လှိုင်ဘိုဘို (ဘောလုံးသမား)
From Wikipedia, the free encyclopedia
Remove ads
လှိုင်ဘိုဘို(၈ ဇူလိုင် ၁၉၉၆ ခုနှစ်)သည် ရတနာပုံ ဘောလုံးအသင်းတွင် ကစားလျက်ရှိသည်။[၂] သူသည် မြန်မာ အမျိုးသား ဘောလုံးအသင်းမှ လက်ရွေးစင် အားကစားသမား တစ်ဦးလည်း ဖြစ်သည်။[၁]
Remove ads
ကလပ်ကစားသမားဘဝ
လှိုင်ဘိုဘိုသည် ရတနာပုံအသင်းနှင့်အတူ 2015 AFC Cup ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုပြိုင်ပွဲ၊ အုပ်စုပွဲစဉ်တွင် Pahang FA အသင်းနှင့်ကစားသော ပွဲတွင် ၂ ဂိုးသွင်းယူခဲ့သည်။ ထိုပွဲတွင်ပဲ အဝါကတ်ပြခံခဲ့ရသည်။[၂][၃]
နိုင်ငံတကာကစားသမားဘဝ
မြန်မာ ယူ-၂၃
လှိုင်ဘိုဘိုသည် နိုင်ငံကိုယ်စားပြု မြန်မာ ယူ-၂၃ အသင်းနှင့်အတူ 2016 AFC U-23 Championship qualification ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုပွဲ၏ ပထမဆုံး ပွဲစဉ်အဖြစ် တရုတ် တိုင်ပေ ယူ-၂၃ အသင်းနှင့် ကစားသော ပွဲတွင် ၂ ဂိုးသွင်းယူခဲ့ပြီး ရလဒ် ၃-၀ ဖြင့် အနိုင်ရရှိခဲ့သည်။[၄] သို့သော် နောက်ပွဲစဉ်ဖြစ်သည့် ဟောင်ကောင် ယူ-၂၃ အသင်းနှင့် ကစားသော ပွဲတွင် အနီကတ်ပြ[၅]ခံခဲ့ရကာ နောက်ပွဲစဉ်များ လွဲချော်ခဲ့ရသည်။
ထို့ပြင် သူသည် ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ အသင်းကစားသော ပွဲတိုင်းတွင် ပါဝင်ခဲ့ပြီး မြန်မာ ဘောလုံးအသင်းကို ဗိုလ်လုပွဲသို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုပွဲစဉ်များတွင် သူကို လှပသေသပ်စွာ ကစားတက်သော မြန်မာကစားသမားများထဲက တစ်ယောက်ဟု ဆိုကြသည်။ [၆]
မြန်မာအမျိုးသားဘောလုံးအသင်း
သူသည် စီနီယာတန်းကစားသမား တစ်ဦးအဖြစ် နယူးဇီလန် အမျိုးသား ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးပွဲတွင် ပထမဆုံး ပါဝင်ခဲ့သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads