်က အပေါ်မှ နောက်ကျောပေးပက်လက်နေပြီး ခြေထောက်များကား၍ ဆန့်ကျင်ဘက် အနေအထားဖြင့် ဆက်ဆံသည်။
- ထိုးသွင်းသူနှင့် လက်ခံသူတို့ ပက်လက်လဲလျောင်းကာ တစ်ဦး၏ ခြေထောက်တစ်ချောင်းသည် အခြားတစ်ဦး၏ ပုခုံးထက်တွင် ထားကာ ကျန်တစ်ဖက်ကို ဘေးတစ်ဖက်စီသို့ချလျက် ဆက်ဆံသည်။
- လက်ခံသည့် ဆက်ဆံဖော်သည် ပက်လက်လဲလျောင်းနေစဉ် ထိုးသွင်းသည့် ဆက်ဆံဖော်က ထောင့်မှန်ကျ လဲလျောင်းသည်။ လက်ခံသည့် ဆက်ဆံဖော်က ထိုးသွင်းသည့် ဆက်ဆံဖော်၏ ဦးခေါင်းအနီးအထိဒူးကွေးကာ ထိုးသွင်းသည့် ဆက်ဆံဖော်၏ ခါးကို အောက်တွင်ထားပြီး ထိုးသွင်းသည့် ဆက်ဆံဖော်၏ ခြေထာက်တစ်ဖက်သည် လက်ခံသည့် ဆက်ဆံဖော်၏ ခြေထောက်တစ်ဖက်အပေါ် ခွထားသည်။ အဝင်အထွက်ထိုးသွင်းလှုပ်ရှားမှုသည် အထက်မှအောက်သို့ပုံစံထက် ဘေးတိုက်အနေအထားဖြင့် လှုပ်ရှားသည်။ ဤပုံစံသည် လိင်ဆက်ဆံနေစဉ်အတွင်း ရင်သားကို လှုံ့ဆော်နိုင်ပြီး အထွတ်အထိပ်ပြီးမြောက်ခြင်း ရောက်ချိန်တွင် မျက်လုံးချင်းဆိုင်ကြည့်နိုင်သည်။
- ထိုးသွင်းသည့် ဆက်ဆံဖော်သည် ကုတင်အစွန်း သို့မဟုတ် ထိုင်ခုံတွင် ထိုင်ကာ ခြေထောက်ကို ကြမ်းပြင်တွင် ကား၍ ထားသည်။ လက်ခံသည့် ဆက်ဆံဖော်သည် ကြမ်းပြင်တွင် ပက်လက်အနေအထားဖြင့် ခြေထောက်နှင့် ပေါင်များကို ထိုးသွင်းသည့် ဆက်ဆံဖော်၏ ခြေထောက်များအပေါ် တင်ထားသည်။ ထိုးသွင်းသည့် ဆက်ဆံဖော်သည် လက်ခံသည့် ဆက်ဆံဖော်၏ ဒူးခေါင်းကို ကိုင်ကာ ထိုးသွင်းမှုကို ထိန်းချုပ်သည်။
ကိုယ်ဝန်ရစေရန် အားပေးသော သို့မဟုတ် ကာကွယ်သော ကိုယ်နေဟန်ထားများ
မည်သည့် လိင်ဆက်ဆံမှုမှ ဖြစ်စေ သုက်ကောင်သည် ယောနိအတွင်းသို့ ဝင်ရောက်ထိတွေ့ရာမှ ကိုယ်ဝန်ရှိခြင်းကို ဖြစ်ပေါ်စေသည်။ ယေဘုယျအားဖြင့် ယောနိဖြင့် လိင်ဆက်ဆံခြင်းမှ ရရှိသော်လည်း မျိုးအောင်နိုင်သော အမျိုးသမီးနှင့် မျိုးအောင်နိုင်သော အမျိုးသားတို့အကြား သုက်ကောင်သည် ခန္ဓာကိုယ်တစ်နေရာမှ ယောနိအတွင်းသို့ ဝင်ရောက်နိုင်ခြင်းများဖြင့် စအိုဖြင့် လိင်ဆက်ဆံခြင်း၊ လက်ချောင်းဖြင့် လိင်ဆက်ဆံခြင်း၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း သို့မဟုတ် အခြားခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုဖြင့် လိင်ဆက်ဆံရာမှလည်း ကိုယ်ဝန်ရရှိစေနိုင်သည်။ အမျိုးသားများနှင့် အမျိုးသမီးများတွင် ပျိုဖော်ဝင်ချိန်တွင် ပုံမှန်အားဖြင့် မျိုးအောင်နိုင်သော အခြေအနေဖြစ်သည်။ အချို့သော လိင်ဆက်ဆံမှုပုံစံများသည် အခြားပုံစံများထက် ကိုယ်ဝန်ရရှိစေရန် ပိုမိုအားပေးသည်ဟု ယုံကြည်ကြသော်လည်း မည်သည့်ပုံစံကမျှ ပဋိသန္ဓေတားဆီးရာတွင် အကျိုးသက်ရောက်မှု မရှိပေ။
ကိုယ်ဝန်ရှိနေစဉ် ဆက်ဆံမှု ကိုယ်နေဟန်ထားများ
အဓိကရည်ရွယ်ချက်မှာ ဝမ်းဗိုက်အပေါ် ဖိအားအလွန်အကျွံသက်ရောက်ခြင်းမှ ကာကွယ်ရန်နှင့် ထိုးသွင်းမှုကို လိုအပ်သလောက်သာ ကန့်သတ်ရန်ဖြစ်သည်။ အောက်ဖော်ပြပါ ပုံစံအချို့သည် ကိုယ်ဝန်ရှိနေစဉ် လိင်ဆက်ဆံခြင်းအတွက် ထင်ရှားသော ပုံစံများ ဖြစ်သည်။[၁၇]
- အမျိုးသမီးက အပေါ်မှနေခြင်းသည် အမျိုးသမီး၏ ဝမ်းဗိုက်အပေါ် ဖိအားလျော့ကျစေနိုင်ပြီး ထိုးသွင်းချက်များ၏ အတိမ်အနက်နှင့် ကြိမ်နှုန်းကို သူမအား ထိန်းချုပ်စေနိုင်သည်။
- missionary ပုံစံကဲ့သို့ အမျိုးသမီးက ပက်လက်နေခြင်းသည် ဝမ်းဗိုက် သို့မဟုတ် သားအိမ်အပေါ် ဖိအားနည်းစေသည်။ အမျိုးသမီးက ပက်လက်နေကာ ဒူးခေါင်းများကို သူမ၏ ရင်ဘတ်ဆီသို့ မြှောက်ထားနိုင်သည်။ ဆက်ဆံဖော်က သူမ၏ ခြေထောက်များအကြား ဒူးထောက်ကာ ရှေ့ဖက်မှ ဆက်ဆံသည်။ သက်တောင့်သက်သာဖြစ်စေရန် ခေါင်းအုံးကို သူမ၏ တင်ပါးအောက်တွင် ခုထားနိုင်သည်။
- ဘေးတိုက်ဆက်ဆံသည့် ပုံစံသည် သူမ၏ ဝမ်းဗိုက်အပေါ် ဖိအားများ ဖယ်ရှားစေနိုင်သလို တချိန်တည်းမှာပင် သားအိမ်ကို အထောက်အကူဖြစ်စေနိုင်သည်။
- ဇွန်းတပ်ပုံစံသည် ကိုယ်ဝန်နောက်ဆုံးအဆင့်များတွင် ထင်ရှားသောပုံစံများဖြစ်ပြီး ခပ်တိမ်တိမ်သာ ထိုးသွင်းစေနိုင်ပြီး ဝမ်းဗိုက်အပေါ် ဖိအားများကို သက်သာစေသည်။
- ထိုင်နေသော ဆက်ဆံဖော်၏ အပေါ်မှ ထိုင်လျက်ဆက်ဆံခြင်းသည်လည်း ဝမ်းဗိုက်အပေါ် ဖိအားများကို သက်သာစေသည်။
- အနောက်ဘက်မှ ဆက်ဆံခြင်းသည် သူမအား ဝမ်းဗိုက်နှင့် ရင်သားများကို အထောက်အပံ့ ဖြစ်စေသည်။
Remove ads
တစ်ခုတည်းသော ထိုးသွင်းမှုမဟုတ်သော ကိုယ်နေဟန်ထားများ
ပါးစပ်ဖြင့် လိင်ဆက်ဆံမှု ကိုယ်နေဟန်ထားများ
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းသည် လိင်အင်္ဂါအား ပါးစပ်ဖြင့် နှိုးဆွလှုံ့ဆော်ခြင်း ဖြစ်သည်။ ယင်းသည် ထိုးသွင်းမှုလည်း ဖြစ်သလို ထိုးသွင်းမှုမပါသော ပုံစံလည်း ဖြစ်နိုင်သည်။ ယင်းအား လိင်ဆက်ဆံခြင်း မပြုမီ၊ ဆက်ဆံနေစဉ်အတွင်း၊ သို့မဟုတ် ဆက်ဆံပြီးနောက် ပြုလုပ်နိုင်သည်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို တပြိုင်နက်တည်း (ဥပမာ ဆက်ဆံဖော်တစ်ဦးက ပုလွေမှုတ်နေစဉ် အခြားတစ်ဦးက ဘာဂျာပေးခြင်း) သို့မဟုတ် ဆက်ဆံဖော်တစ်ဦးတည်းက အခြားတစ်ဦးအား ပြုလုပ်ပေးခြင်း ဖြစ်နိုင်သည်။[၁၈]
ပုလွေမှုတ်ခြင်း (Fellatio)

ပုလွေမှုတ်ခြင်း သည် အမျိုးသားလိင်တံအား ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဖြစ်သည်။ ဖြစ်နိုင်သော ပုံစံများမှာ-
- ထိုင်လျက်
- လက်ခံသူက ပက်လက်နေစဉ် လက်တွဲဖော်က လက်ခံသူ၏ ခြေထောက်များအကြား ဒူးထောက်လိုက်လျက် ပြုလုပ်ခြင်း။
- လက်ခံသူက ပက်လက်နေစဉ် လက်တွဲဖော်က ခြေထောက်ဘေးတွင် ထိုင်လျက် ပြုလုပ်ခြင်း။
- လက်ခံသူက ထိုင်ခုံပေါ်တွင် ထိုင်နေစဉ် လက်တွဲဖော်က လက်ခံသူ၏ ခြေထောက်အကြား ရှေ့တွင် ဒူးထောက်ထိုင်လျက် ပြုလုပ်ခြင်း။
- မတ်တပ်ရပ်လျက်
- လက်ခံသူက မတ်တပ်ရပ်လျက်နေစဉ် လက်တွဲဖော်က လက်ခံသူ၏ ရှေ့တွင် ဒူးတုပ်လျက်သော်လည်းကောင်း ထိုင်လျက်သော်လည်းကောင်း ရှေ့သို့ကုန်းလျက် ပြုလုပ်ခြင်း။
- လက်ခံသူက မတ်တပ်ရပ်လျက်နေစဉ် လက်တွဲဖော်ကလည်း မတ်တပ်ရပ်လျက် ခါးကုန်းကာ ပြုလုပ်ခြင်း။
- လက်ခံသူက မတ်တပ်ရပ်လျက် သို့မဟုတ် အိပ်ယာစွန်းတွင် ကုန်းလျက်ရှိနေစဉ် ပြုလုပ်မည့် လက်တွဲဖော်က အိပ်ယာပေါ်တွင် ပက်လက်အနေအထားဖြင့် ဦးခေါင်းကို အိပ်ယာစွန်းမှ ပြောင်းပြန်လှန်ချထားသည်။ လက်ခံသူက သူ၏ လိင်တံကို လက်တွဲဖော်၏ ပါးစပ်အတွင်း ထိုးသွင်းကာ လည်မျိုအတွင်း နက်နက် ဝင်ရောက်စေရန် ပြုလုပ်ခြင်း။
- လှဲလျောင်းလျက်
- ပြုလုပ်မည့် လက်တွဲဖော်က ပက်လက်လဲလျောင်းနေစဉ် လက်ခံသူက missionary ပုံစံဖြင့် ရှေ့သို့တိုး၍ ပြုလုပ်ခြင်း
- ပြုလုပ်မည့် လက်တွဲဖော်က ပက်လက်လဲလျောင်းနေစဉ် လက်ခံသူက သူ၏ လိင်တံကို လက်တွဲဖော်၏ ရင်သားနှစ်ဖက်အကြားမှ ထိုးသွင်းကာ ပါးစပ်အတွင်း ထည့်သွင်းပြုလုပ်ခြင်း။
ဘာဂျာမှုတ်ခြင်း (Cunnilingus)

ဘာဂျာမှုတ်ခြင်း (Cunnilingus) သည် အမျိုးသမီးအင်္ဂါဇတ်ကို ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဖြစ်သည်။ ဖြစ်နိုင်သော ပုံစံများမှာ-
- လက်ခံသူသည် ပက်လက်လဲလျောင်းနေစဉ် ပြုလုပ်မည့် ဆက်ဆံဖော်က လက်ခံသူ၏ ခြေထောက်များအကြား လဲလျောင်းကာ ပြုလုပ်ခြင်း ဖြစ်သည်။
- ပြုလုပ်သည့် ဆက်ဆံဖော်သည် ထိုင်နေစဉ် လက်ခံသူက နောက်ကျောပေး မတ်တပ်ရပ်ပြီး တင်ပါးများကို နောက်သို့ပို့ကာ ရှေ့သို့ ကုန်းလျက် အနေအထားဖြစ်သည်။
- ပြုလုပ်သည့် ဆက်ဆံဖော်သည် ထိုင်နေစဉ် လက်ခံသူက မတ်တပ်ရပ် သို့မဟုတ် ဆောင့်ကြောင့်ထိုင်ကာ ဆက်ဆံဖော်နှင့် မျက်နှာခြင်းဆိုင်အနေအထားဖြင့် ဖြစ်သည်။
- ပြုလုပ်သည့် ဆက်ဆံဖော်သည် ပက်လက်ရှိနေစဉ် လက်ခံသူက ဒူးထောက်ပြီး သူမ၏ အမျိုးသမီးအင်္ဂါကို ဆက်ဆံဖော်၏ မျက်နှာပေါ်တွင် ရှိနေသည့် ပုံစံဖြစ်သည်။
- လက်ခံသည့် ဆက်ဆံဖော်က လေးဘက်ထောက်အနေအထားဖြင့် ရှိနေစဉ် ပြုလုပ်မည့် ဆက်ဆံဖော်က ပက်လက်ဖြင့် သူ၏ ဦးခေါင်းကို အမျိုးသမီးအင်္ဂါအောက်တွင် ထားရှိသည့် ပုံစံ ဖြစ်သည်။
- လက်ခံသည့် ဆက်ဆံဖော်က နံရံအားမှီ၍ မတ်တပ်ရပ်နေစဉ် ပြုလုပ်မည့်သူက ရှေ့တွင် ဒူးထောက်ကာ ပြုလုပ်သည့် ပုံစံဖြစ်သည်။
- လက်ခံသည့် ဆက်ဆံဖော်သည် အိပ်ယာပေါ်တွင် ထိုင်ကာ ခြေထောက်များကားထားပြီး ပြုလုပ်သည့် ဆက်ဆံဖော်က ရှေ့ဖက်မှ ဒူးထောက်ပြုလုပ်ပေးခြင်း ဖြစ်သည်။
- လက်ခံသည့် ဆက်ဆံဖော်သည် ဇောက်ထိုးအနေအထားဖြင့် (လက်ထောက်၍ ကင်းမြီးကောက်ထောင်ခြင်း၊ ဆက်ဆံဖော်က ကိုင်ထားခြင်း သို့မဟုတ် ကြိုးထိန်း သို့ ပရိဘောဂဖြင့် အထောက်အပံ့ယူခြင်း) ရှိနေစဉ် ပြုလုပ်သည့် ဆက်ဆံဖော်က မတ်တပ်ရပ်ကာ သို့ ဒူးထောက်ကာ (အနိမ့်အမြင့်အလိုက်) ရှေ့ဖက် သို့ နောက်ဖက်မှ ပြုလုပ်ပေးသည့် ပုံစံဖြစ်သည်။ ဤပုံစံသည် ပြုလုပ်ရန် ခက်ခဲနိုင်ပြီး သို့မဟုတ် အချိန်ကြာမြင့်စွာ မပြုလုပ်နိုင်ခြင်းရှိနိုင်သော်လည်း ဦးနှောက်သို့ သွေးစီးဆင်းမှု များပြားခြင်းက လှုံ့ဆော်မှု၏ အကျိုးသက်ရောက်မှုကို ပြောင်းလဲစေနိုင်သည်။
- လက်ခံသည့် ဆက်ဆံဖော်သည် လက်ထောက်ထားပြီး ခြေထောက်များကို ပြုလုပ်မည့် ဆက်ဆံဖော်၏ ဦးခေါင်းထက်တွင် တင်ထားကာ ပြုလုပ်မည့်ဆက်ဆံဖော်က မတ်တပ် သို့မဟုတ် ဒူးထောက်လျက် အနေအထားဖြစ်သည်။
ခြောက်ဆယ့်ကိုး

လူနှစ်ဦးအကြား တပြိုင်နက် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ၆၉ဟု ခေါ်သည်။ ဘေးချင်းယှဉ်လဲလျောင်းပြီး ပြုလုပ်နိုင်သလို တစ်ဦးအပေါ် တစ်ဦးထပ်လဲလျောင်းကာ ပြုလုပ်နိုင်သည်။ သို့မဟုတ် တစ်ဦးက မတ်တပ်ရပ်လျက် ကျန်တစ်ဦးအား ဇောက်ထိုးကိုင်ထားကာ ပြုလုပ်နိုင်သည်။
စအိုအား ပါးစပ်ဖြင့် ဆက်ဆံခြင်း (Anilingus)

စအိုအား ပါးစပ်ဖြင့် ဆက်ဆံခြင်း (Anilingus) သည် စအိုဖြင့် လိင်ဆက်ဆံခြင်းတစ်မျိုး ဖြစ်သည်။ ဖြစ်နိုင်သော ပုံစံများမှာ-
- လက်ခံသည့် ဆက်ဆံဖော်သည် လေးဘက်ထောက်ပုံစံဖြင့် ရှိနေစဉ် ပြုလုပ်သည့် ဆက်ဆံဖော်က အနောက်ဘက်မှ ဆက်ဆံသော ပုံစံ။
- လက်ခံသည့် ဆက်ဆံဖော်သည် ပက်လက်ရှိနေပြီး ခြေထောက်များ မြှောက်ထားသည့် ပုံစံ။
- လက်ခံသည့် ဆက်ဆံဖော်သည် ၆၉ပုံစံဖြင့် အပေါ်တွင် ရှိသော ပုံစံ။[၁၉][၂၀]
- သံချေးတက်နေသော ထရွမ်းဗုန်းပုံစံတွင် အမျိုးသားက မတ်တပ်ရပ်နေစဉ် ပြုလုပ်သည့် ဆက်ဆံဖော်က နောက်ဖက်မှနေ၍ စအိုကို ပါးစပ်ဖြင့် ဆက်ဆံမှုပြုလုပ်နေသလို တပြိုင်နက်တည်း မတ်တပ်ရပ်နေသော ဆက်ဆံဖော်၏ လိင်တံကိုလည်း လက်ဖြင့် လှုံ့ဆော်မှုပြုခြင်း ဖြစ်သည်။ အဆိုပါပုံစံသည် ထရွမ်းဗုန်းကို မှုတ်နေသည့် ပုံစံနှင့် ဆင်တူသည်။[၂၁]
အခြားကိုယ်နေဟန်ထားများ
- အမျိုးသမီး အပြင်လိင်အင်္ဂါ၊ ယောနိ သို့မဟုတ် စအိုကို လက်ချောင်းဖြင့် လိင်ဆက်ဆံခြင်း
- ယောနိ သို့မဟုတ် စအိုလမ်းကြောင်းအတွင်းသို့ လက်တစ်ဖက်လုံး ထိုးသွင်းဆက်ဆံခြင်း
Remove ads
မထိုးသွင်းသော လိင်ဆက်ဆံမှု ကိုယ်နေဟန်ထားများ

မထိုးသွင်းသော လိင်ဆက်ဆံခြင်း သို့မဟုတ် frottage သည် ထိုးသွင်းဆက်ဆံခြင်းမပါသော လိင်ဆက်ဆံမှုကို ရည်ညွှန်းပြီး တစ်ဦး၏ လိင်အင်္ဂါအား ဆက်ဆံဖော်တစ်ဦးက ပွတ်သပ်ပေးခြင်းများ ပါဝင်သည်။ လက်တွဲဖော်၏ လိင်အင်္ဂါ သို့မဟုတ် တင်ပါးများ ပါဝင်ပြီး မတူညီသော လိင်ဆက်ဆံမှုပုံစံများစွာ ပါဝင်နိုင်သည်။ လိင်မဆက်ဆံမီ နမ်းရှုပ်သုံးသပ်ခြင်း (foreplay) ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် ထိုးသွင်းသော ဆက်ဆံခြင်းမှ ကာကွယ်ခြင်း လူတို့သည် မထိုးသွင်းသော လိင်ဆက်ဆံမှု အပြုအမူများကို ပြုလုပ်လေ့ရှိကာ လိင်ဆန္ဒ ပြီးမြောက်ခြင်းကို ရရှိစေခြင်းများရှိနိုင်သည်။
- Dry humping: အဝတ်အစားများ ဝတ်ထားနေစဉ် ပွတ်သပ်ခြင်း ဖြစ်သည်။ ယင်းပုံစံသည် မဖြစ်မနေမဟုတ်သော်လည်း လုပ်လေ့ရှိကြသည်။ ယင်းပုံစံဖြင့် အကပြုလုပ်ခြင်းကို "ကြိတ်ချေအက" ဟု ခေါ်သည်။
- Handjob: လက်တွဲဖော်၏ လိင်တံကို လက်ဖြင့် လှုံ့ဆော်ပေးခြင်း ဖြစ်သည်။
- လက်ချောင်းသုံးခြင်း: လက်တွဲဖော်၏ အပြင်မလိင်အင်္ဂါအား လက်ဖြင့် လှုံ့ဆော်ပေးခြင်း ဖြစ်သည်။
- Footjob: လိင်အင်္ဂါအား ခြေထောက်များဖြင့် လှုံ့ဆော်ပေးခြင်း ဖြစ်သည်။
- ရင်သားဖြင့် လိင်ဆက်ဆံခြင်း: ရင်သားနှစ်ခုအကြားနေရာမှ လိင်တံကိုထားကာ ရင်သားများဖြင့် လှုံ့ဆော်ခြင်း ဖြစ်သည်။
- ချိုင်းကြားဖြင့် လိင်ဆက်ဆံခြင်း: လိင်တံကို ချိုင်းကြားတွင် ထည့်ခြင်း ဖြစ်သည်။ "bagpiping" ဟုလည်း ခေါ်သည်။
- လိင်ဆန္ဒပြီးမြောက်ခြင်းကို ထိန်းချုပ်ခြင်း: စိတ်ပိုင်းဆိုင်ခံစားမှုနှင့် ဇီဝကမ္မ စိတ်လှုပ်ရှားမှုအဆင့်တို့နှင့် ချိတ်ဆက်နေသော ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုနှင့် အာရုံခံစားမှုတို့ကို ကိုယ်တိုင် သို့မဟုတ် လက်တွဲဖော်က စီမံထိန်းချုပ်ခြင်း ဖြစ်သည်။ တစ်ကိုယ်ရေ အာသာဖြေခြင်းအလေ့အကျင့်မှတဆင့် တစ်ဦးတစ်ယောက်သည် မိမိခန္ဓာကိုယ်၏ လိင်ဆန္ဒပြီးမြောက်ခြင်း တုံ့ပြန်မှုနှင့် အချိန်တို့ကို ထိန်းချုပ်နိုင်ရန် လေ့ကျင့်နိုင်သည်။ လက်တွဲဖော်ပါဝင်သော လှုံ့ဆော်မှုတွင် မည်သည့်လက်တွဲဖော်ကမဆို သူတို့ကိုယ်တိုင်၏ လိင်ဆန္ဒပြီးမြောက်ခြင်း တုံ့ပြန်မှုနှင့် အချိန်တို့ကို ထိန်းချုပ်နိုင်သည်။
လိင်အင်္ဂါ-လိင်အင်္ဂါခြင်း ပွတ်သပ်ခြင်း
လိင်အင်္ဂါ-လိင်အင်္ဂါခြင်း ပွတ်သပ်ခြင်း (Genital–genital rubbing သို့မဟုတ် ပရိုင်းမိတ်ပညာရှင်များက ဘိုနိုဘိုချင်ပန်ဇီအမများ ပြုလုပ်လေ့ရှိသည့် အပြုအမူကို ရည်ညွှန်းခေါ်ဆိုသောGG rubbing[၂၂][၂၃]) သည် လိင်အင်္ဂါများအချင်းချင်း ပွတ်သပ်သော လိင်အပြုအမူဖြစ်သည်။ ယင်းကို frottage ဟုလည်း ခေါ်ကြပြီး မထိုးသွင်းသော လိင်ဆက်ဆံခြင်း သို့ outercourse ဟုလည်း ခေါ်သည်။
- Intercrural sex သို့မဟုတ် interfemoral sex သည် လိင်တံကို ဆက်ဆံဖော်၏ ပေါင်များအကြားမှ အမျိုးသမီး အပြင်လိင်အင်္ဂါ၊ ကပ်ပယ်အိတ် သို့မဟုတ် ပေါင်ခွကြား တွင် ပွတ်သပ်ခြင်း။
- Frot သည် အမျိုးသားနှစ်ဦးက သူတို့၏ လိင်တံအချင်းချင်း အတူတကွ ပွတ်သပ်ခြင်း။
- Tribadism: အမျိုးသမီးနှစ်ဦးသည် သူမတို့၏ အပြင်လိင်အင်္ဂါအချင်းချင်း အတူတကွ ပွတ်သပ်ခြင်း။
- Docking: လိင်တံထိပ်ဖုကို အခြားသူ၏ လိင်တံထိပ် အရေပြားအတွင်း ထိုးသွင်းခြင်း။
Remove ads
အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်း

အုပ်စုလိုက် လိင်ဆက်ဆံခြင်းတွင် လူအများအပြား ပါဝင်နေနိုင်သည်။ အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်းတွင် ပါဝင်သူများသည် အခြားသူများအားလုံးနှင့် တပြိုင်နက်တည်း လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုများ ရှိရမည်ဟု မသတ်မှတ်ထားသော်လည်း အချို့ပုံစံများသည် သုံးဦး သို့မဟုတ် ထို့ထက်ပို၍သာ ပြုလုပ်နိုင်သည်။[၂၄]
အထက်တွင် ဖော်ပြထားသော ပုံစံများနှင့်အတူ အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်းတွင် ရမ္မက်ကြွစေသော ပရိဘောဂပစ္စည်းများ သုံးစွဲခြင်းများ ပါဝင်သည်။
သုံးယောက်တစ်ဖွဲ့

လူသုံးဦး အပြန်အလှန်အတူတကွ လိင်ဆက်ဆံပါက ယင်းကို သုံးယောက်တွဲ လိင်ဆက်ဆံခြင်း (threesome) ဟု ခေါ်သည်။ ဖြစ်နေနိုင်သော ပုံစံများတွင် အောက်ပါတို့ ပါဝင်သည်။
- လူတစ်ဦးသည် အခြားဆက်ဆံဖော်တစ်ဦးမှ စအို သို့မဟုတ် ယောနိဖြင့် လိင်ဆက်ဆံမှုခံယူနေစဉ် နောက်ဆက်ဆံဖော်တစ်ဦးအား ပါးစပ်ဖြင့် လိင်ဆက်ဆံမှု ပြုလုပ်ပေးခြင်း ဖြစ်သည်။ ရံဖန်ရံခါတွင် spit roast ဟုလည်း ခေါ်သည်။[၂၅]
- ၃၆၉ ပုံစံသည် လူနှစ်ဦးက ၆၉ ပုံစံအသုံးပြု၍ ပါးစပ်ဖြင့် လိင်ဆက်ဆံနေစဉ် တတိယတစ်ဦးက တစ်ဦးဦးအား ထိုးသွင်းဆက်ဆံနေပုံ ဖြစ်သည်။ များသောအားဖြင့် ၆၉ ပုံစံဖြင့် အမျိုးသမီးက အပေါ်မှ ရှိနေစဉ် doggie-style ဖြင့် အမျိုးသားက ဆက်ဆံမှုပြုခြင်း ဖြစ်သည်။[၂၆]
- အမျိုးသားတစ်ဦးသည် ဆက်ဆံဖော်တစ်ဦးနှင့် ယောနိ သို့မဟုတ် စအိုဖြင့် လိင်ဆက်ဆံနေစဉ် အဆိုပါ အမျိုးသားအား ကျန်ဆက်ဆံဖော်တစ်ဦးက စအိုဖြင့် လိင်ဆက်ဆံနေခြင်း ဖြစ်သည်။ (ခါးပတ်ကြိုးတပ် ကျားလိင်အင်္ဂါတု အသုံးပြုခြင်းလည်း ဖြစ်နိုင်သည်)။
- ဆက်ဆံဖော်နှစ်ဦးသည် ကောင်းဂဲလ်ပုံစံဖြင့် ဆက်ဆံနေစဉ် တတိယတစ်ဦးက အမျိုးသား၏ မျက်နှာအပေါ်ခွထိုင်ကာ ဆက်ဆံခြင်းဖြစ်ပြီး ကောင်းဂဲလ်နှစ်ဦး (double cowgirl) ဟု ခေါ်လေ့ရှိသည်။[၂၇][၂၈][၂၉]
- ဆက်ဆံဖော်သုံးဦးသည် လဲလျောင်းလျက် သို့မဟုတ် အပြိုင်မတ်တပ်ရပ်လျက်ရှိနေပြီး တစ်ဦးက ကျန်နှစ်ဦး၏ အကြားတွင် ရှိနေသည့် ပုံစံဖြစ်သည်။ အသားညှပ်ပေါင်မုန့် (sandwich) ဟုခေါ်လေ့ရှိသည်။ ဤဝေါဟာရသည် အမျိုးသားလိင်တံက အမျိုးသမီး၏ စအိုနှင့် အခြားတစ်ဦး၏ လိင်တံက ယောနိအတွင်း ဆက်ဆံခြင်း သို့မဟုတ် အမျိုးသားနှစ်ဦး၏ လိင်တံနှစ်ခုဖြင့် အမျိုးသား၏ စအိုတွင်း ဆက်ဆံခြင်းဖြစ်သော နှစ်ခုထိုးသွင်းခြင်း (double penetration) တွင်လည်း အထူးသဖြင့် သုံးစွဲသည်။
- ဆက်ဆံဖော်နှစ်ဦးသည် ယောနိသို့မဟုတ် စအိုဖြင့် လိင်ဆက်ဆံနေစဉ် တစ်ဦးက တတိယတစ်ဦးအား ပါးစပ်ဖြင့် လိင်ဆက်ဆံပေးခြင်း ဖြစ်သည်။
- လူသုံးဦးသည် တစ်ဦးကို တစ်ဦး ပါးစပ်ဖြင့်/ယောနိဖြင့်/စအိုဖြင့် တပြိုင်နက်တည်း လိင်ဆက်ဆံကြခြင်းကို ဒေစီပန်းကုံး (daisy chain) ဟု ခေါ်သည်။
- လူတစ်ဦးသည် သုံးယောက်တစ်ဖွဲ့တွင် စအိုဖြင့် လိင်ဆက်ဆံခံနေစဉ်အတွင်း အခြားတစ်ဦးအား စအို သို့ ယောနိအား လိင်ဆက်ဆံနေခြင်းကို lucky Pierre ဟူသော ဗန်းစကားဖြင့် ခေါ်ဝေါ်သည်။[၃၀]
လေးယောက်တစ်ဖွဲ့ (Foursomes)
- ၄၆၉ သည် လူလေးဦး လိင်ဆက်ဆံသော ပုံစံဖြစ်သည်။ လူနှစ်ဦးသည် ၆၉ ပုံစံအသုံးပြု၍ ပါးစပ်ဖြင့် လိင်ဆက်ဆံနေစဉ် တတိယနှင့် စတုတ္ထလူတို့က တစ်ဖက်တစ်ချက်စီမှနေ၍ ပထမနှင့် ဒုတိယနှစ်ဦးအား ထိုးသွင်းဆက်ဆံသည့် ပုံစံဖြစ်သည်။ ၃၆၉ ပုံစံနှင့် ဆင်တူပြီး စတုတ္ထမြောက်လူတစ်ဦး ထပ်တိုးခြင်း ဖြစ်သည်။[၃၁]

ပါဝင်သူ အများအပြားဖြင့် ကိုယ်နေဟန်ထားများ
အောက်ပါပုံစံများကို ပါဝင်သူ မည်သည့်အရေအတွက်ဖြင့်မဆို ချဲ့ကားနိုင်သည်။
- အမျိုးသားများ အုပ်စုဖွဲ့၍ တစ်ကိုယ်ရေ အာသာဖြေခြင်းကို circle jerk ဟု ခေါ်သည်။
- အမျိုးသားတစ်ဦးတည်းကို ဗဟိုပြု၍ အမျိုးသမီးများစွာပါဝင်သော လိင်ဆက်ဆံခြင်းကို ပြောင်းပြန် ဂိုဏ်းဖွဲ့ပြုကျင့်ခြင်း (reverse gangbang) ဟု ခေါ်သည်။[၃၂][၃၃]
- အမျိုးသားအုပ်စုတစ်ခုက တစ်ကိုယ်ရေ အာသာဖြေကာ လူတစ်ဦး၏ မျက်နှာပေါ်သို့ သုက်လွှတ်ခြင်းကို bukkake ဟု ခေါ်သည်။[၃၄][၃၅]
- အမျိုးသားအုပ်စု၊ အမျိုးသမီးအုပ်စု သို့မဟုတ် နှစ်မျိုးစလုံးပါဝင်သော အုပ်စုသည် စက်ဝိုင်းပုံစံဖြင့် တစ်ဦးအပေါ်တစ်ဦး ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ဒေစီကွင်းဆက် (daisy chain) ဟု ခေါ်သည်။[၃၆]
- အမျိုးသမီးတစ်ဦး သို့မဟုတ် အမျိုးသားတစ်ဦးကို လူအများအပြားက အစဉ်လိုက် သို့မဟုတ် အပြိုင်လိုက် ဆက်ဆံခြင်းကို ဂိုဏ်းဖွဲ့ပြုကျင့်ခြင်း (gang bang) ဟု ခေါ်သည်။
အများအပြား ထိုးသွင်းခြင်း ကိုယ်နေဟန်ထား
လူတစ်ဦးသည် တပြိုင်နက်တည်းတွင် ကြိမ်ဖန်များစွာ ထိုးသွင်းဆက်ဆံခြင်း ခံရနိုင်သည်။ ထိုးသွင်းမှုများတွင် လက်ချောင်း၊ ခြေချောင်း၊ လိင်ကစားစရာအရုပ် သို့မဟုတ် လိင်တံများစွာ ပါဝင်နိုင်သည်။ အများအပြား ထိုးသွင်းဆက်ဆံသော မြင်ကွင်းများကိ အပြာရုပ်ပုံဗီဒီယိုများတွင် တွေ့ရလေ့ရှိသည်။
လူတစ်ဦးအား အရာဝတ္ထုနှစ်ခုဖြင့် ထိုးသွင်းခံရပါက နှစ်ခုထိုးသွင်းခြင်း (double penetration; DP) ဟု ခေါ်သည်။[၃၇] ယောနိ၊ စအို၊ သို့မဟုတ် ပါးစပ်အား နှစ်ခုထိုးသွင်းခြင်းတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
- စအိုအား လိင်တံနှစ်ခု သို့မဟုတ် အခြားအရာဝတ္ထုများဖြင့် တပြိုင်နက် ထိုးသွင်းဆက်ဆံခြင်းကို စအိုအား နှစ်ခုထိုးသွင်းခြင်း (double anal penetration; DAP) ဟု ခေါ်သည်။[ကိုးကားချက်လိုသည်]
- ယောနိအား လိင်တံနှစ်ခု သို့မဟုတ် အခြားအရာဝတ္ထုများဖြင့် တပြိုင်နက် ထိုးသွင်းဆက်ဆံခြင်း ယောနိအား နှစ်ခုထိုးသွင်းခြင်း (double vaginal penetration; DVP) သို့မဟုတ် နှစ်ခုဌာပနာသွင်းခြင်း(double stuffing) ဟု ခေါ်သည်။[၃၈]
- ယောနိနှင့် စအိုအား တပြိုင်နက် ထိုးသွင်းဆက်ဆံခြင်း။ လက်တစ်ဖက်တည်း၏ လက်ချောင်းများကို အသုံးပြု၍ shocker လက်ဟန်ဖြင့် ဤပုံစံကို ပြုလုပ်နိုင်သည်။
- ယောနိ နှင့် စအို နှစ်ခုစလုံးနှင့် ပါးစပ်အား တပြိုင်နက်တည်း ထိုးသွင်းဆက်ဆံခြင်း။ ထိုးသွင်းသော အရာဝတ္ထုများမှာ လိင်တံများ ဖြစ်ပါက ဤပုံစံကို spit roast, တရုတ်လက်ချောင်းထောင်ချောက်၊ သို့မဟုတ် အီဖယ်မျှော်စင်ဟု ခေါ်သည်။
Remove ads
ကိုးကား
ဆက်လက်လေ့လာရန်
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads