သံ (သတ္တု)

From Wikipedia, the free encyclopedia

သံ (သတ္တု)
Remove ads
အခြားကြည့်ရန်။ သံနှင့်သံမဏိ

သံ (အင်္ဂလိပ်: Iron) သည် ပုံမှန်အားဖြင့် တောက်ပြောင်ပြီး ငွေရောင်သန်းသော (lustrous silver-gray) သတ္တု အမျိုးအစား ဖြစ်သည်။ သို့သော်လည်း စိုစွတ်သော လေနှင့်ထိတွေ့သောအခါ လေထဲရှိ အောက်ဆီဂျင်ကြောင့် ဓာတ်တိုးခြင်း (oxidation) ဖြစ်ပြီး အနက်ရောင် ရှိသော Iron (II)oxide or Ferrous oxide (FeO) အဖြစ်ပြောင်းသွားသည်။ ဒြပ်စင်အလှည့်ကျဇယား (periodic table ) ၏ group VIII ၌တည်ရှိသည်။ သံ၏ ဂုဏ်သတ္တိများမှာ နန်းကြိုးဆွဲနိုင်ခြင်း (ductile)၊ အပြားခတ်နိုင်ခြင်း (malleable) တို့ဖြစ်သည်။ သံသည် ပုံဆောင်ခဲ အသွင် လေးမျိုးအနေဖြင့် တည်ရှိနေနိုင်ပြီး အားပျော့သည့် အက်ဆစ် (dilute acids) များတွင် အလွယ်တကူ ပျော်ဝင်နိုင်သည်။ chemically active ဖြစ်ပြီး Bivalent iron (II) (ferrous) နဲ့ trivalent iron (III) (ferric) ဒြပ်ပေါင်းဟူ၍ ဒြပ်ပေါင်းပုံစံ နှစ်မျိုးအဖြစ် တည်ရှိနိုင်သည်။ Ferrous ဒြပ်ပေါင်းဆိုသည်မှာ သံ၏ ပေါင်းစည်းကိန်း ၂ နှင့် ပေါင်းထားသော ဒြပ်ပေါင်းများဖြစ်သည်။ (ဥပမာ-FeO)။ Ferric ဒြပ်ပေါင်းဆိုသည်မှာ သံ၏ ပေါင်းစည်းကိန်း ၃ နှင့် ပေါင်းထားသည့် ဒြပ်ပေါင်းများ ဖြစ်သည် (ဥပမာ – Fe2O3)။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads
Remove ads

အသုံးပြုခြင်း

သတ္တု အားလုံးထဲတွင် သံကို အများဆုံး အသုံးပြုပါသည်။ အခြားသတ္တုများနှင့် နိုင်းယှဉ်လျှင် အကုန်အကျသက်သာပြီး အသုံးဝင်သည့်အတွက် မရှိမဖြစ်လိုအပ်သော သတ္တုတစ်မျိုး ဖြစ်ပါတယ်။ သံ၏ အသုံး ဝင်ပုံများမှာ နို့ဆီဘူးခွံမှ အစ ကား၊ လေယာဉ်၊ သင်္ဘောများအထိ အသုံးပြုကြသည်။ သံမဏိသည် အထင်ရှားဆုံး သံသတ္တုစပ်ဖြစ်ပြီး အခြားသံဒြပ်စင်ပါဝင်သော သတ္တုစပ်များမှာ Pig Iron၊ Cast iron၊ Carbon Steel၊ Wrought Iron နှင့် Iron Oxide တို့ပင်ဖြစ်သည်။ ( Pig Iron-ကာဗွန်ပါဝင်မူ့ ၃.၅%-၄.၅% ပါသော အိုင်းယွန်းသတ္တုစပ်၊ Cast Iron-ကာဗွန်ပါဝင်မှု ၂.၅% နှင့် အတူ အခြား အညစ်အကြေးများ ရောနှောနေသော သံသတ္တုစပ်၊ wrought iron-ကာဗွန်ပါဝင်မှု အလွန်နည်းပါးသော သန့်စင်ပြီး pure iron)

Remove ads

သဘာဝမှာတွေ့ရှိမှုအခြေအနေ

သံသည် စကြဝဠာထဲတွင် ဒဿမမြောက် အပေါ်များဆုံး ဒြပ်စင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒြပ်ထုအနေဖြင့် ၃၄.၆%ခန့် ရှိပြီး အပေါများဆုံး ဒြပ်စင်ဖြစ်သည်။ သံ အများစုကို hematite (iron (III) oxide-Fe2O3)၊ magnetite (ferrimagnetic-Fe3O4) စသည့် သံအောက်ဆိုဒ် အမျိုးမျိုးနှင့် taconite ဟုခေါ်သော သံပါဝင်နူန်း ၂၅ % မှ ၃၀ % အထိပါဝင်သော သံကျောက်များတွင် တွေ့ရှိရသည်။ ကမ္ဘာကြီး၏ အလယ်ဗဟိုတွင် သံနှင့်နီကယ် သတ္တုစပ် အမြောက်အမြား ပါဝင်ဖွဲ့စည်းထားသည်။ သံဓာတ်သည် အလွန်သေးငယ်သော micro-organism များမှစ၍ လူသားများအထိ မရှိမဖြစ် လိုအပ်ပါသည်။ တစ်ကမ္ဘာလုံး သံထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ပေါင်း သန်း ၅၀၀ ခန့်ဖြစ်ပြီး အသုံးပြုပြီးသော သံများကို အသစ်ပြန်လည် ပြောင်းလဲ ထုတ်လုပ်ခြင်းမှာ တစ်နှစ်လျှင် တန်ပေါင်း သန်း ၃၀၀ ခန့် ဖြစ်သည်။ သံ အဓိက ထွက်ရှိသော နိုင်ငံများမှာ တရုတ်၊ ဘရာဇီး၊ ဩစတြေးလျ၊ ရုရှား နှင့် ယူကရိန်း နိုင်ငံတို့ဖြစ်ပြီး သံ တူးဖော်သောတခြား နိုင်ငံများမှာ အမေရိကန်၊ ကနေဒါ၊ ဘင်နီဇွဲလား၊ ဆွီဒင် နှင့် အိန္ဒိယ နိုင်ငံတို့ ဖြစ်သည်။

Remove ads

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

သံဓာတ်သည် အသားအမျိုးမျိုး၊ အာလူးနှင့် ဟင်းသီးဟင်းရွက်များထဲတွင် အဓိက ပါဝင်သည်။ လူ့ ခန္ဓာကိုယ်၏ သံဓာတ်စုပ်ယူမှုမှာ အပင်များ၏ သံဓာတ်စုပ်ယူမှုထက် ပို၍ လျင်မြန်ပါသည်။ သံသည် သွေးနီဥများ (Hemoglobin) အတွက် မရှိမဖြစ် လိုအပ်ပါသည်။ hemoglobin သည် သွေးထဲမှတဆင့် အောက်ဆီဂျင်ကို ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးသို့ သယ်ယူပို့ဆောင်ပေးပါသည်။ သံဓာတ်ချို့တဲ့ ခြင်းသည် လူ့ခန္ဓာကိုယ်အတွက် အဓိက ပြဿနာ တစ်ရပ်ဖြစ်သည်။ အမျိုးသားများ အတွက် တစ်နေ့တာ သံဓာတ်လိုအပ်မှု ပျမ်းမျှနူန်းသည် 7mg ခန့်ဖြစ်ပြီး အမျိုးသမီးများအတွက် 11mg လိုအပ်ပါသည်။ ထိုကဲ့သို့ လိုအပ်သော သံဓာတ်များကို နေ့စဉ်စားသုံးနေသော အစားအစာ များထဲမှ အလုံအလောက် ရရှိနိုင်သည်။

ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ

Iron (III)-O-arsenite,pentahydrate (or Ferric arsenite- As2Fe2O6.Fe2O3.5H2O) သည် သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်စေပြီး လေနှင့် ရေကို ညစ်ညမ်းစေသည်။

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads