လိုင်ချီး
အပင်မျိုးစိတ်များ From Wikipedia, the free encyclopedia
Remove ads
လိုင်ချီးပင် (Lychee) သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်မျိုး ဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် နှင့် ဖူကျန့်ပြည်နယ် ဇာတိ ဖြစ်သည်။ စိုက်ပျိုးမှု မှတ်တမ်းများကို အေဒီ ၁၀၅၉ ခုမှ စတင် တွေ့ရှိရသည်။ တရုတ်နိုင်ငံသည် လိုင်ချီး အဓိက စိုက်ပျိုးထုတ်လုပ်ရာ နိုင်ငံ ဖြစ်ပြီး အိန္ဒိယ နှင့် အရှေ့တောင်အာရှ၊ အိန္ဒိယတိုက်ငယ် နှင့် တောင်အာဖရိ ရှိ နိုင်ငံများတွင်လည်း စိုက်ပျိုးထုတ်လုပ်ကြသည်။
မြင့်မားစွာ ပေါက်ရောက်သော အမြဲစိမ်းပင် ဖြစ်ပြီး လိုင်ချီးပင်တွင် သေးငယ်သော အသီးကလေးများ သီးလေ့ ရှိသည်။ အသီး၏ အပြင်ပိုင်းမှာ ပန်းရောင် နှင့် အနီရောင် စပ်ကြား ဖြစ်ပြီး အခွံမှာ စား၍ မရပေ။ အတွင်းပိုင်းရှိ အသားကို အချိုပွဲများစွာတွင် ထည့်သွင်း စားသုံးကြသည်။ ဗူးထဲသို့ ထည့်လိုက်ပါက အနံ့ပျောက်သွားလေ့ ရှိသဖြင့် လတ်ဆတ်သော အသီးကိုသာ စားသုံးလေ့ ရှိကြသည်။လိုင်ချီးသီးကို တရုတ်ဇီးသီးဟု အမည်ပြုထားကြသည်။

Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads