ရွှေအောင်
From Wikipedia, the free encyclopedia
Remove ads
ဦးရွှေအောင်သည် ပဲခူးတိုင်း ကဝမြို့နယ် ဖလေးရွာတွင် အဖဦးစု အမိဒေါ်အုန်းရှင်တို့က ၁၉၂၈ ခု ဇွန်လ ၇ ရက်တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးရွှေအောင် ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် သက်ကြီးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ဘုံဘေတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဗုဒ္ဓဘာသာရေးဆိုင်ရာ စာအုပ်များကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။ ၁၉၉၄ ဒီဇင်ဘာလ ၂၂ရက်တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။ [၁]
Remove ads
ငယ်စဉ်ဘဝ
၁၉၂၈ - ခု၊ ဇွန်လ (၇)၊ သောကြာနေ့တွင် ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ဖလေးရွာ၌ အဖလယ်သမားကြီး ဦးစု၊ အမိဒေါ်အုန်းရှင်တို့က မွေးဖွားသည်။ မွေးချင်း (၅)ယောက်တွင် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးရွှေအောင် ဖြစ်သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ခဲ့သောကြောင့် အဘိုးအဘွားတို့နှင့် အတူနေခဲ့ရသည်။ [၁]
ပညာရေး
၁၉၃၅ ခုနှစ်တွင် ဖလေးရွာအလယ်တန်းကျောင်းတွင် ပညာသင်ခဲ့ပြီး ၁၉၄၁ ခုနှစ်တွင် ရှင်သာမဏေဝတ်သည်။ ထို့နောက် ပဲခူးမြို့ ဝိသုတာရာမကျောင်းတိုက်၌ ပညာဆက်လက်ဆည်းပူးသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ပဲခူးမြို့၊ ရွှေအိုးရွာနေ ဦးပိန်၊ ဒေါ်အုန်းပွင့် မိသားစုက ရဟန်းဒါယကာအဖြစ် ခံယူပြီး ရွှေအိုးဆရာတော် ဦးကေလာသကို ဥပဇ္ဈယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ရဟန်းဘွဲ့အမည်မှာ ဦးသုနန္ဒဖြစ်ပြီး ရန်ကုန်မြို့ မင်းမနိုင်ကွက်သစ် သိပ္ပမဉ္စူကျောင်း၊ အလုံအောင်မင်္ဂလာတိုက်သစ်၊ ဗဟန်း ညောင်တုန်းကျောင်းတိုက်၊ မန္တလေးတောင်ပြင် ဘုရားကြီးတိုက်ဆရာတော် ဦးကြယ်ကျောင်းတိုက်တို့တွင် စာလိုက်သည်။ ၁၉၅၃ ခုနှစ်တွင် စေတီယင်္ဂဏ ဓမ္မာစရိယ၊ သကျသီဟ ဓမ္မာစရိယ (ဝဋံသကာ)၊ အစိုးရဓမ္မာစရိယ (သိရောမဏိ) စာမေးပွဲများ အောင်၍ ဘွဲ့များရရှိသည်။ ထို့နောက် ရန်ကုန်မြို့ အိမ်တော်ရာ ဓမ္မရံသီကျောင်းတွင် စာပေပို့ချရင်း အင်္ဂလိပ်စာလေ့လာသည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းအောင်သည်။ ၁၉၅၉ ခုနှစ်တွင် ဖလေးရွာ အလယ်ကျောင်းနှင့် ပဲခူးမြို့ မဟာဝိသုတာရာမကျောင်းတိုက်တို့တွင် ကျောင်းထိုင်သည်။ ၁၉၆၀ တွင် လူဝတ်လဲသည်။ ပြည်သူ့ထောက်ပံ့ရေးဌာန၏ အုပ်ချုပ်ရေးအဖွဲ့ဝန်ထမ်း အလုပ်ဖြင့် သက်ကြီး တက္ကသိုလ်သို့ တက်ရောက်ကာ ၁၉၆၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိသည်။[၁]
Remove ads
သာသနာရေးဆောင်ရွက်မှု
ဗုဒ္ဓသာသနအဖွဲ့၏ လက်ထောက်အယ်ဒီတာ (၁၉၆၈) အဖြစ် ဆောင်ရွက်သည်။ ၁၉၇၀ ခုနှစ်တွင် ဗုဒ္ဓသာသနအဖွဲ့အုပ်ချုပ်ရေးအရာရှိ(၁) အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၁ တွင် ကိုလံဘိုစီမံကိန်း ပညာတော်သင်အဖြစ် အိန္ဒိယပြည်၊ ဘုံဘေတက္ကသိုလ်သို့ သွားရောက် ပညာဆည်းပူးပြီး မဟာဝိဇ္ဇာဘွဲ့ (သက္ကတ)ရရှိခဲ့သည်။ ၁၉၇၂ တွင် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန၏ ပြင်ပစာစစ်သူဖြစ်သည်။ ၁၉၈၀ နှစ်တွင် ရသစာပေ၏ရသ စာအုပ်ထွက်ရှိသည်။ သာသနာရေးဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး (၁၉၈၁)၊ ဒုတိယ ညွှန်ကြားရေးမှူး (၁၉၈၂)၊ တွဲဖက်ညွှန်ကြားရေးမှူး (၁၉၈၆) တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အတ္တဝါဒမှ အနတ္တဝါဒသို့ခရီးစဉ် စာအုပ်ထွက်ရှိသည်။ ၁၉၈၇ ခုနှစ်တွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ဗဟိုအဖွဲ့ဝင်နှင့် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့၏။ ထိုနှစ်မှာပင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သာသနာရေးအထူးတာဝန်ဖြင့် သွားရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဝန်ထမ်းဘဝမှာ အငြိမ်းစားယူခဲ့သည်။ ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော်အားလုံးကို ဒေဝနာဂရီအက္ခရာသို့ ပြန်ရာတွင် ပါဝင်ခဲ့သည်။ ပါဏိနိသိဒ္ဓန္တကော်မုဒီ - ပထမတွဲ (၁၉၈၉)၊ ထေရဝါဒအုတ်မြစ်နှင့် ဓမ္မပဒ - ယမကဝဂ် (၁၉၉၁) စာအုပ်များရေးသားထုတ်ဝေသည်။ ၁၉၉၂ ခုနှစ်တွင် သဒ္ဓမ္မဇောတိကဓဇ (သာသနာပြု)ဘွဲ့ ချီးမြင့်ခံရသည်။ ၁၉၉၃ ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာန အကြံပေးပညာရှင်များအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓဘာသာတရားတော် - အခြေခံအဆင့် နှင့် အထက်တန်းအဆင့်ကျမ်းများ ပြုစုရေးသားရာတွင် ပါဝင်ခဲ့သည်။
နှစ်အလိုက် ထုတ်ဝေခဲ့သည့် စာအုပ်များ
ဓမ္မပဒ (စိတ္တဝဂ်)၊ အမြင်များပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများ၊ ဗုဒ္ဓ - လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်) (၁၉၉၄)
ဘဝအမြင်သစ်၊ ဗုဒ္ဓ (သို့မဟုတ်) အနှိုင်းမဲ့၊ ချမ်းသာကိုရှာဖွေခြင်း (၁၉၉၅)
ကုသိုလ်နှင့် အကုသိုလ်၊ စာဖတ်သူများ၊ ဘဝအကျဉ်းသား၊ ဓမ္မပဒ (အပ္ပမာဒဝဂ်) (၁၉၉၆)
ဗုဒ္ဓဝါဒပေါ်ထွန်းခြင်း၊ ဓမ္မပဒ (ပုပ္ဖဝဂ်) (၁၉၉၇)
ဓမ္မပဒ (ဝဂ်လေးခုပေါင်းချုပ်) (၂၀၀၂)
သံဃာ့ကျေးဇူး (၂၀၀၅) [၁]
Remove ads
ထင်ရှားသောစာအုပ်များ
- ဗုဒ္ဓ-လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့် ဗုဒ္ဓဝင်)
- အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်
- ထေရဝါဒအုတ်မြစ်များအဖွင့်
- အမြင်များပြောင်းလဲခြင်း
- ချမ်းသာကိုရှာဖွေခြင်း
- စာဖတ်သူများ
- ရသစာပေ၏ ရသ
- ဘဝအမြင်သစ်
- ဘဝအကျဉ်းသား
- ဓမ္မပဒ (ဝဂ် ၄-ခုပေါင်းချုပ်) [၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads