ဝါဒိုလာ မူအစ်ဇာဒင်

ဘရူနိုင်းနိုင်ငံ၏ ဆူလ်တန် From Wikipedia, the free encyclopedia

ဝါဒိုလာ မူအစ်ဇာဒင်
Remove ads

ဝါဒိုလာ မူအစ်ဇာဒင် (အင်္ဂလိပ်: Sultan Haji Hassanal Bolkiah Mu'izzaddin Waddaulah)သည် ဘရူနိုင်းနိုင်ငံ၏ ဘုရင်ဖြစ်သည်။ ဘုရင်မကြီး ဒုတိယ အယ်လီဇဘက် နတ်ရွာစံပြီး​နောက် လက်ရှိတွင် ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်ဖြစ်သည်။ ဘုရင်မင်းမြတ်သည် ၁၉၄၆-ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်​နေ့တွင် ဘရူနိုင်းမြို့ (ယခု ဘန်ဒါဆရီဘဂါဝမ်မြို့၌ မွေးဖွားသည်။ ဘုရင်မင်းမြတ်သည် ဘရူနိုင်းနိုင်ငံတွင် ဦးစွာ ပညာဆည်းပူးခဲ့ပြီး​နောက် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ သွားရောက်၍ ပညာဆက်လက် ဆည်းပူးခဲ့သည်။ ဘုရင်မင်းမြတ်သည် ၁၉၆၆၊ ၆၇-ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းနိုင်ငံဆင်းဟတ်စ်မြို့ရှိ ဘုရင်စစ်သက္ကသိုလ်တွင် အရာရှိတစ်ဦးအဖြစ်သင်တန်း တက်ရောက်ခဲ့သည်။

အချက်တိုများ (Kebawah Duli Yang Maha Mulia Paduka Seri Baginda) Hassanal Bolkiah, ၂၉ ဦးမြောက် ဆူလတန် နှင့် Yang di-Pertuan of Brunei Darussalam ...

၁၉၆၁-ခုနှစ်၊ အသက် (၁၅)နှစ်အရွယ်တွင် အိမ်ရှေ့မင်းသားအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီး ဖခင်ဖြစ်သူ ဘုရင်ကြီး အယ်မာဟွန်၊ ဆူလ်တန်၊ ဟာဂျီ၊ အိုမာအလီ၊ ဆိုင်ဖူးဒင်း၊ ဆာ့အဒူ၊ ခိုင်ရီ၊ ဝါဒီယန်က ထီးနန်းကို ၎င်း၏ သဘောဆန္ဒအရ စွန့်လွှတ်လွှဲပြောင်းခဲ့သည့်အတွက် ၁၉၆၇-ခုနှစ်၊ အောက်တိုဘာ (၅)ရက်န​ေ့တွင် ဆူလ်တန်ဘုရင်မင်းမြတ် အရိုက်အရာကို အပ်နှင်းခံရပြီး ၁၉၆၈-ခုနှစ်၊ ဩဂုတ်လ(၁)ရက်န​ေ့တွင် ဘရူနိုင်းနိုင်ငံ၏ (၂၉)ဆက်မြောက် ဘုရင်မင်းမြတ်အဖြစ်သို့ ဘိသိက်ခံပါသည်။

ဘုရင်မင်းမြတ်သည် ဘရူနိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်တာဝန်ကို၎င်း၊ ကာကွယ်ရေးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီး၏ တာဝန်များကို၎င်း ပူးတွဲထမ်းဆောင်သည်။ ထို့အပြင် ဘုရင်မင်းမြတ်သည် ဘရူနိုင်းနိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်မှုအာဏာပိုင်ဖြစ်သည်။ ဘုရင်မင်းမြတ်၏ တာဝန်ယူ စီမံအုပ်ချုပ်မှုကို ဝန်ကြီးများအဖွဲ့ကောင်စီ၊ အရိုက်အရာ ဆက်ခံမှုဆိုင်ရာကောင်စီ၊ အကြံပေးကောင်စီနှင့် ဘာသာရေးကောင်စီ စသည့် ကောင်စီများ၏ ပံ့ပိုးထောက်ကူမှုဖြင့် ဆောင်ရွက်သည်။ ဘုရင်မင်းမြတ်သည် ၁၉၇၈-ခုနှစ်တွင် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ လန်ဒန်မြို့သို့ သွားရောက်ခဲ့ပြီး ဘရူနိုင်းဒါရုဆလမ်နိုင်ငံအား အချုပ်အခြာအာဏာ ပိုင်ဆိုင်သော လွတ်လပ်သည့် နိုင်ငံအဖြစ် ပြောင်းလဲ အသိအမှတ်ပြုရန် ဗြိတိသျှ အစိုးရအဖွဲ့နှင့် ဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲ၏ ရလဒ်မှာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်ပြီး စာချုပ်အရ ဗြိတိသျှအစိုးရသည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၏ နိုင်ငံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တာဝန်ရယူထားမှု အားလုံးကို ၁၉၈၄-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်၍ စွန့်လွှတ်ခဲ့သည်။

ဘုရင်မင်းမြတ်သည် မိဖုရား ရာဂျာ၊ အစ်တရီ၊ ပင်ဂျီယန်၊ အနတ်ခ်၊ ဟာဂျာ၊ ဆယ်လ်လီယာနှင့် ကြင်ယာတော် ပင်ဂျီယန်၊ မစ်တရီ၊ ဟာဂျာ၊ မာရီယမ်တို့နှင့် လက်ဆက်ခဲ့ပြီး သားတော် လေးပါးနှင့် သမီးတော် ခြောက်ပါး ရှိသည်။

ဘုရင်မင်းမြတ်သည် ပိုလို၊ စကွပ်ရှ်နှင့် ကြက်တောင်တို့ကို ကစားသည်။ ဘုရင်မင်းမြတ်သည် ရဟတ်ယာဉ်မောင်းရာတွင် ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်သည်။ ဘုရင်မင်းမြတ်သည် Sovereign and Chief of the Family Orders of The Crown of Brunei (DKMB) ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့သည်။ ထို့အပြင် ပြင်ပမှ အခြားဂုဏ်ထူးဆောင်ဘွဲ့များနှင့် တံဆိပ်များကိုလည်း ရရှိခဲ့သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads