ဝင်းဖေ (မုံရွာ)

From Wikipedia, the free encyclopedia

Remove ads

ဆရာ မုံရွာဝင်းဖေကို အဖ ဦးဘကို၊ အမိ ဒေါ်လေးခင် တို့က ၁၉၄၅ ခုနှစ်တွင် မုံရွာမြို့နယ်၊ သာစည်ကျေးရွာ၌ မွေးဖွားသည်။

အချက်တိုများ မုံရွာ ဝင်းဖေ, မွေးဖွား ...

မုံရွာဝင်းဖေသည် ၁၉၄၈ ခုနှစ်တွင် မိဘများနှင့် အတူ မုံရွာမြို့သို့ ပြောင်းရွှေ့ နေထိုင်သည်။ မုံရွာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာ သင်ယူသည်။ ဆယ်တန်း အောင်မြင်ပြီး မြစ်ကြီးနား ကောလိပ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ပညာ ဆည်းပူးခဲ့ရာ ၁၉၆၉ ခုနှစ်၌ မန္တလေး တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

မုံရွာဝင်းဖေသည် ၁၉၇ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ နေထိုင်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်း စာပေဗိမာန် အဖွဲ့၌ တာဝန် ထမ်းဆောင်သည်။ စာပေဗိမာန် အဖွဲ့၌ အလုပ်သင် စာပြင်၊ စာပေ လက်ထောက်၊ လက်ထောက် စာတည်း၊ စာတည်း၊ စာတည်း တာဝန်ခံ၊ စာတည်းမှူး၊ စာတည်းမှူးချုပ် စသည်ဖြင့် ရာထူး အဆင့်ဆင့်ကို နှစ်ပေါင်း ၃ဝ ကျော် ထမ်းဆောင်ခဲ့သည်။

မုံရွာဝင်းဖေသည် ၁၉၆၅ ခုနှစ်မှ စ၍ ကဗျာများ ရေးသားပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ မုံရွာဝင်းဖေ၏ သင်ဆရာများမှာ လူထု ဦးလှ၊ ဆရာမကြီး ဒေါ်ခင်မြတ်သူ၊ ဆရာကြီး ဦးဘိုးသင်း၊ ဆရာကြီး မြကေတုနှင့် ဆရာကြီး ဦးဆန်းထွန်း (ဆန်းထွန်း - မန်းတက္ကသိုလ်) တို့ ဖြစ်ကြသည်။ မုံရွာဝင်းဖေသည် ၁၉၆၅ ခုနှစ်၊ အမျိုးသား စာပေဆုကို "ပွင့်တမာမြိုင် ကဗျာများ" စာအုပ်ဖြင့် ဆွတ်ခူးရရှိသည်။ ကဗျာပုဒ်ရေ ၁,၂၀ဝ ကျော်၊ ဆောင်းပါး ရ၀ဝ ကျော်နှင့် ဝတ္ထုတို ၁၅ ပုဒ်တို့ကို မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ သွေးသောက်၊ လုံမလေး မဂ္ဂဇင်းနှင့် ရွှေသွေး ဂျာနယ်တို့တွင် ရေးသားခဲ့သည်။


မုံရွာဝင်းဖေသည် တာဝန် ထမ်းဆောင်စဉ် အတွင်း အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရုရှားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုးရီးယား သမ္မတနိုင်ငံများသို့ သင်တန်း တက်ရောက်ရန်နှင့် လေ့လာရေး ခရီး အဖြစ် သွားရောက်ခဲ့သည်။


မုံရွာဝင်းဖေသည် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်အုန်းမြင့်နှင့် သားဖြစ်သူ ရှင်ဧသိကဉာဏ (အမရပူရကျောင်း) တို့ ကျန်ရစ်သည်။


Remove ads

ရေးသား ပြုစုခဲ့သော စာအုပ်များ

  1. ပွင့်တမာမြိုင် ကဗျာများ ၁၉၆၇
  2. ကြည်ပြာမိုး ကဗျာများ ၁၉၈၀
  3. လက်နက် ဖျက်သိမ်း ငြိမ်းချမ်းရေး ၁၉၈၀
  4. ယမုန်နာနှင့် ဗုဒ္ဓဂါယာ ခရီးသွား မှတ်တမ်း ၁၉၈၁(နတ်မောက်ဘုန်းကျော်နှင့် တွဲဖက် ရေးသားသည်)
  5. တက်လူတို့အတွက် ၁၉၉၀
  6. ကိုယ်ကျင့်တရားနှင့် ဘဝတက်လမ်း ၁၉၉၀
  7. ဘဝမွန်မြတ် စိတ်ဓာတ်မှန်စေ ၁၉၉၀
  8. စိတ်သတ္တိ ၁၉၉၁
  9. ဘဝအမြင့်သို့ တက်လှမ်းနိုင်ကြသူများ ၁၉၉၁
  10. ဘဝမြင့်မြင့် စိတ်မြင့်မြင့် ၁၉၉၃
  11. နေ့စဉ်တိုးတက် အောင်ခြင်းဆက် ၁၉၉၄
  12. လူအမျိုးမျိုး ဘဝအထွေထွေ ၁၉၉၅
  13. တက်လူတို့ အတွက် ကြီးပွား တိုးတက်ရေး နည်းလမ်းကောင်းများ ၁၉၉၈

[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads