ဝင်းမော်ဦး
From Wikipedia, the free encyclopedia
Remove ads
မဝင်းမော်ဦး သည် မွေးချင်း ၆ ယောက်တွင် သမီးအကြီးဆုံး ဖြစ်သည်။ သူမ၏ ဇာတိမှာ ပန်းပင်ကြီးလမ်း၊ ကြည့်မြင်တိုင်မြို့တွင် နေထိုင်ခဲ့ပြီး အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် (၈) တန်းပညာ သင်ကြားရင်း ၈၈၈၈ ကျောင်းသားသမဂ္ဂတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ထိုနောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ လသာမြို့နယ်တွင် အထက်တန်းပညာသင်ကြားရင်း စစ်အစိုးရမှ အာဏာသိမ်းပြီးနောက် ၈၈၈၈ အရေးပုံတော်ကြီးတွင် တိုက်ပွဲဝင်ကျဆုံးခဲ့သည်။ သူမသည် ထိုအချိန်တွင် အသက် ၁၆နှစ်သာရှိသေးသော်လည်း၊ အခြားလူငယ်ကျောင်းသားများနည်းတူ ၈၈၈၈ ချီတက် ဆန္ဒပြပွဲတွင် ဝင်ရောက်ဆင်နွဲခဲ့ပြီး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အခင်းဖြစ်ရပ်မှ ဆေးရုံတွင် ကုသမှုခံယူနေစဉ် ကျဆုံးခဲ့သူတစ်ဦးဖြစ်သည်။

Remove ads
အသေခံ အာဇာနည်များ
အခြေအနေမကောင်းသည့် ပုံစံရှိသဖြင့် ထိုနေ့ဆန္ဒမပြခင် မနက်ပိုင်းတွင် မိဘ၊ အဘိုး နှင့် အဘွားတို့မှ ဆန္ဒမပြရန် တားဆီးခဲ့သော်လည်း ထိုဆန္ဒပြပွဲအတွက် သူသည် ကျောင်းတွင်အမာခံမဟုတ်ဘဲ အသေခံသူများဖြစ်ကြောင်းလည်း ပြန်လည်ပြောဆိုခဲ့သည်။
သေနတ်ဒဏ်ရာ
မိဘများ၏ ပြောဆိုချက်အရ စစ်တပ်မှပစ်ခတ်မှုတွင် ဒူးအောက်ပိုင်းကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ သူ၏ ဘယ်ခြေသလုံး နှင့် နောက်တစ်ကြိမ်ပစ်ခတ်မှုတွင် ဘယ်ပေါင်သို့ ထိမှန်ခဲ့သည်။ ဒူးကို ထိမှန်ချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံကို ကိုင်ဆောင်ရင်း ခွေကျသွားခဲ့သည်။ သူနှင့်ချီတက်ခဲ့သူ သူငယ်ချင်းများ၏ ပြောဆိုချက်အရ မဝင်းမော်ဦးအား သေနတ်ပစ်ခြင်းမှ လျှောင်ကျဉ်နိုင်ရန် ဝပ်ခိုင်းသောလည်း၊ သူ ကိုင်ဆောင်ထားသည့် ဗိုလ်ချုပ်ပုံအား မြေဝပ်မကျချင်လိုခြင်းနှင့် ဗိုလ်ချုပ်ပုံကျလျင် အဖွဲ့ပါကျမည်ဟုဆိုကာ မဝပ်ခဲ့ပေ။ စစ်တပ်မှ နောက်တစ်ကြိမ်ထပ်ပစ်ချိန်တွင် ညာလက်မောင်းမှ ရင်ထဲသို့ သေနတ် ထပ်မံ ထိမှန်ခဲ့သည်။
နေ့လယ် ၁၂ နာရီခွဲတွင် ကယ်ဆယ်ရန် ရောက်ရှိလာသူ ဆရာဝန်နှစ်ဦး၏ ပြောဆိုချက်အရ သူသည် ကယ်ဆယ်ချိန်တွင် အသက်ရှင်လျက်ရှိသေးပြီး၊ သူ၏ မိဘများသို့ ဆက်သွယ်နိုင်ရန် အချက်အလက်များ ဆေးရုံသို့ အသိပေးနိုင်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads