လုအန်ဒါမြို့

From Wikipedia, the free encyclopedia

လုအန်ဒါမြို့map
Remove ads

လုအန်ဒါမြို့(/luˈændə, -ˈɑːn-/)[]သည် အင်ဂိုလာနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ ထိုမြို့သည် အင်ဂိုလာနိုင်ငံ၏ အဓိကဆိပ်ကမ်းဖြစ်ပြီး နိုင်ငံ၏ စက်မှုလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် မြို့ပြဗဟိုတို့ အဓိကတည်ရှိရာမြို့လည်းဖြစ်သည်။ အင်ဂိုလာနိုင်ငံမြောက်ပိုင်း အတ္တလန္တိတ်ကမ်းရိုးတန်းတွင် တည်ရှိသော လုအန်ဒါမြို့သည် အင်ဂိုလာနိုင်ငံ၏ အုပ်ချုပ်မှုဗဟိုဖြစ်ပြီး ပင်မဆိပ်ကမ်းဖြစ်ကာ လုအန်ဒါစီရင်စု၏ မြို့တော်ဖြစ်သည်။ လုအန်ဒါမြို့နှင့် မြို့ပြဧရိယာသည် ကမ္ဘာပေါ်တွင် ‌လူဦးရေအထူထပ်ဆုံးသော ပေါ်တူဂီစကားပြောမြို့တော်ဖြစ်ပြီး ဘရာဇီးနိုင်ငံပြင်ပတွင် လူဦးရေထူထပ်သော Lusophone city ဖြစ်ကာ ၂၀၂၀ ခုနှဏ် နေထိုင်သူ ၈.၃ မီလီယံကျော်(အင်ဂိုလာလူဦးရေ၏ သုံးပုံတစ်ပုံ)ရှိသည်။

အချက်တိုများ လူအန်ဒါမြို့, နိုင်ငံ ...

အာဖရိကတိုက်ရှိ ရှေးအကျဆုံးသော ကိုလိုနီမြို့များထဲတွင် ဤမြို့ကို ၁၅၇၆ ခုနှစ် ပေါ်တူဂီ စူးစမ်းရှာ‌ဖွေရေးသမား ပါလို ဂျီရပ်စ် ဒီ နိုဗိုင်းစ်(Paulo Dias de Novais)မှ São Paulo da Assunção de Loanda ဟုသော အမည်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ကျွန်ကုန်ကူးမှု တားမြစ်ခြင်းမရှိမီ ထိုမြို့သည် ဘရာဇီးနိုင်ငံသို့ ကျွန်ကုန်ကူးမှု၏ အဓိကနေရာဖြစ်ခဲ့သည်။ ၁၉၇၅ ခုနှစ် အင်ဂိုလာ ပြည်တွင်းစစ်စတင်ချိန်တွင် ပေါ်တူဂီလူဖြူအများစုသည် အဓိကအားဖြင့် ပေါ်တူဂီနိုင်ငံသို့ ဒုက္ခသည်များအဖြစ် ထွက်ပြေးခဲ့ကြသည်။[] လုအန်ဒါ၏ လူဦးရေသည် စစ်ပွဲမှ ထွက်ပြေးလာခဲ့သော ဒုက္ခသည်များကြောင့် များစွာ တိုး၍လာခဲ့သော်လည်း ဤတိုးပွားမှုကို ကိုင်တွယ်နိုင်ရန်အတွက် အခြေခံအဆောက်အဦ မလုံလောက်မှု ဖြစ်ပေါ်ခဲ့သည်။ ဤသည်မှာ ဆင်းရဲသားရပ်ကွက်များတိုးပွားလာမှု သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများသည် လုအန်ဒါမြို့ပတ်ဝန်းကျင်တွင် ‌ဖြစ်ပေါ်လာခဲ့သည်။ မြို့တော်တွင် အကြီးစားပြန်လည်တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ပြီး များစွာကြီးမားသော တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကာ မြို့တော်ရှုခင်းကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။[]

မြို့တော်တွင် လက်ရှိတည်ရှိနေသော စက်မှုလုပ်ငန်းများတွင် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ‌အဖျော်ယမကာထုတ်လုပ်ခြင်း၊ အထည်အလိပ်လုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်း၊ ကားသစ်များတပ်ဆင်ခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ပလက်စတစ်၊ သတ္တု၊ စီးကရက်နှင့် ရှူးဖိနပ်လုပ်ငန်းတို့ ပါဝင်သည်။ မြို့တော်သည် ရေနံစီးပွားရေးလုပ်ငန်းဗဟိုချက်အဖြစ် ထင်ရှားပြီး[][] ရေနံသန့်စင်စက်ရုံသည် မြို့တော်တွင် တည်ရှိသည်။ လုအန်ဒါမြို့သည် ပြင်ပမှ လာရောက်နေထိုင်သူများအတွက် ဈေးအကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်သည်။[][၁၀] လူအန်ဒါမြို့တွင် နေထိုင်သူ အများစုမှာ Ambundu လူမျိုးစုများဖြစ်သော်လည်း မကြာသေးမီကာလများတွင် Bakongo နှင့် Ovimbundu လူမျိုးစုအရေအတွက်များ တိုး၍လာခဲ့သည်။ ‌ဥရောပတိုက်သားများလည်းရှိပြီး အထူးသဖြင့် ပေါ်တူဂီလူမျိုးများဖြစ်သည်။ လူအန်ဒါသည် ၂၀၁၀ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ပွဲများကို လက်ခံကျင်းပခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads