လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး​ရေး လုပ်ငန်း

From Wikipedia, the free encyclopedia

Remove ads

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး​ရေး လုပ်ငန်း (အင်္ဂလိပ်: Electricity Supply Enterprise) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်စွမ်းအားဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်း​ကြောင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စီးပွားရေးစနစ်ကိုဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲ ဆောင်ရွက်ရာတွင် နိုင်ငံပိုင်စက်ရုံကြီးများ၊ ပုဂ္ဂလိကပိုင်စက်ရုံကြီးများ၊ စက်မှုဇုန်များ တိုးတက်လာ သကဲ့သို့၊ စားသုံးသီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်ထွန်းရေးကို အထောက်အကူပြုသည့် လျှပ်စစ် မြစ်ရေတင်လုပ်ငန်းများ ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် မြို့ကွက်သစ်များ၊ မြို့သစ်များ တိုးချဲ့ခြင်း၊ အဆင့်မြင့်အိမ်ရာများတည်ဆောက်ခြင်းတို့ကြောင့် တိုးတက်များပြားလာသောလူနေအိမ်တိုင်းလိုလိုပင် လျှပ်စစ်ကိုအသုံးချသည့်ခေတ်မီအသုံးအဆောင်ပစ္စည်းများတိုးတက်သုံးစွဲလျက်ရှိရာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုအပြည့်အဝဖြည့်ဆည်းပေးနိုင်ရေး၊ စဉ်ဆက်မပြတ်ဓာတ်အားရရှိရေး၊ လျှပ်စစ်ဓာတ်အားကို မှန်ကန်သောနည်းလမ်းဖြင့် စနစ်တကျ အန္တရာယ်ကင်းစွာ သုံးစွဲကြရေး၊ သုံးစွဲသည့်ယူနစ်နှင့် ညီမျှသော ဓာတ်အားခအခွန်တော်ငွေ ကောက်ခံပေးသွင်းရေး စသည်တို့ဖြင့် နိုင်ငံတော်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကဏ္ဍသည် မရှိမဖြစ် လိုအပ်လျက်ရှိသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် စီပွားရေးနှင့်လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် အရေးကြီးဆုံးဖြစ်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ဌာနစတင်ဖွဲ့စည်းသည်မှ ယနေ့အထိ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်ဓာတ်အားကို မီးသုံးစွဲသူ များထံသို့ စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အဘက်ဘက်မှတိုးတက်သည်ထက် တိုးတက်အောင် အစဉ်တစိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စနစ်တကျ ဓာတ်အားဖြန့်ဖြူးပေးရေးနှင့် ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်း မရှိသော ဝေးလံသည့် ဒေသများသို့ တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးကို အစဉ်တစိုက်အားသွန်ခွန်စိုက်ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

လွတ်လပ်ရေးမရမီကာလတွင် မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှုမှာ ကိုလိုနီ စနစ်အုပ်ချုပ်ရေးပုံစံဖြင့် အစိုးရတစ်ပိုင်း ၊ ပုဂ္ဂလိကတစ်ပိုင်းရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းလုပ်ငန်းကို အစိုးရကသာ တာဝန်ယူဆောင်ရွက်ရန်အတွက် ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအက်ဥပဒေကို ပြဋ္ဌာန်းပြီး ၁၉၅၁ခုနှစ်၊ အောက်တိုဘာလ(၁)ရက် နေ့တွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ Electricity Supply Board (ESB) ကို စက်မှုလက်မှု ဝန်ကြီးဌာနလက်အောက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ကို လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း Electricity Power Corporation ဟု ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် စက်မှုလက်မှုဝန်ကြီးဌာနအား အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနဟု ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လျှပ်စစ်ဓာတ်အားကော်ပို ရေးရှင်းသည် အမှတ်(၂)စက်မှုဝန်ကြီးဌာန လက်အောက်တွင် ပါဝင်ခဲ့သည်။ ၁၉၈၅ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့တွင် အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ စွမ်းအင်ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ လျှပ်စစ် ဓာတ်အားကော်ပိုရေးရှင်းအား စွမ်းအင်ဝန်ကြီးဌာနအောက်တွင် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း Myanmar Electric Power Enterprise (MEPE) အဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဟူ၍ ဖွဲ့စည်းခဲ့ရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း၊ ရေအားလျှပ်စစ်ဦးစီးဌာနဟူ၍ ဌာန(၃)ခုဖြင့် ဖွဲ့စည်းခဲ့သည်။၂၀၀၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့မှစ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းသည့်အခါ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လက်အောက်တွင် အောက်ပါအတိုင်း ဌာနကြီး (၄)ခုအဖြစ် ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။

  • လျှပ်စစ်စွမ်းအားဦးစီးဌာန၊ Department of Electric Power (DEP)
  • မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊Myanma Electric Power Enterprise (MEPE)
  • လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ Electricity Supply Enterprise (ESE)
  • ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ Yangon City Electricity Supply Board (YESB)

 အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တို့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ပြန်လည်ပေါင်းစည်း ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၆ခုနှစ် ၊ မတ်လ ၁၇ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာနတို့ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[]

Remove ads

ရည်မှန်းချက်တာဝန်

ဝန်ကြီးဌာနကချမှတ်ပေးထားသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမူဝါဒနှင့် ရည်မှန်းချက်များကို အောက်ဖော်ပြပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်-

  • လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနက လျှပ်စစ်စွမ်းအားကဏ္ဍနှင့်စပ်လျဉ်း၍ ရေတိုရေရှည် အစီအမံများ ရေးဆွဲရာတွင် မိမိလုပ်ငန်းနှင့်သက်ဆိုင်သော သတင်းအချက်အလက်နှင့် စာရင်းအင်းများကိုပြုစုပေးခြင်း။
  • ဓာတ်အားစနစ် ပြင်ပတွင်ရှိသည့် အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ၊ အခြားစွမ်းအားသုံးဓာတ်အားပေးစက်ရုံများ နှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဓာတ်အားစနစ်နှင့် ဆက်သွယ်ထားခြင်းမရှိသော မိမိဒေသအတွင်း သီးခြားဓာတ်အားဖြန့်ဖြူးပေးမည့် ဓာတ်အားပေးစက်ရုံများ၏ တည်ဆောက်ရေး လုပ်ငန်း၊ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း။
  • လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိကအဖွဲ့အစည်းများ အိမ်နီးချင်းနိုင်ငံများမှ လျှပ်စစ် ဓာတ်အားဝယ်ယူခြင်း။
  • မိမိတာဝန်ယူရသော ဒေသအသီးသီးတွင် ဓာတ်အားသုံးသူ ပြည်သူလူထုနှင့် နိုင်ငံပိုင် ပုဂ္ဂလိပိုင်စက်ရုံများနှင့် လုပ်ငန်းများ၊ စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးရောင်းချခြင်း။
  • ဝန်ကြီးဌာနသတ်မှတ်ပေးသော ဓာတ်အားထုတ်လုပ်ခြင်း ၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်းသည့် လျာထားချက်များပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
  • အပိုဒ်(၁)ပါလုပ်ငန်းသတ်မှတ်ချက်များ၌ အနာဂတ်တွင်အကျုံးဝင်လာမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
  • ဓာတ်အားဖြန့်ဖြူးရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း။
  • နှစ်စဉ်ရသုံးခန့်မှန်းခြေ ငွေစာရင်းများပြုစုခြင်း။
  • ဓာတ်အားသုံးစွဲသူများသို့ အရည်အသွေးပြည့်မီတည်ငြိမ်သော ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ခြင်း။
  • နည်းပညာဆိုင်ရာ လျှပ်စစ်စွမ်းအားပျောက်ဆုံးမှု ( Technical Loss ) လျှပ်စစ်မီတာ ( kwh Meter)များ၏ ချို့ယွင်းမှုတို့ကြောင့်ဖြစ်ပေါ်သော လျှပ်စစ်စွမ်းအင်ပျောက်ဆုံးမှုတို့၏ မသမာမှု၊ ပေါ့ဆမှု တို့ကြောင့် ဖြစ်ပေါ်သော လျှပ်စစ်စွမ်းအင်ပျောက်ဆုံးမှု(Non - Technical Loss)တို့ လျော့နည်းအောင် ကြပ်မတ်ဆောင်ရွက်ခြင်း။[]
Remove ads

ဖွဲ့စည်းပုံ

  • လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဖွဲ့စည်းပုံတွင် ဦးဆောင်ညွှန်ကြားရေးမှူး(၁)ဦး၊ အထွေထွေမန်နေဂျာ(၃)ဦး၊ အင်ဂျင်နီယာချုပ်(၂)ဦးတို့ဖြင့် ဦးစီးဦးဆောင်ပြု၍ အောက်ဖော်ပြပါ ဌာနကြီး(၅)ခုဖြင့် ပါဝင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
  • စီမံခန့်ခွဲရေးဌာန
  • ဘဏ္ဍာရေးဌာန
  • ပစ္စည်းစီမံရေးဌာန
  • ဓာတ်အားဖြန့်ဖြူးရေးဌာန
  • အင်ဂျင်နီယာထောက်ကူဌာန


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads