ညီနောင်မဟာမိတ်သုံးဖွဲ့
From Wikipedia, the free encyclopedia
Remove ads
ညီနောင်မဟာမိတ်သုံးဖွဲ့ သည် ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ၂၀၁၉ ဇွန်လမှ စ၍ ဖွဲ့စည်းခဲ့သော မဟာမိတ်အဖွဲ့ ဖြစ်သည်။
၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဆန့်ကျင်နှိမ်နင်းရေးဖြင့် ၂၀၂၃ ခုနှစ်တွင် ပိုမိုထင်ရှားလာသည်။ စစ်အာဏာသိမ်း အစောပိုင်းကာလများက မဟာမိတ်အဖွဲ့သည် ငြိမ်သက်နေခဲ့သော်လည်း ၂၀၂၁ ခုနှစ် မတ်လ တွင် ကြေညာချက်တစ်စောင်ထုတ်ကာ မဟာမိတ်အဖွဲ့ဆက်လက်ရှိနေဆဲကို သိသာစေခဲ့သည်။ မြန်မာ့ပြည်တွင်းစစ်တွင် မဟာမိတ်အဖွဲ့သည် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းများတွင် တိုက်ပွဲများ အဓိက ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။[၃]
Remove ads
ဖြစ်ရပ်များ
၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရန်အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ TNLA နှင့် MNDAA တို့က အပစ်အခတ်ရပ်စဲရေးကာလကို ဇွန် ၂ ရက်မှ ၃၀ ရက်အထိ (၃) ကြိမ်မြောက်အဖြစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။[၄]
အခြားဖတ်ရှုရန်
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads