လီတိန်းဟွေး (အင်္ဂလိပ်: Lee Teng-hui၊ တရုတ်: 李登輝) သည် ထိုင်ဝမ်လူမျိုး စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ၏ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပထမဆုံးထိုင်ဝမ်ပြည်ဖွား သမ္မတလည်းဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ် သွယ်ဝိုက်ရွေးချယ်တင်မြောက်ခံရရုံသာမက ပထမဆုံးအကြိမ် တိုက်ရိုက်ရွေးချယ်တင်မြောက်ခံခဲ့ရသော သမ္မတလည်းဖြစ်သည်။ သူ၏သမ္မတသက်တမ်းအတွင်း စစ်အုပ်ချုပ်ရေးအဆုံးသတ်ရေးနှင့် တရုတ်သမ္မတနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ကို ဆောင်ရွက်ခဲ့ရာ အနောက်တိုင်းမီဒီယာများက သူ့အား "မစ္စတာဒီမိုကရေစီ" ဟူ၍ပင်ခေါ်ဆိုကြသည်။
အချက်တိုများ လီတိန်းဟွေးLee Teng-hui, တရုတ်သမ္မတနိုင်ငံ၏ သမ္မတ ...
လီတိန်းဟွေး Lee Teng-hui |
---|
李登輝 |
|
တရုတ်သမ္မတနိုင်ငံ၏ သမ္မတ |
---|
တာဝန်သက်တမ်း ၁၃ ဇန်နဝါရီ ၁၉၈၈ – ၂၀ မေ ၂၀၀၀ |
Premier |
- ယူကိုဟွာ
- လီဟွမ်း
- ဟောင်ဘိုချွမ်
- လျန်းချန်
- ဗင်းဆင့်ရှူး
|
---|
ဒုတိယ သမ္မတ | |
---|
ယခင်လူ | ကျန်ကျင်းကော် |
---|
ဆက်ခံသူ | ချင်ရွှေဗြန်း |
---|
တရုတ်သမ္မတနိုင်ငံ၏ ဒုတိယသမ္မတ |
---|
တာဝန်သက်တမ်း ၂၀ မေ ၁၉၈၄ – ၁၃ ဇန်နဝါရီ ၁၉၈၈ |
သမ္မတ | ကျန်ကျင်းကော် |
---|
ယခင်လူ | ရှေတုန်မင် |
---|
ဆက်ခံသူ | လီးယွမ်ဆူ |
---|
၂ ဦးမြောက် ကိုမင်တန်ပါတီ၏ ဥက္ကဋ္ဌ |
---|
တာဝန်သက်တမ်း ၂၇ ဇူလိုင် ၁၉၈၈ – ၂၄ မတ် ၂၀၀၀ ယာယီ: ၁၃ ဇန်နဝါရီ ၁၉၈၈ – ၂၇ ဇူလိုင် ၁၉၈၈ |
ယခင်လူ | ကျန်ကျင်းကော် |
---|
ဆက်ခံသူ | လျန်းချန် |
---|
ထိုင်ဝမ်ပြည်နယ်အစိုးရ ၏ ၁၁ ယောက်မြောက် ဥက္ကဋ္ဌ |
---|
တာဝန်သက်တမ်း ၅ ဒီဇင်ဘာ ၁၉၈၁ – ၂၀ မေ ၁၉၈၄ |
ယခင်လူ | လင်ယန်ကန် |
---|
ဆက်ခံသူ |
- လျုချောင်တျန်း (ယာယီ)
- ချူးချွမ်ဟွမ်
|
---|
ထိုင်ပေမြို့တော်ဝန် |
---|
တာဝန်သက်တမ်း ၉ ဇွန် ၁၉၇၈ – ၅ ဒီဇင်ဘာ ၁၉၈၁ |
ယခင်လူ | လင်ယန်ကန် |
---|
ဆက်ခံသူ | ရှောင်အင်းရှင် (邵恩新) |
---|
ဌာနလက်ကိုင်မရှိဝန်ကြီး |
---|
တာဝန်သက်တမ်း ၁ ဇွန် ၁၉၇၂ – ၁ ဇွန် ၁၉၇၈ |
Premier | ကျန်ကျင်းကော် |
---|
|
ကိုယ်ရေး အချက်အလက်များ |
---|
မွေးဖွား | ၁၅ ဇန်နဝါရီ ၁၉၂၃ ဆန်းကျီခရိုင်၊ ထိုင်ဟိုကူပြည်နယ်၊ ဂျပန်ခေတ်ထိုင်ဝမ် |
---|
ကွယ်လွန် | ၃၀ ဇူလိုင် ၂၀၂၀ (၉၇ နှစ်) ထိုင်ပေစစ်မှုထမ်းဟောင်း အထွေထွေဆေးရုံ၊ ဘေထိုခရိုင်၊ ထိုင်ပေ၊ ထိုင်ဝမ် |
---|
သင်္ဂြိုဟ်ရာနေရာ | ဝူကျီတောင် စစ်သင်္ချုင်း |
---|
လူမျိုး | |
---|
နိုင်ငံရေးပါတီ | တစ်သီးပုဂ္ဂလ (၂၀၀၁–၂၀၂၀) |
---|
အခြား နိုင်ငံရေးလွှမ်းမိုးမှု | |
---|
ကြင်ဖော် | စန်းဝမ်ဟွေ (၁၉၄၉) |
---|
ပညာရေး | |
---|
အလုပ်အကိုင် | စီးပွားရေးပညာရှင်၊ နိုင်ငံ့ဝန်ထမ်း |
---|
စစ်မှုထမ်းခြင်း |
---|
သစ္စာခံနိုင်ငံ | ဂျပန် |
---|
တပ်/တပ်ဖွဲ့ခွဲ | ဂျပန်အင်ပါယာ ကြည်းတပ်မတော် |
---|
အမှုထမ်းကာလ | ၁၉၄၄–၁၉၄၅ |
---|
ရာထူး | ဒုတိယဗိုလ် |
---|
တိုက်ပွဲ/စစ်ပွဲများ | ဒုတိယကမ္ဘာစစ်၊ ပစိဖိတ်စစ်ပွဲ |
---|
|
တရုတ်အမည် |
---|
ရိုးရာ တရုတ် | 李登輝 |
---|
ရိုးရှင်းသော တရုတ် | 李登辉 |
---|
Transcriptions |
---|
Standard Mandarin |
---|
Hanyu Pinyin | Lǐ Dēnghuī |
---|
Bopomofo | ㄌㄧˇ ㄉㄥ ㄏㄨㄟ |
---|
Gwoyeu Romatzyh | Lii Denghuei |
---|
Wade–Giles | Li3 Têng1-hui1 |
---|
Tongyong Pinyin | Lǐ Denghuei |
---|
MPS2 | Lǐ Dēng-huēi |
---|
IPA | [lì tə́ŋ.xwéi] |
---|
Hakka |
---|
Romanization | Lí Tên-Fî |
---|
Yue: Cantonese |
---|
Jyutping | lei5 dang1fai1 |
---|
Southern Min |
---|
Hokkien POJ | Lí Teng-hui |
---|
Tâi-lô | Lí Ting-hui |
---|
|
ဂျပန်အမည် |
---|
Kanji | 岩里政男 |
---|
Kana | いわさと まさお |
---|
Transcriptions |
---|
Romanization | Iwasato Masao |
---|
|
|
ပိတ်ရန်
ရာထူးမှဆင်းပြီးနောက် ထိုင်ဝမ်နိုင်ငံရေးတွင် ဆက်လက်လှုပ်ရှားခဲ့သည်။ သူ့အား လွတ်လပ်ရေးလိုလားသော ထိုင်ဝမ်သွေးစည်းညီညွတ်ရေးသမဂ္ဂ (TSU) ၏ "လမ်းပြခေါင်းဆောင်" အဖြစ် သတ်မှတ်ကြသည်။[၁] သူသည်အဆိုပါသမဂ္ဂအတွက် စည်းရုံးရေးများလုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။[၂] သူသည် ၂၀၀၁ ထိုင်ဝမ်နိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွင် TSU ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခဲ့ရာမှ ကိုမင်တန်ပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထို့အပြင် ယခင်ထိုင်ဝမ်သမ္မတဟောင်း ချင်ရွှေဗြန်းနှင့်သာမက ဂျပန်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးလည်းရှိခဲ့သည်။