လိမ္မော်သီး

From Wikipedia, the free encyclopedia

လိမ္မော်သီး
Remove ads

လိမ္မော်သည် ရှောက်မျိုးနွယ်ဝင်ဖြစ်သည်။ လိမ္မော်သီးသည် ချိုသော ရှောက်နွယ်ဝင်မျိုးရင်းမှ သီးသော အသီး ဖြစ်သည်။ လိမ္မော်သီးကို Clementine, Mandarin, Tangerine နှင့် Satsuma အမျိုးများစွာရှိသည်။ ၎င်းတို့၏ မျိုးရင်းအမည်မှာ Rutaceae ဖြစ်သည်။ အသားမှာအရည်ရွှမ်းပြီး မှည့်သောအခါနီမြန်းသည့် အဝါရောင်ဖြစ်လာ သည်။ Mandarin အမျိုးသည် အလုံးသေးငယ်ပြီး အခွံပါးသောအမျိုးဖြစ်သည်။ လိမ္မော်သီးကို ၁၂ ဒီဂရီ စင်တီ ဂရိတ်၊ ၅၇ ဒီဂရီဖာရင်ဟိုက်တွင်သိုလှောင်ထား နိုင်ပြီး ရေခဲသေတ္တာတွင်ထည့်၍စားသုံးကပိုမိုကောင်းမွန်ပါသည်။ အရည်ညှစ်ထုတ်၍ သောက်သုံးက လည်း ကောင်းမွန်ပါသည်။ လိမ္မော်ပင်သည် အမြဲစိမ်းသော အပင်မျိုးဖြစ်သည်။ အပင်များသည် အများ အားဖြင့် ၈ မီတာမှ ၁၅ မီတာမြင့်ပါသည်။ Mandarin အပင်မျိုးသည် ၇.၅ မီတာမြင့်သည်။ Kumquat အပင်မျိုးသည် အပင်ပုမျိုးဖြစ်၍ ၄ မီတာမြင့်သည်။

အချက်တိုများ Citrus × sinensis, မျိုးရိုးခွဲခြားခြင်း ...
Thumb
လိမ္မော်သီး
Remove ads

သမိုင်းအကျဉ်း

လိမ္မော်သီးကို လွန်ခဲ့သောနှစ်ပေါင်းထောင်ချီစဉ်ကစ၍ ယနေ့ထိစိုက်ပျိုးစားသုံးပါသည်။ တောင်တရုတ် နှင့် အင်ဒိုချိုင်းနားတို့မှာ မူလစိုက်ပျိုးသည့်ဒေသများဖြစ်သည်။ ၂၀ ရာစုနှစ်အစပိုင်းတွင် The Cleravman Pierre Clement သုတေသနအဖွဲ့မှ Mandarin နှင့် ရိုးရိုးလိမ္မော်ကို မျိုးစပ်သောအခါ အောင်မြင်ပြီးဖြစ်ပေါ်လာသော အသီးမျိုးသစ်မှာ အစေ့မပါဘဲ အခွံအလွယ်တကူခွာနိုင်သည့် မျိုးသစ်ဖြစ်သည်။ The Satsuma လိမ္မော်မျိုးသည် ဂျပန်နိုင်ငံမှ မျိုးစပ် အောင်မြင်သောအသီးမျိုးဖြစ်သည်။ လိမ္မော်သီးကို အခွံခွာ၍ စားသုံးနိုင်သလို အတွင်းမှ လိမ္မော်သီးအစိတ်များကို အရည်ညှစ်ပြီး ဖျော်ရည် လုပ်၍လည်းစားသုံးနိုင်သည်။ Mandarins အမျိုးလိမ္မော်သည် အခြားလိမ္မော်တို့ထက်ချိုသော အရသာ ရှိသည်။ ၎င်းကို မူလအတိုင်း အသီး ကိုစားသုံးသကဲ့သို့ အရည်ညှစ်ပြီးဖျော်သောက်နိုင်သည်။ ဖျော်ရည်မှာ စပျစ်ဖျော်ရည်ထက် ပို၍ချိုပါသည်။ Kumquats သည် အခွံပါစားနိုင်သော မျိုးဖြစ်သည်။

Remove ads

လိမ္မော်သီး၏မျိုးရင်းများ

  1. Clementines :အစေ့မပါသော Mandarin မျိုးဖြစ်သည်။
  2. Kumquats :ရှောက်ပင်မျိုးနွယ်ဝင်ဖြစ်ပြီး အခွံပါစားနိုင်သည်။
  3. Madarins :သေးငယ်ပြီးအခွံပါးသောအသီးဖြစ်ပြီး တရုတ်ပြည်ရှိ Mandar ဒေသမှ အစိုးရ အရာရှိများက ရှာဖွေဖော်ထုတ်ခဲ့သော အသီးဖြစ်၍ ဂုဏ်ပြုသော အားဖြင့် ယင်းအသီးကို Mandarin ဟု ခေါ်ခြင်းဖြစ်သည်။
  4. Minneolas :tangerine နှင့် စပျစ်သီးတို့စပ်သောမျိုးဖြစ်ပြီး အရပ်အခေါ်အရ " The Little Nose"ဟု သိရသည်။ အခွံပါးသောအသီး Tangelo မျိုးနွယ်ဝင်ဖြစ်ပြီး ဈေးကွက်တွင် တွင်ကျယ်စွာရောင်း ချနေသည်။
  5. Oranges :လိမ္မော်သီးမျိုးများစွာရှိသည့်အနက် Navel oranges, Valencia Orange နှင့် Blood Oranges သည် အများဆုံးစိုက်ပျိုးသောအမျိုးအစားဖြစ်သည်။
  6. Tangelos : Tangerine နှင့် စပျစ်သီးနှင့် လိမ္မော်သီးတို့မျိုးစပ်ထားသော အသီးမျိုး ဖြစ်သည်။
  7. Satsuma : ယင်းလိမ္မော်မျိုးသည် ဂျပန်နိုင်ငံမှ မျိုးစပ်အောင်မြင်သော အသီးဖြစ်သည်။ ယင်းအခွံသည် Clementine ထက် အနည်းငယ်အခွံပိုထူပြီး အစေ့မပါသော မျိုးဖြစ်သည်။
  8. Tangerines : ယင်းမျိုးသည် လိမ္မော်နီရောင် Mandarin မျိုးဖြစ်ပြီး ချဉ်သော အရသာရှိပြီး အခွံကိုလက်ဖြင့် လွယ်ကူစွာနွှာ၍ စားနိုင်သည်။
  9. Uglis : Tengelo ၏ထူးခြားသော မျိုးနွယ်ဖြစ်ပြီး အခွံခွာရလွယ်သော အမျိုးဖြစ်သည်။ ယင်းမျိုးကို tangerine နှင့် စပျစ်သီးစပ်၍ရသော လိမ္မော်သီးဖြစ်သည်။ ယင်းလိမ္မော်အခွံပေါ်တွင် တစ်ခါတစ်ရံ အညိုရောင်အစက်ကလေးများ ပါရှိသည်။
Remove ads

လိမ္မော်၏အခြားထူးခြားသောအရည်အသွေးများ

လိမ္မော်အရည်ထဲတွင် ပါဝင်သော ကယ်လ်စီယမ်ဓာတ်သည် နို့တွင်ပါဝင်သော ကယ်လ်စီယမ်ဓာတ်ထက်ပို၍ ခန္ဓာကိုယ်မှစုတ်ယူရလွယ်ကူသည်။ ၈ အောင်စအလေးချိန်ရှိသော နို့တစ်ဖန်ခွက်တွင် ထုံးဓာတ် ၂၉၁ မီလီဂရမ်ပါပြီး ခန္ဓာကိုယ်မှ ၉၃ မီလီဂရမ် (၃၁%)သာစုတ်ယူနိုင်ပြီး လိမ္မော်ဖျော်ရည် ၈ အောင်စ ဖန်ခွက်တွင် ကယ်လ်စီယမ်ဓာတ်၃၅ဝမီလီဂရမ်ပါပြီး ခန္ဓာကိုယ်မှ ၁၃၀ မီလီဂရမ် (၃၇%)ကို ခန္ဓာကိုယ်မှ စုတ်ယူနိုင်သည့် အတွက် လိမ္မော်ရည်သည် ကျန်းမာရေးအတွက် ပို၍အထောက်အကူပြုသည်။ လိမ္မော်သီးတစ်လုံးတွင် ဗီတာမင် စီ ၅၀ မီလီဂရမ်ခန့်ပါဝင်သည်။ လိမ္မော်သီး၌ အက်ဆစ် ပါဝင်သဖြင့် အဆိပ် အတောက်လျော့စေသော အသီးဖြစ်သည်။ လိမ္မော်ခါးမျိုးလည်းရှိ၍ ယင်းအသီးကို အစိမ်းအတိုင်း စားသုံးရန်မသင့်သောကြောင့် နိုင်ငံခြားသားများနံနက်စာစားသုံးရန်တွင် ပါဝင်လေ့ရှိသည့် လိမ္မော်ယို ပြုလုပ်၍လည်း စားသုံးကြသည်။ ရှောက်နွယ်ဝင်ဖြစ်သော အသီးများကို ရင့်မှည့်သည့်အခါ အရောင်အဆင်းကောင်းအောင် လူတို့တီထွင်သော နည်းများဖြင့်ပြုလုပ်၍ မရပါ။ လိမ္မော်အရောင်သည် အေးသောရာသီဥတုအပေါ်တွင် မှီပြီးလျှင် အရောင်စိုပြေမှုကိုဖြစ်ပေါ်စေသည်။ အပူပိုင်းဒေသများတွင် လိမ္မော်ရောင်သည် အစိမ်းမှအဝါရောင်ပြောင်းသွားတတ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads