ကွမ်တုန်းပြည်နယ်

တရုတ်နိုင်ငံတွင် လူဦးရေအထူထပ်ဆုံးသော ပြည်နယ်၊ တောင်တရုတ် ပင်လယ် ကမ်းရိုးတန်းတွင် တည်ရှိသည From Wikipedia, the free encyclopedia

ကွမ်တုန်းပြည်နယ်
Remove ads

ကွမ်တုန်း (Guangdong) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်တရုတ်ပင်လယ်ကမ်းခြေတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ ရှေးယခင်က အင်္ဂလိပ်စာဖြင့် Kwangtung Province ဟုရေးသားသည်။ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဟောနန်ပြည်နယ်နှင့် စစ်ချွမ်းပြည်နယ်များကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ၏ လူဦးရေအများဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။ အမြဲတမ်းနေထိုင်သူဦးရေ (၇၉) သန်းရှိပြီး ရွှေ့ပြောင်းနေထိုင်သူများမှာ (၃၁) သန်းမျှ ရှိသည်။ [][] ပြည်နယ်မြို့တော် ကွမ်ကျိုးမြို့ နှင့် စီးပွားရေးမြို့တော် ရှိန်းကျိန့်မြို့တို့သည် တရုတ်နိုင်ငံ၏ စီးပွားရေးအဖွံ့ဖြိုးဆုံးနှင့် လူဦးရေအထူထပ်ဆုံးသော မြို့တော်များထဲတွင် ပါဝင်သည်။

အချက်တိုများ

၁၉၈၉ ခုနှစ်မှစ၍ ကွမ်တုန်းပြည်နယ်သည် တရုတ်တစ်ပြည်လုံးတွင် ဂျီဒီပီ အမြင့်ဆုံးသော ပြည်နယ် ဖြစ်လာသည်။ ကျန်းစူပြည်နယ်နှင့် ဆန်းတုန်းပြည်နယ်တို့မှာ ဒုတိယ နှင့် တတိယ အမြင့်ဆုံး ဖြစ်ကြသည်။ [] ၂၀၀၉ ခုနှစ်တွင် ကွမ်တုန်းပြည်နယ်၏ ဂျီဒီပီသည် ယွမ်ငွေ ၃,၉၀၈,၁၅၉ သန်း (US$ ၅၇၂,၁၂၁ သန်း) အထိရောက်ရှိခဲ့သည်။ ယင်းပမာဏမှာ အင်ဒိုနီးရှားနိုင်ငံ တစ်နိုင်လုံး သို့မဟုတ် တူရကီနိုင်ငံ တစ်နိုင်ငံလုံးစာ နှင့် ညီမျှသည်။ [] လူတစ်ဦးချင်းဂျီဒီပီအရမူ ကျန်းစူးပြည်နယ်နှင့် ကျဲ့ကျန်းပြည်နယ်တို့၏ နောက်မှ ကပ်လျက် တတိယလိုက်နေသည်။ ပြည်နယ်မြို့တော် ကွမ်ကျိုးမြို့တွင် ကန်တုန်ကုန်စည်ပြပွဲ (Canton Fair) ဟုခေါ်ဆိုသော တရုတ်ပြည်၏ အကြီးမားဆုံးသော ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲကြီးများကို ကျင်းပလေ့ရှိသည်။

Remove ads

အမည်ဖြစ်ပေါ်လာပုံ

ကွမ် ("Guang") ဟူသောအမည်သည် ကျယ်ပြန့်သော၊ များပြားသော ဟု အဓိပ္ပာယ်ရသည်။ အေဒီ ၂၂၆ ခုနှစ်တွင် ကွမ်ခရိုင်ကြီး (Guang Prefecture) ကို တည်ထောင်ခဲ့ကြသည်။ တုန်းဟူသည်မှာ အရှေ့ဘက်ဟု အဓိပ္ပာယ်ရသောကြောင့် ကွမ်တုန်းဟူသည်မှာ ကျယ်ပြန့်သောအရှေ့ပိုင်း ("expanse east") ဟု အဓိပ္ပာယ်ရသည်။ ကွမ်ရှီးပြည်နယ်သည်လည်း အလားတူ အဓိပ္ပာယ်ရသည်။ ကွမ်ရှီးဟူသောစကားလုံးတွင် ရှီးဟူသည်မှာ အနောက်ဘက် ဟု အဓိပ္ပာယ်ရသောကြောင့် ကျယ်ပြန့်သောအနောက်ပိုင်း ("expanse west") ဟု ဖြစ်သည်။ ထို့ကြောင့် ကွမ်တုန်း နှင့် ကွမ်ရှီး ပြည်နယ် နှစ်ခုပေါင်းကို ကွမ်နှစ်ပြည် ("Dual-Guangs" - 兩廣 - liăng guăng) ဟု ခေါ်ဆိုသည်။ အတိုကောက်အားဖြင့် ယွဲ့ (粤/粵 - Yue) ဟု သတ်မှတ်သည်။ တရုတ်စာ ဖျင်းယင်းကို မတီထွင်ခင်က အင်္ဂလိပ်စာအားဖြင့် Kwangtung Provinceဟုရေးသားသည်။ အထူးမှတ်ရန်မှာ ကန်တုန် (Canton) ဟူသော ဝေါဟာရသည် ပေါ်တူဂီစကားဖြစ်ပြီး ကွမ်တုန်းပြည်နယ်ကို မဆိုလိုပဲ ကွမ်ကျိုးမြို့ကို သာ ဆိုလိုသည်။ ကွမ်ကျိုးသားများ ပြောဆိုကြသော တရုတ်စကားကို ယွဲ့စကားဟု ခေါ်သည်။

Remove ads

လူဦးရေနှင့်လူမျိုးများ

၂၀၀၅ခုနှစ် ဇန်နဝါရီလတွင် ကွမ်တုန်းပြည်နယ်သည် တရုတ်ပြည်၏ လူဦးရေအများဆုံးသော ပြည်နယ် ဖြစ်လာခဲ့သည်။ [][] သို့ရာတွင် စစ်တမ်းများအရ ကွမ်တုန်းပြည်နယ်သို့ တစ်နှစ်တာလျှင် အနည်းဆုံး ခြောက်လခန့် ပြောင်းရွှေ့လာရောက် နေထိုင်ကြသူ ဦးရေမှာ သန်း ၃၀ ကျော် ရှိသည်။ ထို့ကြောင့် စုစုပေါင်း လူဦးရေမှာ သန်းပေါင်း ၁၁၀ ကျော်လေသည်။ [] ဤသို့ လူအများအပြား ရွှေ့ပြောင်းလာကြခြင်းမှာ ကွမ်တုန်းပြည်နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး လုပ်သားအင်အားလိုအပ်ချက် မြင့်တက်လာသောကြောင့် ဖြစ်သည်။

ကွမ်တုန်းသည် ပြည်ပနေတရုတ်လူမျိုး အများစုတို့၏ ဘိုးဘွားပင်ရင်းဒေသလည်း ဖြစ်သည်။ ၁၉ ရာစု နှစ်များက ကနေဒါနိုင်ငံ မီရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းများ၊ ပနားမားနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်များသို့ ကွမ်တုန်းဒေသမှ တရုတ်လူမျိုး အများအပြား ရွှေ့ပြောင်းသွားခဲ့ကြသည်။ ၁၈၄၉ ခုနှစ် ရွှေအဖျားတက်ပွဲကာလကလည်း ကွမ်တုန်းဒေသမှ တရုတ်လူမျိုး အတော်များများသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် နှင့် ဩစတြေးလျနိုင်ငံများသို့ ထွက်ခွာခဲ့ကြသည်။ စီးပွားရေးဖွံ့ဖြိုးလာသောကြောင့် ပြည်ပထွက်ခွာပြောင်းရွှေ့မှု လျော့ကျသွားသော်လည်း မြောက်အမေရိက နှင့် ကမ္ဘာတစ်ဝန်းလုံးသို့ လူပြောင်းရွှေ့မှု အများဆုံးသောဒေသအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

အများစုမှာ ဟန့်လူမျိုး (တရုတ်လူမျိုး) များ ဖြစ်ကြသည်။ ယင်းတို့အနက် ကန်တုန်တရုတ်လူမျိုး (Cantonese people) တို့မှာ လူဦးရေအများဆုံး ဖြစ်သည်။ အခြားသော လူများစုမှာ ချောင်ရှန်းဒေသမှ ချောင်ကျိုးတရုတ်လူမျိုး (Teochew people) နှင့် ဟွေကျိုး၊ မေကျိုး၊ ဟဲယွမ်၊ ရှောက်ကွမ်း၊ ကျန်းကျန်း ဒေသများမှ ဟတ်ခါတရုတ်လူမျိုးများ ဖြစ်ကြသည်။ ပြည်နယ်မြောက်ပိုင်းတွင် ယောင်လူမျိုး အနည်းငယ်ရှိသည်။ အခြားလူနည်းစုများမှာ ရှဲ့လူမျိုးမြောင်လူမျိုးလီလူမျိုး နှင့် ကျွမ်းလူမျိုး တို့ ဖြစ်ကြသည်။

ကွမ်တုန်းသည် ကျားမဦးရေအချိုး မညီမျှသော ပြည်နယ်တစ်ခု ဖြစ်သည်။ ၂၀၀၉ ခုနှစ် ဗြိတိသျှဆေးပညာဂျာနယ် (British Medical Journal) ၏ လေ့လာချက်အရ အသက် ၁ နှစ်မှ ၄ နှစ်ကြား ကျားမဦးရေအချိုးမှာ မိန်းကလေး ၁၀၀ တွင် ယောက်ျားလေး ၁၃၀ ယောက် ဖြစ်နေသည်။ []

Remove ads

နိုင်ငံရေး

ကွမ်တုန်းပြည်နယ်သည် အခြားသော ပြည်နယ်များကဲ့သို့ပင် ပြည်နယ်အုပ်ချုပ်ရေးမှူးဖြင့် အုပ်ချုပ်သည်။ သို့ရာတွင် ပြည်နယ်ကွန်မြူနစ်ပါတီအတွင်းရေးမှူးက ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကို စစ်ဆေးနိုင်သည်။

ဟောင်ကောင်၊ မကာအိုတို့နှင့် ဆက်ဆံရေး

ဟောင်ကောင် နှင့် မကာအို တို့သည် ဗြိတိသျှ နှင့် ပေါ်တူဂီ တို့၏ ကိုလိုနီ မဖြစ်ခင်က ကွမ်တုန်းပြည်နယ်၏ အစိပ်အပိုင်းများ ဖြစ်ခဲ့သည်။ သို့ရာတွင် ယခုအခါ ယင်းတို့သည် အထူးအုပ်ချုပ်ခွင့်ရဒေသ (special administrative regions - SARs) များ ဖြစ်နေပြီဖြစ်သည်။ သို့ဖြစ်၍ ဒေသတွင်းအုပ်ချုပ်ရေးဆိုင်ရာများတွင် ကွမ်တုန်းပြည်နယ်မှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ပေ။

ပညာရေး

ဗဟိုအစိုးရပိုင်တက္ကသိုလ်ကောလိပ်များ

  • Jinan University (Guangzhou, Zhuhai, Shenzhen)
  • Sun Yat-sen University (Guangzhou, Zhuhai)
  • Guangdong University of Foreign Studies (廣東外語外貿大學)(since 1965)(Guangzhou)
  • Guangzhou University of Chinese Medicine
  • South China Agricultural University (華南農業大學) (founded 1909) (Guangzhou)
  • South China University of Technology (Guangzhou)

ပြည်နယ်အစိုးရပိုင်တက္ကသိုလ်ကောလိပ်များ

  • Dongguan Institute of Technology
  • Dongguan University of Technology (Dongguan)
  • Foshan University (Guangzhou, Foshan)
  • Guangzhou Academy of Fine Arts (廣州美術學院)
  • Guangdong Ocean University (廣東海洋大學)
  • Guangdong University of Business Studies (廣東商學院)
  • Guangdong Institute of Science and Technology (廣東省科技干部學院)
  • Guangzhou Medical College (廣州醫學院)
  • Guangzhou Normal University
  • Guangdong Pharmaceutical University (廣東藥學院)
  • Guangdong Polytechnic Normal University (廣東技術師范學院)
  • Guangzhou Sports University (廣州體育學院)
  • Guangdong University of Technology (廣東工業大學)
  • Guangzhou University (廣州大學)
  • Hanshan Teachers College
  • Huizhou University
  • Guangdong Education and Research Network
  • Guangzhou Education College
  • Guangdong Institute of Education
  • Guangdong Medical College
  • Guangdong Petrochemical Academy
  • Guangdong Radio & TV. University
  • Panyu Polytechnic
  • Shaoguan University
  • Shenzhen Party School
  • Shantou University (Shantou)
  • Shenzhen University (Shenzhen)
  • Shenzhen Polytechnic
  • Shunde University (Shunde)
  • South China Normal University (華南師范大學)
  • Southern Medical University
  • Xijiang University
  • Xinghai Conservatory of Music (星海音樂學院)
  • Zhanjiang Normal University
  • Zhaoqing University (肇慶大學)
  • Zhongkai Agrotechnical College (仲愷農業技術學院) (founded 1927)
  • Wuyi University (五邑大學)


Remove ads

ခရီးသွားလုပ်ငန်း

  • တန်းရှတောင်တန်း (Danxia Mountain)
  • ယွဲရှို့တောင် (Yuexiu Hill)
  • ကြယ်ပုံရေကန် (Star Lake)
  • ကြယ်ခုနစ်ပွင့်ကျောက်ချွန်တောင် (Seven Star Crags)
  • တင်းဟူတောင် (Dinghu Mountain)
  • ဒေါက်တာဆွန်ယက်ဆင်ကို ဂုဏ်ပြုသော ကျုံးရှန်းပန်းခြံ (Zhongshan Sun Wen Memorial Park for Sun Yat-sen in Zhongshan)

အုပ်ချုပ်ရေးခရိုင်များ

အောက်ပါခရိုင်ကြီးများကို ခရိုင် (၄၉)ခု၊ ခရိုင်ငယ် (၇၂)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ငယ် (၃) ခုတို့ဖြင့် ထပ်မံ ပိုင်းခြားထားသည်။

နောက်ထပ် အချက်အလက်များ Map, စဉ် ...
Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads