ဝဋံသကာ
From Wikipedia, the free encyclopedia
Remove ads
ဝဋံသကာဘွဲ့ သည် ဗုဒ္ဓဘာသာ သာသနာတော်အတွင်း ထူးခြားထင်ရှားသည့် ဘွဲ့တံဆိပ်တစ်ခု ဖြစ်သည်။ သကျသီဟ ခေါ် မန္တလေး ပရိယတ္တိသာသနဟိတအသင်း၊ စေတိယင်္ဂဏခေါ် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပသည့် ပရိယတ္တိစာလျှောက်မေးပွဲများ ၏ စာသင်တန်း၊ ဓမ္မာစရိယတန်းတို့ကို နှစ်မခြားဘဲ အောင်မြင်သော ထူးချွန်သံဃာများကို ဆပ်ကပ်သည်။
(၂၀၂၅) ခုနှစ်အထိ သကျသီဟ ဝဋံသကာဘွဲ့ရ (၁၀) ပါး နှင့် စေတိယင်္ဂဏ ဝဋံသကာဘွဲ့ရ (၁၁) ပါး ရှိခဲ့သည်။ အဆိုပါ (၂၁) ပါးမှာ မန္တလေးစာသင်တိုက်များမှ စာ မေး ပွဲဖြေဆိုသူ (၁၅) ပါး၊ စစ်ကိုင်း/မင်းကွန်း မှ (၂) ပါး၊ ရန်ကုန် မှ (၂) ပါး၊ ပဲခူးမှ (၁) ပါး၊ ရေဦးမှ (၁) ပါး တို့ ဖြစ်ကြသည်။
Remove ads
မန္တလေးမြို့ သကျသီဟ ဝဋံသကာဘွဲ့
မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းက ကြီးမှူးကျင်းပသည့် သကျသီဟပရိယတ္တိစာလျှောက်မေးပွဲများ ၏ စာသင်တန်း၊ ဓမ္မာစရိယတန်းတို့ကို နှစ်မခြားဘဲ အောင်မြင်သော စာအောင် သံဃာတော်များကို "ဝဋံသကာ" ဘွဲ့ဆပ်ကပ်အပ်နှင်းသည်။စာမေးပွဲစတင်ကျင်းပသည့် ကောဇာသက္ကရာဇ် (၁၂၆၇) ခုနှစ် မှ (၁၃၈၇) ခုနှစ် နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်အတွင်း ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည့် အရှင်မြတ် (၁၀ )ပါးသာ ပေါ်ထွန်းခဲ့သည်။
ပထမဦးဆုံးဆက်ကပ်ခံရသည့် ပုဂ္ဂိုလ်
ပရိယတ္တိသာသနဟိတအသင်း၏ ပထမဦးဆုံး ဝဋံသကာဘွဲ့ခံ သာသနာ့ သူရဲကောင်းပုဂ္ဂိုလ် မှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး ဖြစ်သည်။ (၁၉၅၃) ခုနှစ်တွင် ပရိယတ္တိသာသနဟိတအသင်း၏ ဝဋံသကာဘွဲ့ရ ၃ ပါး တပြိုင်နက်ပေါ်ထွက်လာသည်။ ဦးကုမာရာဘိဝံသ (နဝမဗန်းမော်ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ)၊ ဦးသုနန္ဒာဘိဝံသ (ဦးရွှေအောင်) နှင့် ဦးနာရဒါဘိဝံသ (ဓမ္မာစရိယ ဦးထွန်းလှိုင်) တို့ ဖြစ်ကြသည်။ဝဋံသကာဘွဲ့ကို ရန်ကုန်၊ ရွှေတိဂုံစေတီတော်၊ စေတိယင်္ဂယ စာမေးပွဲကလည်း ဆပ်ကပ်သည်။ [၁]
Remove ads
သကျသီဟ ဓမ္မာစရိယ ဝဋံသကာဘွဲ့ရများ
ရန်ကုန်မြို့ စေတိယင်္ဂဏ ဝဋံသကာဘွဲ့
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် စေတိယင်္ဂဏပရိယတ္တိစာလျှောက်မေးပွဲများ ၏ စာသင်တန်း၊ ဓမ္မာစရိယတန်းတို့ကို နှစ်မခြားဘဲ အောင်မြင်သော စာအောင် သံဃာတော်များကို "ဝဋံသကာ" ဘွဲ့ဆပ်ကပ်အပ်နှင်းသည်။ စာမေးပွဲစတင်ကျင်းပသည့် ခရစ်သက္ကရာဇ် (၁၉၁၈) ခုနှစ် မှ (၂၀၂၅) ခုနှစ် နှစ်ပေါင်း တစ်ရာ့ခြောက်နှစ်အတွင်း ဝဋံသကာဘွဲ့တံဆိပ် ဆက်ကပ်ခံရသည့် အရှင်မြတ် (၁၁)ပါး အပါအဝင် ဂန္ထဝါစက (အဘိဝံသ) ဘွဲ့ရသံဃာ (၃၇၃) ပါး ပေါ်ထွန်းခဲ့သည်။ [၄]
Remove ads
စေတိယင်္ဂဏ ဝဋံသကာဘွဲ့ရများ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads