ငါန်းဇွန်မြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ငါန်းဇွန်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ငါန်းဇွန်မြို့ ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ငါးဇွန်းမြို့နယ် တည်နေရာတွင် ရှေးယခင်က ငါန်းမြွေကြီးတစ်ကောင် ဆိုးသွမ်းလျက်ရှိကာ ထိုမြွေကို မည်သူမျှ မနှိမ်နင်းနိုင်ခဲ့ပေ။ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်ရာတွင် ထိုမြွေဆိုးသည် မင်းကြီးကို မြင်သော် ၃ကြိမ်တွန်ကျူးလျက် ဦး၃ကြိမ်ပြု၍ ဝပ်တွားသွားသည်။ ထို့ကြောင့် ထိုနေရာကို ငါန်းတွန်ရွာဟု မင်းကြီးကအမည်ပေးခဲ့ရာမှ နောင်တွင် ငါန်းဇွန်ဟု အမည်တွင်လာကြောင်း ပါးစပ်ရာဇဝင်များအရသိကြရသည်။ သမိုင်းအထောက်အထားအရ ပုဂံခေတ် နရသီဟမင်း လက်ထက် သက္ကရာဇ် ၆၁၂ခုနှစ်တွင် ရေးထိုးခဲ့သော ပုဂံမြို့ အဟာသမန်းကျောင်း ကျောက်စာတွင် ငါန်းဇွန်ရပ်ဟူ၍ အစောဆုံး တွေ့ရှိရသည်။၁၉၀၂ခုနှစ်တွင် မြို့အုပ်မင်းရုံးစိုက်ခဲ့ပြီး ၃၀.၆.၁၉၇၂တွင် မြို့အဖြစ် တရားဝင် ဖြစ်လာခဲ့သည်။[၂]
Remove ads
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၃၅မိနစ်နှင့် ၂၁ဒီဂရီ ၅၄မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၂၆မိနစ်နှင့် ၉၅ဒီဂရီ ၄၅မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂၁မိုင်၊ တောင်မှမြောက်သို့ မိုင်၂၀ရှိပြီး ၃၅၅.၉၉၁စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်
ငါန်းဇွန်မြို့နယ်၏ အရှေ့ဘက်တွင် တံတားဦးမြို့နယ်၊တောင်ဘက်တွင် နွားထိုးကြီးမြို့နယ်၊အနောက်ဘက်တွင် မြင်းခြံမြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းရှိ မြင်းမူမြို့နယ်များ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ၂၂၇ပေအထက်တွင် တည်ရှိသည်။ ပြန့်ပြူးသော မြေမျက်နှာသွင်ပြင်ရှိကာ တောင်ဘက်နှင့် အနောက်ဖက်ပိုင်းတွင် ကျောက်ကုန်း၊ ကမူများ အနည်းငယ်ရှိသည်။ဧရာဝတီမြစ်သည် အရှေ့မှ အနောက်သို့ ၂၁မိုင်ခန့် စီးဆင်းနေသည်။
Remove ads
လူဦးရေ
၂၀၁၈ခုနှစ်အထိ စာရင်းများအရ ငါန်းဇွန်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများသာ နေထိုင်ကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်ဘာသာ ကိုးကွယ်သူဦးရေမှာ အနည်းငယ်ရှိသည်။
စီးပွားရေး
ငါန်းဇွန်းမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ပဲမျိုးစုံ၊ နို့ထွက်ပစ္စည်းနှင့် ထန်းလျက်တို့ဖြစ်သည်။ မြို့နယ်အတွင်းတွင် မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်လျက်ရှိသည်။ ပုဂ္ဂလိက သံရည်ကြိုစက် ၂ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၅၄ခု တည်ရှိသည်။
ဈေးများ
- ငါန်းဇွန်ဈေး
- မြို့သာဈေး
- ငါန်းမြာဈေး
Remove ads
ပို့ဆောင်ဆက်သွယ်ရေး
ငါန်းဇွန်မြို့နယ်သည် ကုန်းလမ်းကြောင်းများ၏ အပြင်ပိုင်းတွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှုနည်းသော မြို့နယ်ဖြစ်သည်။ မန္တလေး-ပုဂံ ရထားလမ်းမှာ မြို့နယ်အတွင်း ၁၁မိုင်ခန့် ဖြတ်သန်းသွားသည်။
အထက
အထက်တန်းကျောင်း ၆ကျောင်းရှိသည်။
- အထက ငါန်းဇွန်
- အထက ငါန်းမြာ
- အထက မြို့သာ
- အထက သားကျင်
- အထက ခြင်္သေ့လက်
- အထက ဂျို
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) ကျောက်တစ်လုံး
- အလက (ထ(ခွဲ)) နတ်ကြီး
- အလက (ထ(ခွဲ)) ကံလှ
- အလက (ထ(ခွဲ)) မင်းနေကုန်း
- အလက (ထ(ခွဲ)) လက်ပံကျင်း (တ)
- အလက (ထ(ခွဲ)) သူနတ်စစ်
- အလက ကံမ
- အလက ကုလားရွာ
- အလက ရေလည်သောင်
- အလက မိုးတောင်
- အလက ရွှေတွင်းကုန်း
- အလက ကံသာ
- အလက ပန်းတော်ကျင်း
- အလက ပျဉ်းလှတော
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၁၃ကျောင်းရှိသည်။
Remove ads
ကျန်းမာရေး
- ငါန်းဇွန်ဆေးရုံ
- မြို့သာ တိုက်နယ်ဆေးရုံ
- ငါန်းမြာတိုက်နယ်ဆေးရုံ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads