ဝီကီဒေတာ

ဝီကီမီဒီယာ နှင့် မျှဝေသူများမှ ပြုပြင်ထားသော အခမဲ့ အသိဉာဏ် အချက်အလက်အစု ပရောဂျက် ဖြစ်သည် From Wikipedia, the free encyclopedia

ဝီကီဒေတာ
Remove ads

ဝီကီဒေတာဆိုသည်မှာ အများမှ ပူးပေါင်းတည်းဖြတ်သည့် အသိပညာအခြေပြု ပရောဂျက်တစ်ခုဖြစ်ပြီး ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ စီမံခန့်ခွဲသည်။ ဝီကီပီးဒီးယားကဲ့သို့ ဝီကီမီဒီယာ ပရောဂျက်များအတွက် ဒေတာရင်းမြစ်များအဖြစ် ပေးနိုင်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။[] Wikimedia Commons ကဲ့သို့ပင် မီဒီယာဖိုင်များအား သိုလှောင်နိုင်ပြီး ထိုဖိုင်များကို ဝီကီမီဒီယာ ပရောဂျက်အားလုံးတွင်  ခွင့်ပြုထားပြီး လွတ်လပ်စွာ တဖန်ပြန်၍ အသုံးပြုနိုင်သည်။ ဝီကီဒေတာကို Wikibase ဆော့ဝဲလ်ဖြင့် လည်ပတ်သည်။[]

အချက်တိုများ ဝဘ်ဆိုဒ် အမျိုးအစား, ဖတ်ရှုရရှိနိုင်မှု ...
Remove ads

သဘောတရား

ဝီကီဒေတာသည် document-oriented database ဖြစ်ပြီး အချက်အလက်များတွင် အဓိကထားသည်။ အချက်အလက်တိုင်းသည် အကြောင်းအရာတစ်ခု (သို့မဟုတ်  ဝီကီပီးဒီးယား ထိန်းသိမ်းရေးအတွက် အသုံးပြုသော အုပ်ချုပ်မှု စာမျက်နှာများ)ကို ကိုယ်စားပြုပြီး ထိုသည်တို့ကို သီးသန့်ကိန်းဂဏန်းများဖြင့် သတ်မှတ်ထားကာ ထိုဂဏန်းများအစတွင် အင်္ဂလိပ်အက္ခရာ Q ဖြင့် စတင်ထားသည်။ ဥပမာအားဖြင့်  နိုင်ငံရေးဟုသော အကြောင်းအရာအတွက် အချက်အလက်မှာ Q7163 ဖြစ်သည်။ 

Thumb
ဤပုံတွင် Wikidata ရှိ အရေးကြီးသော အခေါ်အဝေါ်များကို ပြသထားသည်။
Remove ads

တိုးတက်ပြောင်းလဲလာမှု သမိုင်း

ဤပရောဂျက်အား ဖန်တီးရာတွင် Allen Institute for Artificial Intelligence၊  Gordon and Betty Moore Foundation နှင့် ဂူဂယ် အင်စတီကျူတို့၏ ထောက်ပံ့လှူဒါန်းမှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁.၃ မီလီယံဖြင့် ဖြစ်သည်။[][] အစောပိုင်း ဤပရောဂျက်ကို ဝီကီမီဒီယာ ဂျာမနီမှ ကြီးကြပ်ကွပ်ကဲခဲ့ပြီး အပိုင်းသုံးပိုင်း ခွဲ၍ ဆောင်ရွက်ခဲ့သည်။[]

  1. ဘာသာစကားအချင်းချင်းကြား ချိတ်ဆက်မှုကို ထိန်းချုပ်ကွပ်ကဲခြင်း – မတူညီသော ဘာသာစကားများ ရေးသားထားသော အကြောင်းအရာတူ ဝီကီပီးဒီးယား ဆောင်းပါးများကြား ချိတ်ဆက်ပေးခြင်း
  2. ဝီကီပီးဒီးယားအားလုံးအတွက် infobox data များကို ဗဟိုနေရာအဖြစ် ထောက်ပံ့ပေးခြင်း
  3. ဝီကီဒေတာရှိ အချက်အလက်များတွင် အခြေခံထားသော စာရင်းဆောင်းပါးများအား ဖန်တီးခြင်းနှင့် အဆင့်မြှင့်တင်ခြင်း
Remove ads

လိုဂို"WlKl

လိုဂိုပေါ်ရှိ ဘားများတွင် "WIKI" ဟုသော စကားလုံးကို  မော့ အချက်ပြသင်္ကေတဖြင့် ဝှက်၍ ရေးထားသည်။[]

ကိုးကား

ထပ်မံဖတ်ရှုရန်

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads