ဝင်းနိမ္မိတာရုံဆရာတော်

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းစာသင်တိုက် အား တည်ထောင်သူ From Wikipedia, the free encyclopedia

Remove ads

ဝင်းနိမ္မိတာရုံဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ (၁၂ ဒီဇင်ဘာ၊ ၁၉၄၆ - ၁၉ ဇွန်၊ ၂၀၂၄) သည် စာချအကျော်ဆရာတော် တစ်ပါးဖြစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း) ဆရာတော်တစ်ပါးလည်း ဖြစ်သည်။ စာပေကျမ်းဂန်နှံ့စပ်ကျွမ်းကျင်သည့် ဆရာတော်တစ်ပါးအဖြစ်လည်းကောင်း၊ ရှင်းတမ်းကျမ်း များအားပြုစုသည့်အတွက် ရှင်းတမ်းဆရာတော် အဖြစ် လည်းကောင်း ရဟန်းသံဃာထုကြားတွင် ထင်ရှားသည်။၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဘဝနတ်ထံပြန်လွန်တော်မူခဲ့ရသည်။[]

အချက်တိုများ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ, ဘာသာ ...
Remove ads

ရှင်ရဟန်းပြုတော်မူခြင်း

ကောဇာသက္ကရာဇ် ၁၃၀၈ ခုနှစ် နတ်တော်လပြည့်ကျော် ၄ရက်၊ခရစ်သက္ကရာဇ် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁၂ရက် ကြာသပတေးနေ့ တွင် ခမည်းတော် ဦးထွန်းရွှေ၊ မယ်တော် ဒေါ်ကျေးရင်တို့က ဆရာတော်လောင်းလျာအား ဖွားမြင်ခဲ့သည်။မွေးချင်းများအနက် သားဦး ဖြစ်ပြီး ချက်မြှပ်ဇာတိမှာ ပဲခူးတိုင်းဒေသကြီးသနပ်ပင်မြို့နယ်၊ ကုက္ကိုလ်ကျေးရွာ ဖြစ်သည်။သက်တော် ၁၀ နှစ်အရွယ် ၁၉၅၆ ခုနှစ်တွင် ပဲခူး ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် သို့ ရောက်ခဲ့ပြီး မိဘများ၏ ပစ္စယာနုဂ္ဂဟကိုခံယူလျက် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။သက်တော် ၂၀ အရွယ် တွင် ရှင်ရဟန်းပြုတော်မူသည်။

Remove ads

စာသင်သားဘဝ

ရှင်သာမဏေဘဝ ကတည်းက စာပေအရာ ထူးချွန်သူဖြစ်ခဲ့ပြီး သက်တော် ၁၄ နှစ်အရွယ် နှင့် ကြခတ်ဝိုင်းဆရာတော်ကြီး၏ လမ်းညွှန်မှုအောက်တွင် ရှင်သာမဏေများအား ရှင့်ကျင့်ဝတ်ပို့ချရသူဖြစ်ခဲ့သည်။ ပဲခူး ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် တွင် စာပေများလေ့လာသင်ယူတော်မူရင်း ရှင်သာမဏေဘဝ ဖြတ်သန်းခဲ့သည်။

အောင်မြင်ခဲ့သည့်စာမေးပွဲများ

သက်တော် ၁၁ နှစ် အရွယ် နှင့် ဝိနယာနုဂ္ဂဟသာမဏေရဘာဏကသီလသိက္ခာတန်း အား အောင်မြင်ခဲ့သည်။ သက်တော် ၁၇ နှစ်အရွယ် တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ကို ကျမ်းရင်း ၃ကျမ်း နှင့် တနှစ်အတွင်း နှစ်ချင်းပေါက်အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံး ဒုတိယ အမှတ်အများဆုံး ရခဲ့သည်။ဆရာတော်သည် ပိဋကတ် တပုံဆောင်ဒီဃဘာဏကဘွဲ့ရရှိခဲ့သည့် ဆရာတော်လည်းဖြစ်သည်။

  • ဝိနယာနုဂ္ဂဟသာမဏေရဘာဏက သီလသိက္ခာတန်း (ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ် )
  • အစိုးရ ပါဠိပထမပြန် ပထမငယ်တန်း (ကောဇာသက္ကရာဇ် ၁၃၂၁-ခုနှစ် )
  • ပဲခူး ဝိနယာဓိကပရိယတ္တိစာမေးပွဲ ပထမငယ်တန်း
  • ပဲခူး ဝိနယာဓိကပရိယတ္တိစာမေးပွဲ ပထမလတ်တန်း (ကောဇာသက္ကရာဇ် ၁၃၂၂-ခုနှစ် )
  • အစိုးရ ပါဠိပထမပြန် ပထမလတ်တန်း (ဒုတိယဂုဏ်ထူး) (ကောဇာသက္ကရာဇ် ၁၃၂၃-ခုနှစ် )
  • အစိုးရ ပါဠိပထမပြန် ပထမကြီးတန်း (ပထမဂုဏ်ထူး) ပထမကျော်ဘွဲ့ (ကောဇာသက္ကရာဇ် ၁၃၂၄-ခုနှစ် )
  • ပဲခူး ဝိနယာဓိကပရိယတ္တိစာမေးပွဲ ပထမကြီးတန်း ပထမ(ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ် )
  • အစိုးရ ဓမ္မာစရိယ စာမေးပွဲ ကျမ်းရင်း ၃-ကျမ်း (ဒုတိယ အမှတ်အများဆုံး နှင့် တနှစ်တည်း ၃-ကျမ်း နှစ်ချင်းပေါက်)(ကောဇာသက္ကရာဇ် ၁၃၂၅-ခုနှစ် )
  • အစိုးရ ဂုဏ်ထူးကျမ်း (ကောဇာသက္ကရာဇ် ၁၃၂၆-ခုနှစ် )
  • အင်္ဂုတ္ထရနိကာယပါဠိပါရဂူဘွဲ့
  • ရန်ကုန် စေတိ စာသင်တန်း (ပထမ)(ကောဇာသက္ကရာဇ် ၁၃၂၇-ခုနှစ် )
  • မန္တလေး သကျသီဟ စာသင်တန်း (ဒုတိယ)(ကောဇာသက္ကရာဇ် ၁၃၂၈-ခုနှစ် )
  • စေတိ စာချတန်း (ဒုတိယ) (ကောဇာသက္ကရာဇ် ၁၃၃၀-ခုနှစ် )
  • စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယ_ဂဏဝါစကဘွဲ့
  • မန္တလေး သကျ စာချတန်း အောင်စဉ်-၁ (ပထမ) (ကောဇာသက္ကရာဇ် ၁၃၃၁-ခုနှစ် )
  • ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့
  • နိုင်ငံတော်အစိုးရ တိပိဋကရွေးချယ်ရေး စာမေးပွဲ သုတ္တန္တ ပိဋက ဒီဃနိကာယ အာဂုံ ပြန်ဆို အောင်မြင် (ကောဇာသက္ကရာဇ် ၁၃၄၂-ခုနှစ် )
  • ပိဋကတ် တပုံဆောင် ဒီဃဘာဏကဘွဲ့

သာသနာရေးကိစ္စများဆောင်ရွက်တော်မူပုံ

ဆရာတော်သည် ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက် ၏ စာချတာဝန်ခံဆရာတော်တစ်ပါး အဖြစ် နှစ်ပေါင်းများစွာ ထမ်းရွက်တော်မူခဲ့သည်။တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲအပါအဝင် အနယ်နယ်အရပ်ရပ်က သံဃာစာမေးပွဲများအတွက် စာချ၊စာသင်ပေးခဲ့သူဖြစ်ခဲ့သည်။ ဆရာတော်သည် ပဲခူးမြို့၊ ကလျာဏီရပ်ကွက်တွင် ဝင်းနိမ္မိတာရုံကျောင်းစာသင်တိုက် အား တည်ထောင်ပြီး  ရဟန်း၊သံဃာများအား စာသင်၊စာချ ပို့ချသင်ကြားပေးခဲ့သည်။

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း

၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်နေ့ တွင် ဆရာတော်သည် မန္တလေးမြို့တွင် ပြုလုပ်မည့်  မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) အစည်းအဝေးသို့ တက်ရောက်ရန်အတွက်  လေကြောင်းခရီး ဖြင့် ကြွချီစဉ် တံတားဦး လေဆိပ် မှနေ၍ ငါန်းဇွန်မြို့နယ် ပန်းချီကမ္မရွာ သို့ သွားရောက်ခဲ့ပြီး ထိုမှအပြန် မြို့သာ နှင့် ပန်းချီကမ္မရွာကြား အရောက် ကားမှန်မချဘဲ အရှိန်ပြင်းမောင်းနှင်သည်ဟုဆိုပြီး စစ်သားများပါသည့် ကားက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍  နေရာတွင်ပင်  ပျံလွန်တော်မူခဲ့သည်။ထိုညပိုင်းတွင် ဆရာတော်လိုက်ပါလာသည့် ကားအား ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက  မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီ ဘက်က လိမ်လည် သတင်းထုတ်ပြန်ခဲ့သည်။သို့သော်လည်း ဆရာတော် နှင့် အတူလိုက်ပါခဲ့သည့်  ကန်သုံးဆင့်ကျောင်း ဆရာ‌တော် ဘဒ္ဒန္တဂုဏိကာဘိဝံသက စစ်ဗိုလ်စစ်သားများက လုပ်ဆောင်ခဲ့သည်ဟု ထုတ်ဖော်မိန့်ကြားခဲ့အပြီး[][] တပ်မတော်ဘက်က ၎င်းတို့ လုပ်ဆောင်ချက်ဖြင့် ဘဝနတ်ထံပြန်လွန်တော်မူခဲ့သည်ဟု ဇွန်လ ၂၁ ရက်နေ့တွင် ဝန်ခံခဲ့သည်။[]

Remove ads

ပြုစုခဲ့သည့်ကျမ်းများ

သဂြိုဟ်ရှင်းတမ်းအပါအဝင် ကျမ်းပေါင်း ၃၇ ကျမ်း အား ပြုစုတော်မူခဲ့သည်။

  • ဆန္ဒောသာရတ္ထဒီပက ဆန်းရှင်းတမ်း (၁၉၈၄ - ခုနှစ် ) (၆)ကြိမ်ပုံနှိပ်ပြီး
  • ကစ္စည်းသုတ်စဉ် သရုပ်ခွဲကျမ်း (၁၉၈၄ - ခုနှစ်) (၆) ကြိမ်ပုံနှိပ်ပြီး
  • ပထမငယ်တန်း ပါဠိစာပေ ကောက်နှုတ်ချက် ရှင်းတမ်း (၁၉၈၅- ခုနှစ်)
  • ပထမလတ်တန်း ပါဠိစာပေ ကောက်နှုတ်ချက် ရှင်းတမ်း (၁၉၈၅- ခုနှစ် )
  • ပထမလတ်တန်း ပါဠိသဒ္ဒါနှင့် အသုံးအနှုန်းအတွက် ကျက်မှတ်ဖွယ်များ (၁၉၈၅- ခုနှစ် )
  • ကြခတ်ဝိုင်း  သဂြိုဟ်ရှင်းတမ်း စိတ်စေတသိက်ပကိဏ်း (၁၉၈၆- ခုနှစ် )
  • ပထမလတ်တန်း အက္ခရာဝလိ ပါဠိ မြန်မာ အဘိဓာန် (၁၉၈၆ - ခုနှစ် )
  • ပထမငယ်တန်း ပါဠိသဒ္ဒါနှင့် အသုံးအနှုန်း နိယံ (၁၉၈၇ - ခုနှစ် )
  • ကြခတ်ဝိုင်း သဂြိုဟ်ရှင်းတမ်း (၉-ပိုင်း) (၁၉၉၀)(၁၃)ကြိမ်ပုံနှိပ်ပြီး
  • ကြခတ်ဝိုင်း တိကမာတိကာ ဓာတုကထာ(ညဝါ)ရှင်းတမ်း(၁၉၉၂ - ခုနှစ် )
  • ဝိနယတံခွန် ရှင်ကျင့်ဝတ် (အမေး၊အဖြေ)(၁၉၉၂ - ခုနှစ် )
  • ဝိနယတံခွန် ပါတိမောက် အမေး အဖြေ(၁၉၉၂ - ခုနှစ် )
  • ကြခတ်ဝိုင်း တိကမာတိကာ ရှင်းတမ်း(၂-ကြိမ်)(၁၉၉၄- ခုနှစ် )
  • ကြခတ်ဝိုင်း ကစ္စည်းသုတ်နက်(၁၉၉၄- ခုနှစ် )
  • ကြခတ်ဝိုင်း အထက်ယမက ရှင်းတမ်း (၁၉၉၅- ခုနှစ် )
  • ကြခတ်ဝိုင်း ရူပသိဒ္ဓိ နိယံ(သန္ဓိနာမ်)(၁၉၉၅- ခုနှစ် )
  • ကြခတ်ဝိုင်း ကင်္ခါရှင်းတမ်း(ပတွဲ၊ဒုတွဲ)(၁၉၉၆- ခုနှစ် )
  • ကြခတ်ဝိုင်း ဋီကာကျော် ရှင်းတမ်း(၅-ကြိမ်) (၁၉၉၇- ခုနှစ် )
  • ကစ္စည်း ပြယုဂ် သရုပ်ခွဲ(၁၉၉၈ - ခုနှစ် )
  • ကြခတ်ဝိုင်း ရူပသိဒ္ဓိနိယံ(၂၀၀၀ - ခုနှစ် )
  • ကြခတ်ဝိုင်း ပါတိမောက် ရှင်းတမ်း(၂၀၀၂ - ခုနှစ် )
  • ကြခတ်ဝိုင်း ရူပသိဒ္ဓိ ရှင်းတမ်း(၂၀၀၃ - ခုနှစ် )
  • ကြခတ်ဝိုင်း ကင်္ခါ ရှင်းတမ်း(ပေါင်းချုပ်)(၂၀၀၄- ခုနှစ် )
  • အနက်ပေးပုံ နည်းမျိုးစုံ(၂၀၀၄ - ခုနှစ် )
  • အောက်ယမက ရှင်းတမ်း(ပထမလတ်)(၂၀၀၆- ခုနှစ် )
  • ဝင်းနိမ္မိတာရုံ ပဒမာလာ(၂၀၀၈- ခုနှစ် )
  • အဘိဓာန် ရှင်းတမ်း(၂၀၁၁ - ခုနှစ် )
  • ပုဒ်စစ် နိယံ(၂၀၁၁ - ခုနှစ် )
  • ပုဒ်စစ်အလွယ် ကျက်မှတ်ဖွယ်(၂၀၁၁ - ခုနှစ် )
  • နည်းစစ် အလွယ် ကျက်မှတ်ဖွယ် နှင့် သံဝဏ္ဏနာစစ် လွယ် ကျက်မှတ်ဖွယ်(၂၀၁၂- ခုနှစ် )
  • ဝင်းနိမ္မိတာရုံ သဂြိုဟ် ဆိုရိုးကျမ်း(၂၀၁၂- ခုနှစ် )
  • ပါတိမောက် နိယံ(၂၀၁၂ - ခုနှစ် )
  • ဋီကာကျော် နိယံ(၂၀၁၂ - ခုနှစ် )
  • ဋီကာကျော် ပါဠိ ရှင်းတမ်း(၂၀၁၅- ခုနှစ် )
  • ဉာသ်ကောက် အလွယ် ကျက်မှတ်ဖွယ် နှင့်ဉာသ်ကောက်ရပုံ နည်းမျိုးစုံ(၂၀၁၇- ခုနှစ် )
  • ကစ္စည်းသုတ်စဉ် အဓိပ္ပာယ် (၂၀၁၇- ခုနှစ် )
  • ၃၇-ပါရာဇိကဏ် ပါဌာပါဌ ဝိနိစ္ဆယ (၂၀၂၃- ခုနှစ် )
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads