ဝပြည်နယ်ပြည်သူ့အစိုးရ
From Wikipedia, the free encyclopedia
Remove ads
ဝ ပြည်နယ် ခေါ် ဝ အထူးဒေသ ၂ ခေါ် ဝ နယ်မြောက်ပိုင်း သည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ဝပြည်နယ် (UWSP/UWSA) မှ အုပ်ချုပ်သည်။ ဒေသတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးဆိုင်ရာ လုပ်ငန်းများကို ဌာနအသီးသီးဖြင့် ဖွဲ့စည်းဆောင်ရွက်ထားသည်။[၁]
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
အုပ်ချုပ်ရေး
ဒေသ၏ အဓိက အုပ်ချုပ်ရေးမြို့တော်မှာ ပန်ခမ်း (ပန်ဆန်း) ဖြစ်ပြီး၊ UWSP/UWSA ၏ ဌာနချုပ်လည်း တည်ရှိသည်။ ဝနယ်မြောက်ပိုင်းကို ခရိုင် (၃) ခုနှင့် အထူးမြို့နယ် (၂) ခုဖြင့် ဖွဲ့စည်းထားသည်။
ဦးဆောင်သူများ
ဥက္ကဋ္ဌ – ဦးပေါက်ယိုချမ်း
ဒုဥက္ကဋ္ဌ – ဦးရှောက်မင်လျံ
ဒုဥက္ကဋ္ဌ – ဦးကျောက်ကော့အန်း
ဒုဥက္ကဋ္ဌ – ဦးပေါက်ယိုလျံ
ပြည်သူ့ဝန်ဆောင်မှုဌာနများ
ဒေသတွင်း အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အောက်ပါဌာနများမှ တာဝန်ယူဆောင်ရွက်သည်:
- အုပ်ချုပ်ရေး
- ပညာရေး
- ကျန်းမာရေး
- ရုပ်သံလွှင့်ဌာန
- ဆောက်လုပ်ရေး
- ဆည်မြောင်း
- လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော
- လျှပ်စစ်
- တိုင်းရင်းသားနှင့် သာသနာရေး
- သတ္တုတွင်း
- ဟိုတယ်နှင့် ခရီးသွားလာရေး
- စည်ပင်သာယာ
- ရဲနှင့် လုံခြုံရေး
ခရိုင်နှင့် မြို့နယ်များ
၁။ မိုင်းမောခရိုင်
မိုင်းမောခရိုင်တွင် လူဦးရေ ၂၉၀,၀၀၀ ခန့်ရှိပြီး ယင်းအနက် ၉၅% မှာ ဝလူမျိုးများဖြစ်ကာ ကျေးရွာပေါင်း ၇၄၀ ရှိပြီး မြောက်ဘက်နှင့်အရှေ့ဘက်တွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး အနောက်ဘက်တွင် သံလွင်မြစ်၊ ဟိပုန်နှင့် ပန်လုံဒေသတို့ တည်ရှိသည်။ မိုင်းမောခရိုင်သည် ဝ နယ်မြောက်ပိုင်းဖြစ်ပြီး မြို့နယ် ၁၁ မြို့နယ် ထည့်သွင်းစည်းထားသည်။ မိုင်းမောခရိုင်အတွင်းရှိ မြို့နယ်များမှာ -
- မိုင်းမော
- ယင်းဖန်
- အိုက်ချင်
- ဝမ်လင်
- နောင်ငစ် (လုံထန်)
- တုံမား
- ပန်ဝိုင်
- လင်ဟော် (မွေရိုက်)
- မန်တုံ
- ကလုံပါ
- နာဝီး
၂။ မိုင်းလင်းခရိုင် (ဝိန်းကောက်)
မိုင်းလင်းခရိုင်တွင် လူဦးရေ ၉၀,၀၀၀ ခန့်နှင့် ကျေးရွာ ၃၀၀ ခန့်ရှိပြီး အနောက်ဘက်တွင် သံလွင်မြစ်နှင့် တန်ယန့်မြို့နယ်၊ အနောက်မြောက်ဘက်တွင် မက်မန်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ မိုင်းလင်းခရိုင်သည် ဝိန်းကောက်၌ အခြေပြု၍ ဝ ဒေသ၏ အလယ်ပိုင်းဖြစ်သည်။ မြို့နယ် ၅ မြို့နယ် ပါဝင်ဖွဲစည်းထားသည်။
- နမ့်ခမ်းဦး
- နောင်ခေတ်
- မန်းရှန်
- နားကောင်
- ပန်ယန်း
မန်မန်းဆိုင်၏ အနောက်ဘက် သံလွင်မြစ်တလျောက်တွင် မြန်မာနိုင်ငံအစိုးရ ထိန်းချုပ်ထားသည့် တန်ယန့်မြို့နယ်နှင့် ၎င်း၊ အနောက်မြောက်ဘက်တွင် မက်မန်းမြို့နယ်၊ မော်ဖာဒေသနှင့်၎င်း ဆက်စပ်နေသည်။
၃။ မိုင်းပေါက်ခရိုင်
မိုင်းပေါက်ခရိုင်သည် အထက်တွင်ဖော်ပြထားသကဲ့သို့ မြို့နယ် (၆)မြို့နယ် ထည့်သွင်းဖွဲ့စည်းထားပြီး ကျေးရွာအုပ်စု (၃၅)စု၊ ကျေးရွာ (၃၇၃)ရွာ၊ လူဦးရေ (၉)သောင်းခန့် ရှိသည်။ အရှေ့ဘက်တွင်တရုတ်နယ်နမိတ်နှင့်ဆက်စပ်နေပြီး တောင်ဘက်တွင် တပ်မတော်ထိမ်းချုပ်ရာ မိုင်းယန်း၊ မိုင်းခတ်ဒေသနှင့် ဆက်စပ်နေသည်။
မြို့နယ် (၆) ခု
- မိုင်းပေါက်
- ဟိုတောင်း
- မိုင်းဖျင်
- မိုင်းကာ
- မိုင်းငင်း
အထူးမြို့နယ်များ
- ပန်ခမ်း (ပန်ဆန်း) – UWSA ဌာနချုပ်
- နမ့်တစ်
ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads