လူငယ်ရေးရာဦးစီးဌာန

From Wikipedia, the free encyclopedia

Remove ads

လူငယ်ရေးရာဦးစီးဌာန (အင်္ဂလိပ်: Department of Youth Affairs)သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာနိုင်ငံတော်အစိုးရအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

လူငယ်ရေးရာဦးစီးဌာနတည်ထောင်နိုင်ရန် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်သက်တမ်း ၂၀၁၃ခုနှစ်ကပင် တည်ထောင်ရေးစီမံချက်မူကြမ်း ရေးဆွဲခဲ့သည်။ ၂၀၁၆ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် လူငယ်ရေးရာမူဝါဒများကို ချမှတ်နိုင်ရန် ကြိုးစားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အဓိကထားလုပ်ဆောင်ခဲ့သည်။ထိုဝန်ကြီးဌာနရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ အဆင့်ဆင့်သော လူငယ်ကော်မတီများ ဖွဲ့စည်းခဲ့သည်။ ထိုအတောအတွင်း လူငယ်ရေးရာများကို အစဉ်တစိုက်လုပ်ဆောင်မည့် လူငယ်ရေးရာဦးစီးဌာန သို့မဟုတ် ဝန်ကြီးဌာန ဖွဲ့စည်းပေးရန် တောင်းဆိုမှုများရှိခဲ့သည်။

၂၀၂၁ခုနှစ် ဩဂုတ်လတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး[] ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် လူငယ်ရေးရာဦးစီးဌာနကို ဖွဲ့စည်းခွင့်ပြုခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို လွှဲပြောင်းပေးခဲ့သည်။ ၂၀၂၂ခုနှစ် ဧပြီလ ၈ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ လူငယ်ရေးရာဦးစီးဌာနရုံးအား ဖွင့်လှစ်ခဲ့သည်။ ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းက ခေတ္တညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဇွန်လ (၂၄)ရက်နေ့မှစ၍ ဦးနေဝင်းမှ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။[][][]

Remove ads

ဖွဲ့စည်းပုံ

  • စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲ
  • လူ့စွမ်းအားအရင်းအမြစ်လေ့ကျင့်ရေးနှင့် အသိပညာပေးဌာနခွဲ
  • သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနခွဲ
  • မသန်စွမ်းလူငယ်ရေးရာဌာနခွဲ
  • တိုင်း/ပြည်နယ်ရုံးများ

အကြီးအကဲများ

ညွှန်ကြားရေးမှူးချုပ်များ

  • ဦးကျော်ဆန်း (ဧပြီ - ဇွန် ၂၀၂၂) (ခေတ္တ)
  • ဦးနေဝင်း (၂၄ ဇွန် ၂၀၂၂ - လက်ရှိ)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads