လူဝီးဂျီ ဂါလ်ဗားနီ
အီတလီ ရူပဗေဒီနှင့် ဒဿနိကဗေဒီ From Wikipedia, the free encyclopedia
Remove ads
လူဝီးဂျီ အာလိုအီးစီယို ဂါလ်ဗားနီ (၁၇၃၇-၁၇၉၈) သည် အီတလီလူမျိုး ဆရာဝန် ဖြစ်သကဲ့သို့ ရူပဗေဒ ပညာရှင်လည်းဖြစ်သည်။ အီတလီနိုင်ငံ ဘိုလိုညာတွင်မွေးဖွားခဲ့ပြီး၊ ထိုနေရာတွင်ပင် ခေါင်းချခဲ့သည်။ ဖားသေတစ်ကောင်၏ ခြေထောက်မှ ကြွက်သားများသည် လျှပ်စစ်ဓာတ်ပေးလိုက်သော အခါလှုပ်ရမ်းကြောင်းကိုလေ့လာတွေ့ရှိခဲ့သည်။ ၎င်းသည်ပင်လျှင် ဇီဝလျှပ်စစ်ဗေဒ ၏အခြေပြုဖြစ်ခဲ့သည်။ ဇီဝလျှပ်စစ်ဗေဒ သည် အာရုံကြောစနစ် များ အကြောင်းကို လေ့လာရာတွင် လွန်စွာမှ အထောက်အကူ ဖြစ်သည်။
လူဝီးဂျီ အာလိုအီးစီယို ဂါလ်ဗားနီ | |
![]() | |
မွေးနေ့ | ၀၉ စက်တင်ဘာ ၁၇၃၇ |
ကွယ်လွန် | ၀၄ ဒီဇင်ဘာ ၁၇၉၈ (အသက် ၆၁ နှစ်) |
မွေးဖွားရာဒေသ | ဘိုလိုညာ၊အီတလီနိုင်ငံ |
ထင်ရှားသည့်နယ်ပယ် | ရူပဗေဒ၊ ဆေးပညာ |
လူသိများခြင်းမှာ | ဇီဝလျှပ်စစ်ဗေဒ
သတ္တဝါလျှပ်စစ် |
Remove ads
ဘဝ၏အစောပိုင်းကာလ
ဂယ်လ်ဗနီသည် သာသနာရေးရာ များတွင်စိတ်ဝင်စား သောကြောင့် သာသနာဝန်ထမ်း အဖြစ်မှုထမ်းရန် ရည်ရွယ်ခဲ့သော်လည်း ဆရာဝန်ဖြစ်သူ ဖခင်နှင့် မိခင်ဒို့၏ ဆန္ဒအရ ဘိုလိုညာရှိ ဆေးကျောင်းတွင်ဆေးပညာသင်ယူခဲ့သည်။ ၁၇၆၂ တွင်ဂယ်လ်ဗနီသည် ဘိုလိုညာတက္ကသိုလ်တွင် ခန္ဓာဗေဒ ကထိက အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်။ ကတိကဘဝတွင် သူ၏သုသေသန လုပ်ငန်းများကြောင့် ဂုဏ်သတင်းကြီး ခဲ့သူဖြစ်သည်။ သတ္တဝါလျှပ်စစ် အကြောင်းကို Institute of Sciences at Bologna အတွဲ ၇ စာတမ်း တွင် De viribus electricitatis in motu musculari commentarius အမည်ရှိစာတမ်းဖြင့် ရဲဝံ့ပြတ်သားစွာဖော်ပြခဲ့သည်။ ၁၇၆၄ခုနှစ်တွင် ဘိုလိုညားတက္ကသိုလ် မှ ပါမောက္ခတစ်ဦး၏ သမီးဖြစ်သူ လူချီးယာ ဂယ်လာယာဇီနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ၁၇၇၂တွင် ယင်းတက္ကသိုလ်၏ ပါမောက္ခချုပ် ဖြစ်လာခဲ့သည်။
တနေ့တွင် ဂယ်လ်ဗနီသည် တည်ငြိမ်လျှပ်စစ် ကိုဖားသရေနှင့် ပွတ်တိုက်စမ်းသပ်ရန် အတွက် ဖားသေတစ်ကောင်၏ အရေခွံကို ဆုတ်နေစဉ် သူ၏လက်ထောက်သည် တင်ပါးရိုးနဗ် အာရုံကြော နှင့်စပ်သော အကြောတစ်ခုကို တည်ငြိမ်လျှပ်စစ်ဓာတ်အားသွင်းထားသည့် သံချောင်းတစ်ချောင်းနှင့် မတော်တဆထိမိသွားသည်။ ထိုအခါ ဖားသေ၏ ခြေထောက်သည် သက်ရှိထင်ရှား ရှိစဉ်က ကဲ့သို့ပင် လှုပ်ရှားသွားသည်ကိုတွေ့ရသည်။ ယင်းတွေ့ရှိမှုကြောင့် လျှပ်စစ်စွမ်းအင်၏ သဘာဝကို ပိုမိုနားလည်လာ ခြင်းအပြင် ကြွက်သားများ၏ လှုပ်ရှားမှုကိုလဲ ပိုမိုနားလည် သဘောပေါက်လာခဲ့သည်။
ထိုကဲ့သို့ ဇီဝလျှပ်စစ် ကိုရှာဖွေတွေ့ရှိမှု အတွက် ပြောပလောက်သော ဂုဏ်ပြုမှုကို မယ်မယ်ရရ မခံစားခဲ့ရပေ။
Remove ads
ဂယ်လ်ဗနီ နှင့် ဗိုလတာ
ထိုကာလ အပိုင်းအခြားအတွင်းမှာပင် ဂယ်လ်ဗနီ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ အလက်ဇန်ဒရိုဗိုလတာ မှ ဘက်ထရီ ကိုတီထွင်ခဲ့သည်။ ဗိုလတာသည် ဂယ်လ်ဗနီ၏သတ္တဝါလျှပ်စစ်သီအိုရီ ပေါ်တွင် အခြေခံကာ ဘက်ထရီ ကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ဂယ်လ်ဗနီသည် လျှပ်စစ်စွမ်းအင်သည် ဇီဝဗေဒ နှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော ဘာသာရပ်တစ်ခု အဖြစ်သီးခြား လေ့လာခြင်းမပြုခဲ့ပါ။ ဂယ်လ်ဗနီသည် သတ္တဝါလျှပ်စစ်သည် ကြွက်သားမှဖြစ်ပေါ်လာသည် ဟူ၍သာ ယုံကြည်ခဲ့သည်။ ဗိုလတာ မှ ဂယ်လ်ဗနီ၏ သီအိုရီသည် မှားယွင်းနေကြောင်းကို ဘက်ထရီကို တီထွင်၍ပြသခဲ့သည်။
Remove ads
နောက်ဆုံးနေ့ရက်များ နှင့် ဘဝနိဂုံး
၁၇၉ဝ ဇွန်လ ၃၀ရက် တွင်ဇနီးဖြစ်သူ ကွယ်လွန်ခဲ့သည်။ ၁၇၉၆တွင် နပိုလီယံ ဘိုနာပတ်၏ စစ်တပ်များရောက်ရှိ လာသောအခါ ဘိုလိုညာမြို့ တွင်အခြေအနေများ ပြောင်းလဲသွားသည်။ ဂယ်လ်ဗနီသည် သူ၏ဘာသာရေးအယူဝါဒ ကြောင့် Cisalpine Republic အတွက်သစ္စာခံကာ ကျမ်းကျိန်မှုကိုမပြု သည့်အတွက် အလုပ်မှပြုတ်ကာ ဝင်ငွေမဲ့ဘဝသို့ ရောက်ရှိခဲ့သည်။ အဖျားများ တက်ခါ ၀၄ ဒီဇင်ဘာ ၁၇၉၈တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်သူ၏ဆန္ဒအရ သူ၏ဇနီးသည်၏ အုတ်ဂူ အနီးတွင်ပင် မြုတ်နှံခဲ့သည်။
ကိုးကားချက်များ
1) English Wikipedia မှ ဆောင်းပါး Luigi Galvani (1737-1798) ကိုမှီငြမ်းရေးသား၊ သင့်လျော်အောင်ဘာသာပြန်ဆိုသည်။
2) Find the Grave (Luigi Galvani မှလည်းကောင်း၊
3) NNDB (Luigi Galvani မှလည်းကောင်း မှီငြမ်းရေးသား၊ သင့်လျော်အောင်ဘာသာပြန်ဆိုသည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads