Wikimedia Commons
အခမဲ့မီဒီယာသိုလှောင်ရုံ From Wikipedia, the free encyclopedia
Remove ads
Wikimedia Commons (သို့မဟုတ် Commons) သည် လွတ်လပ်စွာ အသုံးပြုနိုင်သော ပုံများ၊ အသံများနှင့် အခြားသော မီဒီယာဖိုင်များကို စုဆောင်းထားရှိသည့် အွန်လိုင်းပြတိုက်ကြီးတစ်ခုဖြစ်ကာ[၂] ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ပရောဂျက်တစ်ခု ဖြစ်သည်။
Wikimedia Commons တွင်ရှိသော ဖိုင်များကို ဝီကီပီးဒီးယား၊ ဝီကီစာအုပ်၊ ဝီကီခရီးသွား၊ ဝီကီမျိုးစိတ်၊ ဝီကီရင်းမြစ်၊ နှင့် ဝီကီသတင်း စသည့် ဝီကီမီဒီယာ ပရောဂျက်များအားလုံးတွင် အသုံးပြုနိုင်သည်။[၃] ၂၀၁၈ ခုနှစ်တွင် Wikimeia Commons ပေါ်တွင် မီဒီယာဖိုင်ပေါင်း ၄၈ သန်းကျော် ရှိနေပြီဖြစ်သည်။[၄] ၂၀၁၃ ခုနှစ် ဇူလိုင်လ၌ Commons တွင် တည်းဖြတ်မှုအကြိမ်ရေပေါင်း ၁၀၀,၀၀၀,၀၀၀ သို့ ရောက်ရှိခဲ့သည်။[၅]
Remove ads
သမိုင်းကြောင်း
ပရောဂျက်ကို Erik Möller မှ ၂၀၀၄ ခုနှစ် မတ်လတွင် အဆိုပြုခဲ့ပြီး[၆] ၂၀၀၄ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် စတင်လွှင့်တင်ခဲ့သည်။[၇][၈] Commons မရှိခဲ့မီက တူညီသောဖိုင်များကို ဝီကီအမျိုးမျိုးတွင် သီးခြားစီ ဖိုင်တင်နေခဲ့ရခြင်းကြောင့် ဝီကီမီဒီယာ ပရောဂျက်များနှင့် ဘာသာစကားဆိုဒ်များတွင် ထပ်တူညီဖိုင်များကို လျော့ကျနိုင်စေရန် အတွက် တည်ထောင်ခဲ့ရခြင်း ဖြစ်သည်။
များစွာသော ညီအစ်မပရောဂျက်များ (ဥပမာ ဒတ်ချ်၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ စပိန်၊ ဘူဂေးရီးယား၊ ပိုလန်၊ ချက် နှင့် ဆလိုဗက်ဝီကီပီးဒီးယားများ)သည် သူတို့၏ မီဒီယာဖိုင်များကို Commons ပေါ်သို့ ရွှေ့ပြောင်းခဲ့ပြီး ဒေသဆိုင်ရာဝီကီပီးဒီးယားတွင် ဖိုင်တင်ခြင်းကို ရပ်တန့်ခဲ့သည်။ အင်္ဂလိပ်ဝီကီပီးဒီးယားကဲ့သို့သော အချို့ပရောဂျက်များတွင်မူ Commons တွင် လက်ခံနိုင်ခြင်းမရှိသော မူပိုင်ခွင့်မူဝါဒဆိုင်ရာ တိုင်ကြားချက်များရှိသည့် ဖိုင်များအား ၎င်းတို့ထံတွင် တင်ထားခြင်းနှင့် ထိန်းသိမ်းထားခြင်းကို ခွင့်ပြုထားသည်။
Remove ads
မူဝါဒများ
Wikimedia Commons ၏ ရည်ရွယ်ချက်မှာ "မူပိုင်ခွင့် ကင်းလွတ်သော ပညာရေးဆိုင်ရာ မီဒီယာများကို လွတ်လပ်စွာ ရယူနိုင်ရန်နှင့် ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ပရောဂျက်အမျိုးမျိုးအတွက် ဘုံမီဒီယာဘဏ်တိုက်အဖြစ် ထောက်ပံ့ပေးနိုင်မည့်" မီဒီယာဖိုင်ဘဏ်တိုက်အဖြစ် ထောက်ပံ့ပေးနိုင်ရန် ဖြစ်သည်။ "ပညာရေးဆိုင်ရာ" ဟု ဆိုရာတွင် "အသိအလိမ္မာ ထောက်ပံ့ပေးခြင်း၊ သင်ကြားပို့ချမှုဆိုင်ရာ နှင့် အသိအမြင်ပေးရန်" ဟူ၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်ရန် ဖြစ်သည်။[၉]
Wikimedia Commons တွင် မူပိုင်ခွင့်ရှိသော၊ အခမဲ့လွတ်လပ်သည့် လိုင်စင်မဟုတ်သော၊ စီးပွားရေးဆိုင်ရာများတွင် အသုံးပြုရန်ဖြစ်သော၊ သို့မဟုတ် ဆင့်ပွားဖန်တီးမှုများဖြစ်သည့် ဖိုင်များအား တင်ခြင်းကို ခွင့်မပြုပေ။ ဤအကြောင်းပြချက်ကြောင့် Wikimedia Commons သည် မူပိုင်ခွင့် လွတ်လပ်သော ဖိုင်များကို အမြဲလွှင့်တင်ပေးထားကာ မူပိုင်ခွင့်ချိုးဖောက်မှုများအား အမြဲ ဖျက်ပစ်ပါသည်။ လက်ခံနိုင်သည့် လိုင်စင်အမျိုးအစားများတွင် GNU Free Documentation License, Creative Commons Attribution and Attribution/ShareAlike လိုင်စင်များ၊[၁၀] အခြားသော အခမဲ့အကြောင်းအရာများနှင့် အခမဲ့ဆော့ဖ်ဝဲလ်လိုင်စင်များနှင့် public domain တို့ပါဝင်သည်။
Remove ads
အကြောင်းအရာကိန်းဂဏန်းများ

ရင်းမြစ်: commons:Commons:Milestones
- နိုဝင်ဘာ ၃၀၊ ၂၀၀၆ - မီဒီယာဖိုင် ၁ သန်း
- စက်တင်ဘာ ၂၊ ၂၀၀၉ - မီဒီယာဖိုင် ၅ သန်း
- ဧပြီ ၁၅၊ ၂၀၁၁ - မီဒီယာဖိုင် ၁၀ သန်း
- ဒီဇင်ဘာ ၄၊ ၂၀၁၂ - မီဒီယာဖိုင် ၁၅ သန်း
- ဇူလိုင် ၁၄၊ ၂၀၁၃ - တည်းဖြတ်မှုပေါင်း ၁၀၀,၀၀၀,၀၀၀[၅]
- ဇန်နဝါရီ ၂၅၊ ၂၀၁၄ - မီဒီယာဖိုင် သန်း ၂၀
- ဇန်နဝါရီ ၁၃၊ ၂၀၁၆ - မီဒီယာဖိုင် သန်း ၃၀
- လက်ရှိကိန်းဂဏန်းများ - Commons:Special:Statistics
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads