ကြည့်မြင်တိုင်မြို့နယ်

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်မြို့ From Wikipedia, the free encyclopedia

ကြည့်မြင်တိုင်မြို့နယ်map
Remove ads

ကြည့်မြင်တိုင်မြို့နယ် သည် ရန်ကုန်မြို့၏ အနောက်ပိုင်းတွင် တည်ရှိသည်။ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်တိုင်းတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ ကြည့်မြင်တိုင်မြို့နယ်၏ မြောက်ဘက်တွင် ကမာရွတ်မြို့နယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်နှင့် တွံတေးမြို့နယ်၊ အရှေ့ဘက်တွင် စမ်းချောင်းမြို့နယ်၊ တောင်ဘက်တွင် အလုံမြို့နယ်တို့ တည်ရှိသည်။ ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၁)ခု၊ အစိုးရ မူလတန်းကျောင်း (၁၅) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

အချက်တိုများ ကြည့်မြင်တိုင်မြို့နယ်, နိုင်ငံ ...
Remove ads

ခေါ်တွင်ပုံ

မွန်ဘာသာစကားအရ ကၟာၚ် - နံရံ၊ ဍုၚ် - မြို့၊ မြို့ရိုးရှိသောမြို့ ဟု အဓိပ္ပာယ်ရသည်။[] ကြည့်မြင်တိုင် သည် မွန်ဘာသာ အခေါ်အဝေါ်ဖြစ်သည်။ မွန်ဘာသာ ကၟာၚ်ဍုၚ် = မြို့ရိုး/ခံတပ်ဟု အဓိပ္ပာယ် ရသည်။ အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲမှာပင် ကြည့်မြင်တိုင်တိုက်ပွဲသည် ထင်ရှားခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့များ အနေနဲ့ ခံတပ်/မြို့ရိုး အစီးအကြပ် ကောင်းလှသောကြောင့် "အထိအရှ အသေအပျောက်" များလှသည်။ ထို့ကြောင့် Come and die ဟု အော်ဟစ်တိုက်ခိုက်သံကို အကြောင်းပြုပြီး Kemmendine ဆိုတဲ့ အင်္ဂလိပ် စာလုံးပေါင်းသည် Come and die မှ ဆင်းသက်လာသည်ဟုပင် ဆိုကြပေသည်။ ပြည်သူ့တရားစီရင်ရေးနှင့် တရားစီရင်သောကာလတွင် မှုခင်း (အတိုင်အတောတွေများလွန်းသောကြောင့်) ကြည့်လို့ မြင်တာနှင့် တိုင်တော့တာပဲဟု ဆိုကြသည်။ တချို့က ကြည့်မြင်တိုင်ကို ရွှေတိုင်မြေဟုလည်း တင်စားခေါ်ဝေါ်ကြသေးသည်။

Remove ads

အနုပညာရှင်များ

ကြည့်မြင်တိုင်မှ အနုပညာရှင် အမြောက်အမြား ပေါ်ထွက်ပါသည်။ ရွှေတိုင်ညွန့်၊ ရွှေတိုင်အေး၊ ရွှေတိုင်မေအေး၊ ရုပ်ရှင်နှင့်ဇာတ်သဘင်မင်းသမီးကြီး ကြည်ကြည်ဌေးသည်လည်း ကြည့်မြင်တိုင်တွင် နေခဲ့သည်။ အကယ်ဒမီ တင်တင်နွဲ့သည်လည်း ကြည့်မြင်တိုင်သူ ပင်ဖြစ်သည်။ အဆိုတော် ထားနှင့် သားဖြစ်သူ ဇော်ဝင်းထွဋ်၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များဖြစ်သော ဦးဧရာ၊ ဒိန်းဒေါင်၊ ဒေါ်ဂွက်ထော်၊ ဒေါ်ကြူကြူသင်း တို့သည်လည်း ကြည့်မြင်တိုင်မှ ဖြစ်သည်။ []

ထင်ရှားသော အဆောက်အဦးများ

ကြည့်မြင်တိုင်မြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

နောက်ထပ် အချက်အလက်များ အမည်, အမျိုးအစား ...
Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads