ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်

From Wikipedia, the free encyclopedia

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်
Remove ads
အချက်တိုများ ဝပြည် သွေးစည်းရေး တပ်မတော် 佤邦联合军, အင်္ဂလိပ် အမည် ...
Remove ads

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)

  • ရှမ်းပြည်တောင်ပိုင်း UWSA အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း
  • ရှမ်းပြည်မြောက်ပိုင်း UWSA ခေါင်းဆောင် ပေါက်ယိုချမ်း

UWSA တပ်ဖွဲ့၏အဓိကခေါင်းဆောင်များ

တပ်မှူးကြီး ပေါက်ယိုချမ်း
ဒုတပ်မှူးကြီး / စစ်ဦးစီးချုပ် ကျောက်ကျုံးတန်း
ဒုစစ်ဦးစီးချုပ် အိုက်ရုန်း
ဒုစစ်ဦးစီးချုပ် လီလောက်အေး
ဒုစစ်ဦးစီးချုပ် ပေါက်ဆမ်ရိုင်း
ဒုစစ်ဦးစီးချုပ် ဝမ်ခဲ့ချန်
ဒုစစ်ဦးစီးချုပ် လီကော့ဖင်

UWSA စစ်ဌာနချုပ်အား ပန်ဆန်း(ပန်ခမ်း) တွင် အခြေပြုသည်။ စစ်ဌာနချုပ်တွင်

  • ဗဟိုကင်းတပ်မဟာ၊
  • လက်နက်ကြီး တပ်ဖွဲ့၊
  • လေယာဉ်ပစ်ဒုံးကျည်တပ်ဖွဲ့၊
  • ဒုံးကျည်များတပ်ဆင်ထားသော ဒရုံးတပ်ဖွဲ့၊
  • သံချပ်ကာတပ်ဖွဲ့၊
  • လက်ဖြောင့်တပ်ဖွဲ့၊
  • အထူးတပ်ဖွဲ့(ကွန်မင်ဒို)များ ဖွဲ့စည်းထားရှိသည်။

UWSAတပ်ဖွဲ့များတွင် တပ်ဆင်ထားသော အခြေခံ ချေမှုန်းရေးရိုင်ဖယ်များမှာ ပုံစံသစ်များ ပြောင်းလည်းတပ်ဆင်ထားသည်။

အကူပစ်လက်နက်ကြီး တပ်ဖွဲ့တွင် ယခင်ကတပ်ဆင်ထားနိုင်ခဲ့သည့် ၈၂မမ၊ ၁၂၀ မမ မော်တာ၊ ၅၇မမ၊ ၇၅ မော်တာအပြင် ၁၀၅မမ၊ ၁၂၂ မမ ဟော်ဝစ်ဇာအမြောက်မြားပါ တပ်ဆင်ထားသည်ကို ခိုင်လုံသော သတင်းများအရ၎င်း၊ လက်တွေ့လေ့ကျင့်ပစ်ခတ်နေသည့် ဗီဒီယိုမှတ်တမ်းများအရ၎င်း သိရသည်။ လေယာဉ်ပစ်ဒုံးနှင့် ပတ်သက်၍ UWSA ထူထောင်သည့် အနှစ် ၃၀ ပြည့်ပွဲတွင် FN 6/FN 7 အမျိုးအစားဟု ယူဆရသော လေယာဉ်ပစ်ဒုံးကျည်များ ထုတ်ပြသွားသည် ကိုတွေ့ရသည်။ သို့ဖြစ်ရာ လေယာဉ်ပစ်ဒုံးကျည်များ ဝယ်ယူရရှိထားပြီး လေယာဉ် ပစ်ဒုံးကျည်တပ်ဖွဲ့အား လေ့ကျင့်ဖွဲ့စည်းထားရှိပြီဟု သုံးသပ်ရသည်။

ထို့ပြင် UWSA နှစ် ၃၀ ပြည့်ပွဲတွင် ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်များ တပ်ဆင်ထားသည့် ဒရုံးလေယာဉ်ငယ်များ ထုတ်ပြသွားသည်ကို တွေ့ရပေရာ ဒရုံးတပ်ဖွဲ့လည်း ဖွဲ့စည်းထားရှိပြီးဟုသုံးသပ်ရသည်။ နယ်စပ်ဒေသသတင်းများအရနှစ် ၃၀ ပြည့်ပွဲတွင် ထုတ်ပြသည့် ဒရုံးများထက်ကြီးသည့် ဒရုံးလေယာဉ်များလည်း ဝယ်ယူထားရှိသည်ဟုဆိုသည်။ ပန်ဆန်းမြောက်ဘက်တွင် လေယာဉ်ကွင်းငယ်များ တည်ဆောက်ထားသည်ဟုဆိုသည်။ တရုတ် သို့မဟုတ် လာအိုမှထုတ်လုပ်သည်ဟု ယူဆရသည့် သံချပ်ကားများအား UWSA ၏ စစ်ရေးလှုပ်ရှားများတွင် တွေ့ရှိရသည်။ လက်ဖြောင့်တပ်သားသုံး မှန်ပြောင်းတပ်သေနတ်များအား တပ်ဆင်ထားသည်ကို တွေ့ရသည်။

ပန်ဆန်း စစ်ဌာနချုပ်မှ တိုက်ရိုက်အုပ်ချုပ်သည့် စစ်သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး ၂၀၁၉/၂၀ မှစ၍ ၃/၄ နှစ် ဗိုလ်သင်တန်းကျောင်းအား ပန်ဆန်းမြောက်ဘက်တွင် ဖွင့်လှစ်ခဲ့သည်။ ဗိုလ်သင်တန်းကျောင်းအား ဒုတပ်မှူးကြီး ကျောက်ကျုံးတန်းမှ တိုက်ရိုက်အုပ်ချုပ်သည်ဟု ဆိုသည်။ ထို့ပြင် UWSA အနေနှင့် လက်နက်ခဲယမ်း ထုတ်လုပ်သည် စက်ရုံများ ပိုင်ဆိုင်ထားသည်ဟု နယ်စပ်ဒေသရှိအကဲခတ်များက ဆိုသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads