လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
မြန်မာနိုင်ငံ၏အစိုးရဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Electric Power; အတိုကောက် MOEP) သည် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားရေးရာ မူဝါဒများကို ကိုင်တွယ်ရသော ဝန်ကြီးဌာနဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ဦးသိန်းစိန်အစိုးရ
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ကို နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၁၂ ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၁]
ဦးထင်ကျော်အစိုးရ
၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
နစကအစိုးရ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် မေလ ၂ ရက်စွဲပါ အမိန့်အမှတ်(၃၃/၂၀၂၂) ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် စွမ်းအင်ဝန်ကြီးဌာန အဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[၂]
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂)၏ သဘောတူခွင့်ပြုချက်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ဦးစီးဌာန(၃)ခု၊ လုပ်ငန်း(၂)ခု နှင့် ကော်ပိုရေးရှင်း(၂)ခုတို့ ပါဝင်ပါသည်။
Remove ads
ဌာနများ
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်တွင်
- လျှပ်စစ်စွမ်းအား ဦးစီးဌာန၊
- ရေအားလျှပ်စစ်စီမံရေး ဦးစီးဌာန၊
- ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊
- ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊
- မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊
- လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊
- ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့်
- မန္တလေးမြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပါဝင်သည်။
ဝန်ကြီးဌာန အကြီးအကဲများ
ပြည်ထောင်စုဝန်ကြီးများ
ဒုတိယဝန်ကြီးများ
အခြားဖတ်ရှုရန်
မှတ်စု
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စိ အမိန့်အမှတ် ၃၉/၂၀၂၂
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads