လူးလူမျိုး
From Wikipedia, the free encyclopedia
Remove ads
တိုင်းရှမ်းလူမျိုးတို့ကို ဒေသကိုလိုက်၍ သုံးမျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ မြောက်ပိုင်းရှမ်း၊ အလယ်ပိုင်းရှမ်းနှင့် တောင်ပိုင်းရှမ်းတို့ ဖြစ်သည်။ အလယ်ရှမ်း(သို့) အရှေ့ရှမ်း လူမျိုးတွင် ဂုံနှင့် လူးလူမျိုးတို့ ပါဝင်လေသည်။
လူး(သို့မဟုတ်)လူးရှမ်း
လူးလူမျိုးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးဖြစ်သော ရှမ်းလူမျိုးနွယ်စုတစ်ခုဖြစ်၍ ကျိုင်းတုံနယ် အတွင်းပိုင်းတောင်တန်းဒေသရှိ ကျေးလက်ဒေသများ၊မိုင်းယောင်းမြို့နယ် တို့တွင် နေထိုင်လေ့ရှိကြသည်။ ကျိုင်းတုံနယ်၊ သံလွင်မြစ်အရှေ့ဘက်ကမ်းတွင် ဂုံလူမျိုး တို့ အနေများလေသည်။ ကျိုင်းတုံဈေးနေ့များတွင် ယင်းတို့ကိုတွေ့ရတတ်သည်။ လူးနှင့် ဂုံ(ခွံ)လူမျိုးတို့၏ စာပေအရေးအသားသည် မတူကြသော်လည်း မျိုးရိုးနှင့် ဓလေ့ ထုံးစံတို့မှာ ခြားနားခြင်းများစွာမရှိလှဟုသိရသည်။ လူးလူမျိုးတို့သည် တရုတ်နိုင်ငံတောင်ပိုင်း ချေလီခေါ် ကျိုင်းရုံးကြီးဘက်မှ ပြောင်းရွှေ့လာကြသူများဖြစ်သည်။ ယခုတိုင် ယိုးဒယားနိုင်ငံမြောက်ပိုင်း လန်ဖုန်းနှင့် အခြား ခရိုင်များ၊ လာအိုနိုင်ငံမြောက်ပိုင်း၊ ကျိုင်းရုံးကြီးနယ်(လူးတဆယ့်နှစ်ပန္နား)ခေါ် ဆစ်ဆောင်ပန်းနား တို့တွင်လူးလူမျိုးများစွာ နေထိုင်လျက်ရှိသည်။
Remove ads
လူးယဉ်ကျေးမှု
သူတို့၏ ဝတ်စားပုံမှာ ရှမ်းလူမျိုးများ၏ အဆင်တန်ဆာများဖြစ်သော အမည်းရောင်အင်္ကျီ၊ ဘောင်းဘီနှင့် ခေါင်းပေါင်းကြီးများကို ယောက်ျားများက ဝတ်ဆင်ကြသည်။ မိန်းမများကမူ လက်ကောက်ဝတ်ကျပ်သော အင်္ကျီလက်ရှည်ကို ဝတ်၍ ခေါင်းပေါင်းပွကြီးများကို ပေါင်းတတ်သည်။ လူးလူမျိုးတို့၏ နေအိမ်မှာ အထူးသဖြင့် အုတ်ကြွပ်မိုးနှင့် အုတ်အင်္ဂတေ အကာအရံဖြင့် ဆောက်လုပ်သော အိမ်များဖြစ်ကြသည်။[၁]
၁၉ဝ၁-ခုနှစ် သန်းခေါင်စာရင်းအရ လူးလူမျိုး ၁၆၂၂၇ ရှိ၍ ဂုံလူမျိုး ၄၁၄၇ဝ ရှိရာ စုစုပေါင်း ၅၇၆၉၇ ရှိလေသည်။ ၁၉၃ဝ-ခုနှစသန်းခေါင်စာရင်း၌မူ ဂုံလူမျိုး ၃၁၂၃၄ ရှိ၍ လူးလူမျိုး ၃ဝဝ၃၁ ရှိရာ စုစုပေါင်း ၆၁၂၆၅ ရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံအပတွင် နေထိုင်လျက်ရှိသော လူးလူမျိုးဦးရေမှာ ထိုထက်များစွာပိုမိုလေသည်။ လူးလူမျိုးများသည် ဗုဒ္ဓဝါဒီများဖြစ်ကြသည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads