ပြန်ကြားရေးဝန်ကြီးဌာန
မြန်မာနိုင်ငံ၏ အစိုးရဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ပြည်သူ့ပြန်ကြားရေးနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနထားရှိသည်။ လက်ရှိဝန်ကြီးမှာ ဦးမောင်မောင်အုန်းဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ပြန်ကြားရေးဝန်ကြီးဌာနကို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ရေတွက်လျှင် ပြန်ကြားရေး ဝန်ကြီးဌာန သက်တမ်းသည် (၇၁)နှစ်ခန့် ရှိပြီဖြစ်သည်။ပြန်ကြားရေးဝန်ကြီးဌာန၏ ပင်မ တာဝန်မှာ ပြည်သူလူထုအား ခေတ်မီလူထုဆက်သွယ်ရေး နည်းလမ်းများအသုံးပြု၍ သုတ၊ ရသ သက်ရောက်သော ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖြေဖျော်ပေးခြင်းတို့ဖြစ်သည်။ ၁၉၇၂ခုနှစ် မတ်လ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ကြေညာချက်အမှတ်(၉၇)အရ အတွင်းဝန်များရုံးအား ဖျက်သိမ်း၍ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနကို ဦးစီးဌာန(၁)ခု၊ ကော်ပိုရေးရှင်း (၃)ခုဖြင့် ဖွဲ့စည်းခဲ့သည်။ ပြန်ကြားရေးဌာနခွဲနှင့် အသံလွှင့်ဌာနခွဲကိုပေါင်း၍ ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာန၊ ဗဟိုပုံနှိပ်တိုက်၊ ပြည်သူပိုင်ပုံနှိပ်တိုက်များကြီးကြပ်ကွပ်ကဲမှုအဖွဲ့၊ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့နှင့် မြဝတီပုံနှိပ်တိုက်တို့ကိုပေါင်း၍ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း၊ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၊ The Working People’s Daily၊ ကြေးမုံသတင်းစာ၊ ဗိုလ်တထောင်သတင်းစာ၊ The Guardian Daily၊ မြန်မာ့အလင်းသတင်းစာနှင့် ဟံသာဝတီသတင်းစာတို့ကိုပေါင်း၍ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း၊ ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့၊ ဗဟိုရုပ်ရှင်ဌာနခွဲ၊ ရုပ်ရှင်လုပ်ငန်းမြှင့်တင်ရေးအဖွဲ့နှင့် နိုင်ငံခြားရုပ်ရှင်ကားတင်သွင်းရေးအေဂျင်စီတို့ကိုပေါင်း၍ ရုပ်ရှင်ကော်ပိုရေးရှင်း ဟူ၍ ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ဦးစီးဌာနနှင့်လုပ်ငန်းများအဖြစ် အောက်ပါအတိုင်း အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
Remove ads
ဖွဲ့စည်းပုံ
ပြည်ထောင်စုဝန်ကြီးရုံး
ပြည်ထောင်စုဝန်ကြီးရုံးကို အောက်ပါအတိုင်း ဌာနခွဲ(၆)ခွဲနှင့် ဦးစီးရုံး(၁)ရုံးဖြင့် ဖွဲ့စည်းထားပါသည်-
- အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ။
- မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ။
- စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ။
- ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲ။
- ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ။
- e-Government ဌာနခွဲ။
- ဦးစီးရုံး။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
၁၉၄၆ခုနှစ်တွင် ဗမာ့အသံ ၊ ၁၉၅၈ခုနှစ်တွင် မြန်မာ့အသံ၊ ၁၉၇၂ ခုနှစ်တွင် ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာန၊ ၁၉၈၀ ပြည့်နှစ်တွင် ရောင်စုံ ရုပ်မြင် သံကြား အစီအစဉ်ကို စတင်ထုတ်လွှင့်ခဲ့ပြီး ၂၄-၁-၁၉၉၁ ရက်နေ့မှ စတင်၍ မြန်မာ့ ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာန၊ ၂၂-၁၁-၁၉၉၇ ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဟု အမည်ပြောင်းလဲသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာန လက်အောက်တွင်ရှိသည့် ပြန်ကြားရေးဌာန ခွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအဖြစ် ၂၄-၁-၁၉၉၁ ရက်နေ့ တွင် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
စီမံခန့်ခွဲရေးရာဌာနခွဲ
အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ-
- ဌာနခွဲများလုပ်ငန်းလိုအပ်ချက်များနှင့် စီမံခန့်ခွဲရေးကိစ္စများဆောင်ရွက်ရန်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲ
အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ-
- တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများကိုကြီးကြပ်ဆောင်ရွက်ရန်နှင့် လိုအပ်သည့် လမ်းညွန်မှုများပေးခြင်း၊
- ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊
ထုတ်လုပ်ရေးဌာနခွဲ
အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
- ဒို့ကျေးရွာဂျာနယ် အပတ်စဉ်ထုတ်ဝေရန်၊
- ဌာနနှင့် နိုင်ငံတော်အတွက်လိုအပ်သော စာအုပ်များ ထုတ်ဝေခြင်း၊
သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရအစည်းအဝေးဆုံးဖြတ်ချက်အမှတ် (၃၃/၂၀၀၈)အရ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲကို ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
- အင်တာနက်နှင့် ပုံနှိပ်မီဒီယာကိုအခြေခံ၍ သတင်းနှင့်သတင်းအချက်အလက်များ စုဆောင်းခြင်း၊
- ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ်၊ ဖေ့ဘုတ်နှင့် ဘလော့၊ X(Twitter)၊ Viber တို့တွင် သတင်းများ၊ ဆောင်းပါးများနှင့် နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ကြေညာချက်များလွှင့်တင်ခြင်း၊
- သုတေသနဆိုင်ရာစာအုပ်များ ထုတ်ဝေခြင်း။
မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ
အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(၄/၂၀၁၃)အရပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလုပ်ငန်းလက်အောက်ရှိ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေးဌာနခွဲကို မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲအဖြစ် အမည်ပြောင်းလဲခေါ်ဝေါ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးလက်အောက်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ-
- ထုတ်ဝေခွင့်လိုင်စင်များနှင့် သက်တမ်းတိုးခြင်းများဆောင်ရွက်ပေးခြင်း၊
- သတင်းအေဂျင်စီများကို မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း။
ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ
ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့၊ ဗဟိုရုပ်ရှင်ဌာနခွဲ၊ ရုပ်ရှင်လုပ်ငန်းမြှင့်တင်ရေးအဖွဲ့နှင့် နိုင်ငံခြားရုပ်ရှင်ကားတင်သွင်းရေး အေဂျင်စီတို့ကိုပေါင်း၍ ရုပ်ရှင်ကော်ပိုရေးရှင်းဟုလည်းကောင်း၊ ရုပ်ရှင်ကော်ပိုရေးရှင်းကို မြန်မာ့ရုပ်ရှင်လုပ်ငန်းဟုလည်းကောင်း အဆင့်ဆင့် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၁-၄-၂၀၁၄ ရက်နေ့မှစ၍ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၁၅-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)၏ သဘောတူညီချက်အရ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနကို ဖျက်သိမ်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်တွင် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန
ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်းကို ၁-၄-၁၉၈၉ရက်နေ့တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ယခုအခါ၁၃-၁-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၆)၏ သဘောတူညီချက်အရ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၂၂-၁-၂၀၁၆ ရက်စွဲပါစာအမှတ်၊၁-၂(၃/၂၀၁၆)/၀၁၃၅ ဖြင့် အမိန့် ကြော်ငြာစာထုတ်ပြန်ခဲ့သည်။
လက်အောက်ခံ ဌာနခွဲများ
- စီမံခန့်ခွဲရေးရာဌာနခွဲ ၊
- စာပေဗိမာန် ၊
- ပုံနှိပ်ရေးဌာနခွဲ ၊
- ထုတ်ဝေရေးဌာနခွဲ ၊
- ငွေစာရင်းဌာနခွဲ ၊
- ပုံနှိပ်စက်ရုံ (၇)ရုံ -
- ဗဟိုပုံနှိပ်စက်ရုံ ၊
- စာပေဗိမာန်ပုံနှိပ်စက်ရုံ ၊
- အောင်ဆန်းပုံနှိပ်စက်ရုံ ၊
- ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ ၊
- ဂျီတီစီပုံနှိပ်စက်ရုံ ၊
- အထက်မြန်မာပြည်အစိုးရပုံနှိပ်စက်ရုံ ၊
- နေပြည်တော်ပုံနှိပ်စက်ရုံ။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်းကို ၁-၄-၁၉၉၈ရက်နေ့တွင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းဟု အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂) သဘောတူခွင့်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့သည်။မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရာတွင် နိုင်ငံပိုင်မီဒီယာ၏အခန်းကဏ္ဍမှာ နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်သော်လည်း နည်းပညာ ပြောင်းလဲမှုနှင့်အတူ ပုဂ္ဂလိကမီဒီယာများ၏ အခန်းကဏ္ဍကျဆင်းလာမှုကို အထောက်အပံ့ပေးနိုင်ရန်နှင့် ပုဂ္ဂလိကမီဒီယာကဏ္ဍ ရှင်သန်တိုးတက်ပြီး နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် စတုတ္ထမဏ္ဍိုင်ပီသစွာ အထောက်အကူပေးနိုင်ရေးကို ရည်ရွယ်သည်။
Remove ads
တာဝန်ထမ်းဆောင်ခဲ့သူများ
ပြည်ထောင်စုဝန်ကြီးများ
ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်များ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads